Pages

Tuesday, September 24, 2013

*** အင်ဂျင်နီယာ များသတိထား *** (ဟာသ)

RangonNewsDaily:: September 24, 2013

ဓာတုဗေဒ ပညာရှင်တစ်ဦး ဇီဝဗေဒ ပညာရှင်တစ်ဦး လျှပ်စစ် အင်ဂျင်နီယာ ပညာရှင်တစ်ဦး တို့ လျှပ်စစ်ထိုင်ခုန်ဖြင့် စီရင်ရမည်ဟု ပြစ်ဒဏ်ချလိုက်သည်။::
ပြစ်ဒဏ် စီရင်မည့်နေ့ တွင် အဆိုပါ သုံးဦးစလုံး ကိုတာဝန်ရှိသူ များက လျှပ်စစ်ထိုင်ခုံ ရှိရာ အခန်းသို့ ခေါ်ဆောင်လာသည်။

ပထမဦစွာ ဓာတုဗေဒ ပညာရှင်ကို ကုလားထိုင်တွင် ထိုင်စေသည်။
တာဝန်ရှိသူ ။ ။ ဘာမှာစရာရှိသေးလဲ။
::
ဓာတုဗေဒ ပညာရှင် ။ ။ ဘာမှ မပြောချင်တော့ဘူး။
::
ပါးကွက်သားတစ်ဦးက မိန်းတင်လိုက်သည်။ သို့ သော် ကုလားထိုင်သို့ လျှပ်စစ်ဓါတ်မရောက်ပေ။ ထို့ ကြောင့် တည်ဆဲ ဥပဒေအရ ဓာတုဗေဒ ပညာရှင်မှာ အမူမှ တရားသေလွတ်မြောက်သွား၏။
::
ဇီဝဗေဒ ပညာရှင်အလှည်သို့  ရောက်သည်။
တာဝန်ရှိသူ ။ ။ ဘာမှာခဲ့ ဦးမလဲ ။
ဇီဝဗေဒ ပညာရှင် ။ ။ ပြောချင်တာတွေရှိတယ် ။ ဒါဗေမယ့် မပြောတော့ဘူး ။
မိန်းတင်လိုက်ပြန်သည် ။ သို့ သော် ကုလားထိုင်သို့ လျှပ်စစ်ဓါတ်မရောက်ပေ။ ဇီဝဗေဒ ပညာရှင် လွတ်မြောက်သွားပြန်၏။
::
လျှပ်စစ်အင်ဂျင်နီယာ ပညာရှင်အလှည်သို့  ရောက်သည်။
တာဝန်ရှိသူ ။ ။ဘာများမှာချင်တာရှိသေးလဲ ။
လျှပ်စစ်အင်ဂျင်နီယာ ။ ။ ပြောမှဖြစ်မယ့် ဟာကို အားမနာ တမ်းပြောရမှာ ကျွန်တော်ပဲ ။ ခင်ဗျားတို့  မိန်းကထွက်တဲ့  အဖိုဓာတ် ကြိုးတစ်စလွတ်နေလို့ ဒီကုလားထိုင်ခုံကို currentမ၀င်တာ ။
အဖိုကြိုးဆိုတာ အနီရောင်လေး။ သေချာကြည့် ။
::
တာဝန်ရှိသူများက ကျေးဇူးတင်ကြောင်းပြောပြီး အဖိုကြိုးကိုပြန်ဆက်ကာ မိန်းတင်လိုက်၏ ။

စိတ္တဇ ဟာသများ::--RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment