Pages

Thursday, February 21, 2013

ခေါင်းကျကျ၊ ပန်းကျကျ အုပ်ချုပ်ရေးမှူးစားတယ်၊ လယ်သမားတွေက ဒေါင်လိုက်ကျမှ စားရမယ်

ခေါင်းကျကျ၊ ပန်းကျကျ အုပ်ချုပ်ရေးမှူးစားတယ်၊ လယ်သမားတွေက ဒေါင်လိုက်ကျမှ စားရမယ် 
( The Hot News )

လပွတ္တာခရိုင်-မော်လမြိုင် ကျွန်းမြို့နယ်-ချောင်းဖျားအုပ်စု မျက်တိုအုပ်စု-ရွှေလုံးကွင်းအုပ်စု- ပလွန်စာရွာမ-လေးအုပ်စု၏ အုပ် ချုပ်ရေးမှူး ကိုသန်းဌေးနှင့် ကျေး ရွာဘဏ်အတွင်းရေးမှူး ဦးဟန် ထွန်းတို့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား (၁၁၉)ဦး၏လယ်ဧက (၄၈၉)ဧက အတွက် ငွေ ၃၉၁ သိန်း ၂ သောင်းကို ဇန်န၀ါရီလ ၁၁ ရက် က ထုတ်ယူလာကြောင်း လယ် သမားကြီးဦးဖိုးထွားနှင့် ဦးကျော် ထွန်းတို့ ပြောပြ၍ သိရှိရပါ သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၅)ရက်တွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ-ဦးကျော်မင်းကြည်နှင့် တွေ့ဆုံ၍ မေးမြန်းရာတွင် မန် နေဂျာက ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဘဏ်အတွင်းရေးမှူးတို့ စာရင်းရေးဆွဲတင်ပြသော စပါး စိုက်လယ်သမား(၁၁၉)ယောက် လယ်ဧက ၄၈၉ ဧကအတွက် ရုံး တွင် ထုတ်ပေးလိုက်ကြောင်း ပြောပြပါသည်။
လယ်သမားကြီး ဦးကျော် ထွန်းက ပြောပြရာတွင် ဇန်န၀ါရီလ ၁၂ ရက်တွင် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးအိမ် ၌ ၁ဖွဲ့၊ ဘဏ်အတွင်းရေးမှူး အိမ်၌ ၁ဖွဲ့ထုတ်ပေးကြောင်း လယ်ဧက ၂၀၀ ခန့်အတွက် လယ်သမားများအား ငွေထုတ် နေသည်ကို တွေ့မြင်ခဲ့ကြောင်း ပြောပါသည်။
ဦးဖိုးထွားက ပြောပြရာတွင် ၄၈၉ ဧကအတွက် ငွေထုတ်ယူ လာပြီး လယ်ဧက ၂၀၀ ခန့်သာ ငွေထုတ်ပေး၍ ကျန် ၂၈၉ ဧက ခန့်ကို ငွေထုတ်မပေးကြောင်း၊ လယ်သမားများကိုယ်စား ရင်ဖွင့် ပြောကြား၍ သိရှိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ၃၉၁ သိန်း ၂သောင်းမှာ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက် ပျိုးသည့် လယ်သမားများကို ထုတ်ပေးခြင်းဖြစ်သော်လည်း ငွေ ထုတ်ပေးရာတွင် ပဲစိုက်သူတချို့ ကိုပါ ထုတ်ပေးခဲ့ပြီး၊ အခြားပဲ စိုက်သူများမရရှိခြင်း၊ စပါးစိုက်သူ အချို့မရရှိခြင်းများကြောင့် ၎င်းင်း တို့၏ ငွေထုတ်ပေးပုံမှာ လက် သင့်ရာထုတ်ပေးနေသကဲ့သို့ ဖြစ် နေကြောင်း လယ်သမားများ အား ပြောသည်။

အရိန္နမာ(ဘိုကလေး)

http://www.hotnewsweekly.com/archives/17492


လပွတ္တာခရိုင်-မော်လမြိုင် ကျွန်းမြို့နယ်-ချောင်းဖျားအုပ်
စု မျက်တိုအုပ်စု-ရွှေလုံးကွင်းအုပ်စု- ပလွန်စာရွာမ-လေးအုပ်စု၏ အုပ် ချုပ်ရေးမှူး ကိုသန်းဌေးနှင့် ကျေး ရွာဘဏ်အတွင်းရေးမှူး ဦးဟန် ထွန်းတို့သည် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်သမား (၁၁၉)ဦး၏လယ်ဧက (၄၈၉)ဧက အတွက် ငွေ ၃၉၁ သိန်း ၂ သောင်းကို ဇန်န၀ါရီလ ၁၁ ရက် က ထုတ်ယူလာကြောင်း လယ် သမားကြီးဦးဖိုးထွားနှင့် ဦးကျော် ထွန်းတို့ ပြောပြ၍ သိရှိရပါ သည်။၎င်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၁၅)ရက်တွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ-ဦးကျော်မင်းကြည်နှင့် တွေ့ဆုံ၍ မေးမြန်းရာတွင် မန် နေဂျာက ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဘဏ်အတွင်းရေးမှူးတို့ စာရင်းရေးဆွဲတင်ပြသော စပါး စိုက်လယ်သမား(၁၁၉)ယောက် လယ်ဧက ၄၈၉ ဧကအတွက် ရုံး တွင် ထုတ်ပေးလိုက်ကြောင်း ပြောပြပါသည်။

လယ်သမားကြီး ဦးကျော် ထွန်းက ပြောပြရာတွင် ဇန်န၀ါရီလ ၁၂ ရက်တွင် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးအိမ် ၌ ၁ဖွဲ့၊ ဘဏ်အတွင်းရေးမှူး အိမ်၌ ၁ဖွဲ့ထုတ်ပေးကြောင်း လယ်ဧက ၂၀၀ ခန့်အတွက် လယ်သမားများအား ငွေထုတ် နေသည်ကို တွေ့မြင်ခဲ့ကြောင်း ပြောပါသည်။

ဦးဖိုးထွားက ပြောပြရာတွင် ၄၈၉ ဧကအတွက် ငွေထုတ်ယူ လာပြီး လယ်ဧက ၂၀၀ ခန့်သာ ငွေထုတ်ပေး၍ ကျန် ၂၈၉ ဧက ခန့်ကို ငွေထုတ်မပေးကြောင်း၊ လယ်သမားများကိုယ်စား ရင်ဖွင့် ပြောကြား၍ သိရှိရသည်။
အဆိုပါ စိုက်ပျိုးစရိတ် ၃၉၁ သိန်း ၂သောင်းမှာ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က စပါးစိုက် ပျိုးသည့် လယ်သမားများကို ထုတ်ပေးခြင်းဖြစ်သော်လည်း ငွေ ထုတ်ပေးရာတွင် ပဲစိုက်သူတချို့ ကိုပါ ထုတ်ပေးခဲ့ပြီး၊ အခြားပဲ စိုက်သူများမရရှိခြင်း၊ စပါးစိုက်သူ အချို့မရရှိခြင်းများကြောင့် ၎င်းင်း တို့၏ ငွေထုတ်ပေးပုံမှာ လက် သင့်ရာထုတ်ပေးနေသကဲ့သို့ ဖြစ် နေကြောင်း လယ်သမားများ အား ပြောသည်။

အရိန္နမာ(ဘိုကလေး)
RND:21.2.2013
( The Hot News )

0 comments:

Post a Comment