Photo: NationalYemen.com |
ယီမင်နိုင်ငံတွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ
အနည်းဆုံး လူ(၁၀)ဦးမျှ သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အင်္ဂါနေ့က တိုက်လေယာဉ် တစ်စင်းသည် မြို့တော် ဆာနားရှိ လူနေထူထပ်သော ရပ်ကွက်
တစ်ခုသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Sabaသတင်းစာက
ဖော်ပြခဲ့သည်။ Sukhoi 22 အမျိုးအစား ရုရှားလုပ် တိုက်လေယာဉ် ပျက်ကျမှုအတွင်း
လူ(၁၀)ဦး သေဆုံးပြီး ကလေးငယ် (၂)ဦး ပါဝင်ကြောင်းလည်း သိရသည်။ ယခုအခါ
လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး မှတ်တမ်းများ ရရှိမည့် သေတ္တာနက်ကို ရှာဖွေ
တွေ့ရှိထားပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက
အဆိုပါ ကိစ္စအတွက် အလေးအနက် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု
ပြောဆိုထားသည်။
Photo: NationalYemen.com |
လုံခြုံရေး ကော်မရှင်က သေဆုံးသူများအနက် လေယာဉ်ပိုင်းလော့ဖြစ်သူ
လေတပ်ဗိုလ်ကြီး မိုဟာမက် ရှာခါလည်း ပါဝင်ပြီး ကလေးငယ် (၂)ဦးနှင့်
အမျိုးသမီး (၃)ဦးလည်း သေဆုံးကြောင်း ပြောဆိုခဲ့သည်။ အနီးအနားမှ
အဆောက်အအုံများ ထိခိုက် ပျက်စီးသလို လူနေထူထပ်သည့် နေရာ ဖြစ်ခြင်းကြောင့်
ဒဏ်ရာရသူ အရေအတွက်မှာလည်း (၁၇)ဦးထိ ရှိခဲ့ကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ လေယာဉ်မှူးသည် မပျက်ကျမီ လေဆိပ်မျှော်စင်ထံ ဆက်သွယ်ကာ
ဆင်းသက်ခွင့် တောင်းဆိုခဲ့သေးကြောင်းလည်း သိရသည်။
"ဆာနားက လေဆိပ်ကို လှမ်းဆက်သွယ်ပြီး ဆင်းခွင့်တောင်းတာပါ။ မျှော်စင်က ခွင့်ပြုကြောင်း အကြောင်းပြန်ပြီး စက္ကန့်ပိုင်းလောက် အချိန်လေးမှာတင် လေယာဉ်က ထိုးဆင်းလာတာ ဖြစ်ပါတယ်"ဟု စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
"ဆာနားက လေဆိပ်ကို လှမ်းဆက်သွယ်ပြီး ဆင်းခွင့်တောင်းတာပါ။ မျှော်စင်က ခွင့်ပြုကြောင်း အကြောင်းပြန်ပြီး စက္ကန့်ပိုင်းလောက် အချိန်လေးမှာတင် လေယာဉ်က ထိုးဆင်းလာတာ ဖြစ်ပါတယ်"ဟု စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယာဉ် ပျက်ကျသည့် နေရာတွင် ပေါက်ကွဲသံကြီး ကြားခဲ့ရပြီးနောက် မီးခိုးလုံး မည်းမည်းများ တက်လာသည်
ကို မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဆာနားတွင် (၂၀၁၂)ခုနှစ် နိုဝင်ဘာလကလည်း ရုရှားလုပ် Antonov စစ်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ(၁၀)ဦး သေကြေခဲ့ဖူးသည်။
RND: 21.2.2013
Source: XinhuaNet,
0 comments:
Post a Comment