Pages

Thursday, February 21, 2013

ချစ်သူကို သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ကြောင်း တရားရုံးတွင် အော်စကာ ထွက်ဆို


မိမိ၏ ချစ်သူ မိန်းကလေးကို သတ်ဖြတ်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဟု ကမ္ဘာကျော် မသန်စွမ်း အပြေးသ
မား အော်စကာ ပစ်တိုရီးရက်စ်က တရားရုံးတွင် ပြောကြားလိုက်သည်။ တောင်အာဖရိက၏  ရွှေရောင်စုံတွဲ
ဟု တင်စားခံရသည့် အော်စကာနှင့် ချစ်သူ နာမည်ကျော် အလှမယ် ရီဗာ စတင်းကမ့်ပ်တို့သည် Valentine's Dayက သေနတ်ပစ်မှုအတွင်း သေကွဲ ကွဲကွာခဲ့သည်။
အော်စကာသည် ၎င်း၏ ချစ်သူကို သေနတ်ဖြင့် ကိုယ်တိုင် ပစ်သတ်မှုအတွက် ယခုအခါ တောင်အာဖရိက တရားရုံးတွင် အမှု ရင်ဆိုင်နေရပြီ ဖြစ်သည်။ အော်စကာက မိမိသည် ရီဗာကို သော့ခတ်ထားသည့် ရေချိုး
ခန်း တံခါးကို ဖောက်၍ ပစ်ခတ်ခဲ့ပြီး ယင်းမှာ အိမ်ထဲသို့ ကျူးကျော်လာသူတစ်ဦးအဖြစ်အထင်မှား၍သာ ဖြစ်
ကြာင်း ထွက်ဆိုခဲ့သည်။

"ကျွန်တော့်အတွက် ခုကိစ္စဟာ တကယ့်ကို အရှက်ရ ကြေကွဲစရာပါ။ ကျွန်တော် တကယ်ချစ်တဲ့ ရီဗာကို ဆုံး

ရှုံးခဲ့တာ အရမ်း တုန်လှုပ်မိပါတယ်"ဟုလည်း မွေးရာပါ ခြေနှစ်ဖက်လုံး မရှိသည့် အားကစားသမားက ဆို
သည်။ 

Blade Runnerဟု နာမည်ကျော်သည့် အသက်(၂၆)နှစ်အရွယ်အားကစားသမားသည်တရားရုံးတွင်အစစ်ဆေး
ခံနေစဉ် မျက်ရည်များ ကျနေကြောင်းလည်း မျက်မြင်များက ပြောဆိုခဲ့သည်။

ကျွန်တော်တို့ နှစ်ယောက် အရမ်းချစ်ကြသလို ကျွန်တော်တို့လောက် ပျော်ရွှင်ခဲ့သူတွေ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော့် မိန်းကလေးကို သတ်ဖို့ ကျွန်တော့်မှာ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ သူက ကျွန်တော့် လက်ထဲ
မှာတင် သေဆုံးသွားတာပါ"ဟုလည်း အင်္ဂါနေ့ တရားခွင်တွင် အော်စကာက ဖွင့်ဟ ပြောကြားသွားသည်။



"အော်စကာအရမ်းကြေကွဲထိခိုက်နေပါတယ်ဟုသတင်းထောက်များနှင့် တွေ့ဆုံရာတွင် ၎င်း၏ ပြန်ကြားရေး
 မန်နေဂျာ စတူးဝပ် ဟက်ဂင်းစ်က ပြောကြားခဲ့သည်။ 

ရီဗာကို သူမ၏ မွေးရပ်မြို့ ပေါ့တ်အဲလိဇဘက်သ်တွင် ကြေကွဲဖွယ် မိသားစု ဈာပန အခမ်းအနား တစ်ရပ်ဖြင့်
 မြှုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ အော်စကာသည် လတ်တလောတွင် အာမခံ မရဘဲ ချုပ်နှောင် ခံထားရပြီး လူသတ်
မှုဖြင့် တရားစွဲဆို ခံထားရသည်။ 

အကယ်၍ ပြစ်မှုထင်ရှားပါက ၎င်းအတွက် အမြင့်ဆုံး ပြစ်ဒဏ်သည် ထောင်ဒဏ်တစ်သက် ဖြစ်သည်။ မှုခင်း စစ်ဆေးသည့် အရာရှိများ၏ အဆိုအရရီဗာသည် ရေချိုးခန်းထဲတွင် ရှိနေစဉ် 9mm ပစ္စတိုဖြင့် (၄)ချက် အပစ်
ခံရပြီး သူမကို (၃)ချက် ထိမှန်ခဲ့ကြောင်း သိရှိရသည်။

Source: HindustanTimes, 

RND: 20.2.2013
Planet Myanmar Network:

0 comments:

Post a Comment