Pages

Thursday, February 21, 2013

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက ဘုရင့်နောင် (အိုဝမ်း)ဆိပ်ကမ်းရှိ မြ၀တီ (၀၀၃) ရေယာဉ်မှ ပုဂ္ဂလိက ဆီဝယ်ရေယာဉ် 'အောင်သုခဧရာ' တွန်းသဘောင်္နှင့် 'ကောင်းမြတ်ကျော်'  တွဲရေယာဉ်များသို့ ဘေးချဉ်းယှဉ်၍ စက်သုံးဆီ ဒီဇယ်များကို ဖလိုမီတာဖြင့်ရောင်းချနေစဉ် ညနေ ၅ နာရီ ၅ မိနစ်၌ ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆီတင်ယာဉ် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးဖွဲ့၍ စစ်ဆေးခဲ့ရာ ဓာတုတုံ့ပြန်မှုကြောင့် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အတည်ပြုသည်။

၎င်းကပင် "ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလိုက်တဲ့အခါ ဓာတုတုံ့ပြန်မှုတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်" ဟု ပြောသည်။

အဆိုပါ ဓာတုတုံ့ပြန်မှုကို ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက "လေနဲ့လောင်စာဆီ အငွေ့ဟာ မှန်ကန်တဲ့အချိုးတစ်ခုမှာ ပေါက်ကွဲမှု
ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုက နိုင်လွန်တို့၊ ပလတ်စတစ်တို့လို အရာမျိုးနဲ့ လောင်စာဆီတစ်မျိုးမျိုးကို ခပ်ယူရင်လည်း ဒီလိုမျိုးဖြစ်စဉ်
ဖြစ်ပေါ်နိုင်ပါတယ်" ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် နှစ်နာရီခန့် ဆီတွဲယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ဆီတင်ယာဉ်တစ်စီး၊ စက်လှေနှစ်စီး နစ်မြှုပ်ခဲ့ပြီး လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်

Eleven Media Group
ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက ဘုရင့်နောင် (အိုဝမ်း)ဆိပ်ကမ်းရှိ မြ၀တီ (၀၀၃) ရေယာဉ်မှ ပုဂ္ဂလိက ဆီဝယ်ရေယာဉ် 'အောင်သုခဧရာ' တွန်းသဘောင်္နှင့် 'ကောင်းမြတ်ကျော်' တွဲရေယာဉ်များသို့ ဘေးချဉ်းယှဉ်၍ စက်သုံးဆီ ဒီဇယ်များကို ဖလိုမီတာဖြင့်ရောင်းချနေစဉ် ညနေ ၅ နာရီ ၅ မိနစ်၌ ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆီတင်ယာဉ် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးဖွဲ့၍ စစ်ဆေးခဲ့ရာ ဓာတုတုံ့ပြန်မှုကြောင့် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အတည်ပြုသည်။

၎င်းကပင် "ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလိုက်တဲ့အခါ ဓာတုတုံ့ပြန်မှုတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်" ဟု ပြောသည်။

အဆိုပါ ဓာတုတုံ့ပြန်မှုကို ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက "လေနဲ့လောင်စာဆီ အငွေ့ဟာ မှန်ကန်တဲ့အချိုးတစ်ခုမှာ ပေါက်ကွဲမှု
ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုက နိုင်လွန်တို့၊ ပလတ်စတစ်တို့လို အရာမျိုးနဲ့ လောင်စာဆီတစ်မျိုးမျိုးကို ခပ်ယူရင်လည်း ဒီလိုမျိုးဖြစ်စဉ်
ဖြစ်ပေါ်နိုင်ပါတယ်" ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် နှစ်နာရီခန့် ဆီတွဲယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ဆီတင်ယာဉ်တစ်စီး၊ စက်လှေနှစ်စီး နစ်မြှုပ်ခဲ့ပြီး လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

 

RND:21.2.2013
Eleven Media Group

0 comments:

Post a Comment