Pages

Thursday, February 21, 2013

အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရမှု တောင်တွင်းကြီးမြို့၌ဖြစ်ပွား

February 21, 2013Home, သတင်း 

တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ရတနာပွင့်လှကန်တော်ကြီးဘောင် ပေါ်တွင် နံနက်စောစော လမ်း လျှောက်နေသော အမျိုးသမီး တစ်ဦးထံမှ အမျိုးသားတစ်ဦးက ဓားထောက်၍ ရွှေဆွဲကြိုးဖြတ် လုထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ (၂၀-၂-၂၀၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ (ဘ) ဦးမြင့်လှိုင်၏သမီး မသန်းသန်းနု (၄၃)နှစ်သည် ရတနာပွင့်လှ ကန်တော်ကြီးအတိုင်း တံတားမှ ကူး၍ အတွင်းရှိဂေါက်ကွင်းဘေး လမ်းအတိုင်း အရှေ့မြောက်ဘက် သို့ လမ်းလျှောက်ရာ ၎င်းလမ်း အတိုင်း မျက်နှာချင်းဆိုင်ဘက်မှ ဂျင်းအင်္ကျီ/ဂျင်းဘောင်းဘီအပြာ ရောင်ဝတ်ထားသည့် လူငယ်တစ် ဦး လမ်းလျှောက်လာသည်ကို တွေ့ရကြောင်း၊ မသန်းသန်းနု သည် ကံဘောင်အတိုင်း ဆက် လျှောက်စဉ် ဂေါက်ကွင်းအနောက် မြောက်ဘက်ထောင့်သို့အရောက် ၎င်းလူငယ်သည် နောက်မှလိုက် လာပြီး မသန်းသန်းနုအား နောက် မှ ၀ဲဘက်လက်နှင့် သိုင်းဖက်ကာ ယာဘက်လက်မှ ဓားကိုင်၍ လည်ပင်းအား ထောက်ထား ကြောင်း၊ ၀ဲဘက်လက်နှင့် မသန်း သန်းနု၏ ပါးစပ်အားပိတ်၍ မအော်ရန်ပြောကြောင်း၊ ၎င်း မသန်းသန်းနုမှ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းရင်း ရုန်းကန်ရာ ၀ဲဘက်လက်သန်း အား ဓားထိ၍ ပျက်ရှဒဏ်ရာ ရရှိကြောင်း အဆိုပါလူငယ်မှ ဓားကိုအောက်သို့ချပြီး ၎င်း၏ လည်ပင်းတွင် ၀တ်ဆင်ထားသော အလေးချိန်(၃)မတ်သားခန့်ရှိ စက်ကြိတ်ကြိုးပြား ဆွဲကြိုးပိုက် ဆံအိတ်ပုံဆွဲပြားပါ တန်ဖိုး (၅၀၀၀၀၀)ကျပ်ခန့်အား ဆောင့် ဆွဲယူပြီး ဓားကောက်ယူကာ ထွက်ပြေးသွားကြောင်း ၎င်းလူ ပုံသဏ္ဌာန်မှာ ဆံပင်တို၊ လှန်ဖီး ထား၊ မျက်နှာသွယ်၊ ကိုယ်လုံး သင့်၊ အရပ်(၅)ပေ (၂)လက်မခန့် ဂျင်းပြာအင်္ကျီလက်ရှည်၊ ဘောင်း ဘီရှည်ဝတ်ထား၊ လူမြင်လျှင် မှတ်မိကြောင်း၊ ၎င်းလူငယ်သည် ဆွဲကြိုးစား စောင့်ဆွဲယူပြီး ဓား ကောက်ယူထွက်ပြေးသွားရာ ကိုက်(၂၀)ကျော်ခန့် အရောက် လမ်းအကွေ့တွင် ရပ်ထားသော စက်ဘီးအား စီးနင်း၍ ဂေါက် ကွင်းအရှေ့ဘက်လမ်းအတိုင်း တောင်ဘက်သို့ နင်းသွားကြောင်း၊ ထိုအချိန် ပေ(၂၀၀)ခန့်တွင် ဦး သံချောင်းနှင့် ဦးခင်မောင်မြင့်တို့ လေ့ကျင့်ခန်းပြုလုပ်နေသည်ကို တွေ့မြင်၍ အကူအညီတောင်းခံ ကြောင်းပြောပြသိရသည်ဆို၏။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓား နှင့်ခြိမ်းခြောက်ပြီး ဆွဲကြိုးအား စောင့်ဆွဲယူသူ အမျိုးသားအား စုံစမ်းအရေးယူပေးပါရန် မသန်းသန်းနုမှ တောင်တွင်းကြီးမြို့မရဲ စခန်းသို့ တရားလိုပြုလုပ်တိုင် တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၃၉/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၉၂ အရ အမှုရေးဖွင့်ထား ပြီး တရားခံအမြန်ဖမ်းဆီးရမိနိုင် ရေးနှင့်သက်သေခံပစ္စည်း သိမ်း ဆည်းရမိနိုင်ရေးအတွက် စုံစမ်း လျက်ရှိကြောင်းသိရသည်။
 
ဟင်္သာ(တောင်တွင်းကြီး)

အေးချမ်းမွန်(အဲဆာန်မန်) မှ  The Hot News တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

February 21, 2013
တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်(၁)ရပ်ကွက်အတွင်းရှိ ရတနာပွင့်လှကန်တော်ကြီးဘောင် ပေါ်တွင် နံနက်စောစော လမ်း လျှောက်နေသော အမျိုးသမီး တစ်ဦးထံမှ အမျိုးသားတစ်ဦးက ဓားထောက်၍ ရွှေဆွဲကြိုးဖြတ် လုထွက်ပြေးသွားကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ (၂၀-၂-၂၀၁၃)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်နေ (ဘ) ဦးမြင့်လှိုင်၏သမီး မသန်းသန်းနု (၄၃)နှစ်သည် ရတနာပွင့်လှ ကန်တော်ကြီးအတိုင်း တံတားမှ ကူး၍ အတွင်းရှိဂေါက်ကွင်းဘေး လမ်းအတိုင်း အရှေ့မြောက်ဘက် သို့ လမ်းလျှောက်ရာ
၎င်းလမ်း အတိုင်း မျက်နှာချင်းဆိုင်ဘက်မှ ဂျင်းအင်္ကျီ/ဂျင်းဘောင်းဘီအပြာ ရောင်ဝတ်ထားသည့် လူငယ်တစ် ဦး လမ်းလျှောက်လာသည်ကို တွေ့ရကြောင်း၊ မသန်းသန်းနု သည် ကံဘောင်အတိုင်း ဆက် လျှောက်စဉ် ဂေါက်ကွင်းအနောက် မြောက်ဘက်ထောင့်သို့အရောက် ၎င်းလူငယ်သည် နောက်မှလိုက် လာပြီး မသန်းသန်းနုအား နောက် မှ ၀ဲဘက်လက်နှင့် သိုင်းဖက်ကာ ယာဘက်လက်မှ ဓားကိုင်၍ လည်ပင်းအား ထောက်ထား ကြောင်း၊
 
ဝဲဘက်လက်နှင့် မသန်း သန်းနု၏ ပါးစပ်အားပိတ်၍ မအော်ရန်ပြောကြောင်း၊ ၎င်း မသန်းသန်းနုမှ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းရင်း ရုန်းကန်ရာ ၀ဲဘက်လက်သန်း အား ဓားထိ၍ ပျက်ရှဒဏ်ရာ ရရှိကြောင်း အဆိုပါလူငယ်မှ ဓားကိုအောက်သို့ချပြီး ၎င်း၏ လည်ပင်းတွင် ၀တ်ဆင်ထားသော အလေးချိန်(၃)မတ်သားခန့်ရှိ စက်ကြိတ်ကြိုးပြား ဆွဲကြိုးပိုက် ဆံအိတ်ပုံဆွဲပြားပါ တန်ဖိုး (၅၀၀၀၀၀)ကျပ်ခန့်အား ဆောင့် ဆွဲယူပြီး ဓားကောက်ယူကာ ထွက်ပြေးသွားကြောင်း ၎င်းလူ ပုံသဏ္ဌာန်မှာ ဆံပင်တို၊ လှန်ဖီး ထား၊ 
 
မျက်နှာသွယ်၊ ကိုယ်လုံး သင့်၊ အရပ်(၅)ပေ (၂)လက်မခန့် ဂျင်းပြာအင်္ကျီလက်ရှည်၊ ဘောင်း ဘီရှည်ဝတ်ထား၊ လူမြင်လျှင် မှတ်မိကြောင်း၊ ၎င်းလူငယ်သည် ဆွဲကြိုးစား စောင့်ဆွဲယူပြီး ဓား ကောက်ယူထွက်ပြေးသွားရာ ကိုက်(၂၀)ကျော်ခန့် အရောက် လမ်းအကွေ့တွင် ရပ်ထားသော စက်ဘီးအား စီးနင်း၍ ဂေါက် ကွင်းအရှေ့ဘက်လမ်းအတိုင်း တောင်ဘက်သို့ နင်းသွားကြောင်း၊ 
 
ထိုအချိန် ပေ(၂၀၀)ခန့်တွင် ဦး သံချောင်းနှင့် ဦးခင်မောင်မြင့်တို့ လေ့ကျင့်ခန်းပြုလုပ်နေသည်ကို တွေ့မြင်၍ အကူအညီတောင်းခံ ကြောင်းပြောပြသိရသည်ဆို၏။ 
 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဓား နှင့်ခြိမ်းခြောက်ပြီး ဆွဲကြိုးအား စောင့်ဆွဲယူသူ အမျိုးသားအား စုံစမ်းအရေးယူပေးပါရန် မသန်းသန်းနုမှ တောင်တွင်းကြီးမြို့မရဲ စခန်းသို့ တရားလိုပြုလုပ်တိုင် တန်းသဖြင့် တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၃၉/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၉၂ အရ အမှုရေးဖွင့်ထား ပြီး တရားခံအမြန်ဖမ်းဆီးရမိနိုင် ရေးနှင့်သက်သေခံပစ္စည်း သိမ်း ဆည်းရမိနိုင်ရေးအတွက် စုံစမ်း လျက်ရှိကြောင်းသိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
RND: 21.2.2013
The Hot News

0 comments:

Post a Comment