Pages

Thursday, December 12, 2013

မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်

Photo: မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်
Thursday, December 12, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။

SEA Games လက်မှတ် အရောင်းဌာနများတွင် လက်မှတ် ဝယ်ယူသူများသည် မှတ်ပုံတင် တစ်ခုလျှင် ပွဲစဉ်အလိုက် လက်မှတ် နှစ်စောင်သာ ရောင်းချပေးရန် SEA Games လက်မှတ် ရောင်းချရေးအဖွဲ့က ထုတ်ပြန် ထားသော်လည်း လက်မှတ် အရောင်းဌာနများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ဈေးနှုန်းများ နှစ်ဆ မြင့်တက် ခဲ့ကြောင်း ရောင်းချသည့် နေရာများနှင့် ဝယ်ယူသူတို့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ SEA Games လက်မှတ် အရောင်းဌာနများသည် သတ်မှတ်ထားသည့် လူတစ်ဦး မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ရောင်းရမည် ဖြစ်သော်လည်း လူအများစု လက်မှတ် လာဝယ်သည့် အခါတွင် စစ်ဆေးခြင်းမရှိဘဲ လက်မှတ်များ လိုသ၍ ရောင်းချပေးမှုများ ရှိနေကြောင်း အဆိုပါ SEA Games လက်မှတ် လိုသလောက် ဝယ်ယူ ရရှိခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
“အစ်မ ဆီးဂိမ်းလက်မှတ် သွားဝယ်တုန်းကတော့ ဘာမှတ်ပုံတင်မှ စစ်ဆေးတာ မရှိဘူး၊ အကန့်အသတ်နဲ့ ရောင်းတာလည်း မရှိဘူး၊ လိုသလောက် ရောင်းပေးနေတာပဲ” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ SEA Games လက်မှတ် ဝယ်ယူမည် ဆိုပါက မှတ်ပုံတင် ယူလာရမည် ဖြစ်ပြီး ပွဲစဉ်တစ်ရက် ကြည့်မည် ဆိုပါက မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ရှိကြောင်း၊ စတင်ရောင်းချသည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တစ်ရက်လျှင် လက်မှတ်စောင်ရေ နှစ်ထောင်ငါးရာခန့် ရောင်းချပေးမည် ဖြစ်ပြီး မှောင်ခိုလက်မှတ်များ မရှိအောင် ထိန်းချုပ်ရန် မလွယ်ကြောင်း လက်မှတ် ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင် ကျင်းပနေသော အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်သည့် ကစားပွဲအတွက် လက်မှတ်များကို ကျပ် ၈၀၀၀၊ ကျပ် ၇၀၀၀ ကျပ်၊ ၆၀၀၀ ကျပ် အသီးသီးဖြင့် ပြိုင်ပွဲ ကျင်းပသည့်ကွင်း ပြင်ပတွင် ရောင်းချမှုများ ရှိကြောင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ သွားရောက် ကြည့်ရှုသူ ချမ်းမြသာစည် မြို့နယ်နေထိုင်သူ ဒေါ်နီနီစန်းက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တော်တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀၊ ၂၉ လမ်းထောင့်)၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘောလုံး အကယ်ဒမီ၊ မဟာအောင်မြေမြို့နယ်ရှိ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား) တွင် လက်မှတ်များ ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားသိပ္ပံနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ကျွန်မတို့ကတော့ လက်မှတ်တွေကို သတ်မှတ်တဲ့ နှုန်းထား အတိုင်း ရောင်းချပေးတယ်၊ ပွဲစဉ်တစ်ပွဲအတွက် လက်မှတ် ဝယ်မယ်ဆိုရင် မှတ်ပုံတင် တစ်ခုကို လက်မှတ် နှစ်စောင်နှုန်းပဲ ရောင်းချပေးတယ်” ဟု ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း လက်မှတ် အရောင်းဌာန တာဝန်ရှိသူ ဒေါ်ဝင်းဝင်းရွှေက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်တွင် SEA Games လက်မှတ်များ အတုပေါ်ပေါက် နေသည်ဆိုသည့် သတင်းမှာ ကောလဟလသာ ဖြစ်ပြီး လက်မှတ်များမှာ အတုထုတ်၍ မရနိုင်ကြောင်း လက်မှတ် စစ်ဆေးရာတွင် Bar Code ကို စက်ဖြင့် တိုက်ဆိုင်၍ စစ်ဆေးလျက် ရှိကြောင်း SEA Games လက်မှတ် ရောင်းချရေး ဌာနများထံမှ စုံစမ်းသိရှိရသည်။

မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်မည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ လက်မှတ်များကို စောင်ရေ နှစ်သောင်း လေးထောင်ခန့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ရက်များတွင် ပရိသတ်များ အနေနှင့် ပြီးခဲ့သည့် မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များကဲ့သို့ လက်မှတ် အခက်အခဲ မရှိစေရန် လက်မှတ်များကို ကြိုတင် ဝယ်ယူရန်နှင့် ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုမှု အခက်အခဲ မရှိစေရန်အတွက် လက်မှတ် စစ်ဆေးရန်၊ လုံခြုံရေး စစ်ဆေးရန်အတွက် ကွင်းအတွင်းသို့ စောစီးစွာ ဝင်ရောက်ကြရန် လက်မှတ် ရောင်းချရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 12 .2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။ SEA Games လက်မှတ် အရောင်းဌာနများတွင် လက်မှတ် ဝယ်ယူသူများသည် မှတ်ပုံတင် တစ်ခုလျှင် ပွဲစဉ်အလိုက် လက်မှတ် နှစ်စောင်သာ ရောင်းချပေးရန် SEA Games လက်မှတ် ရောင်းချရေးအဖွဲ့က ထုတ်ပြန် ထားသော်လည်း လက်မှတ် အရောင်းဌာနများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ဈေးနှုန်းများ နှစ်ဆ မြင့်တက် ခဲ့ကြောင်း ရောင်းချသည့် နေရာများနှင့် ဝယ်ယူသူတို့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ SEA Games လက်မှတ် အရောင်းဌာနများသည် သတ်မှတ်ထားသည့် လူတစ်ဦး မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ရောင်းရမည် ဖြစ်သော်လည်း လူအများစု လက်မှတ် လာဝယ်သည့် အခါတွင် စစ်ဆေးခြင်းမရှိဘဲ လက်မှတ်များ လိုသ၍ ရောင်းချပေးမှုများ ရှိနေကြောင်း အဆိုပါ SEA Games လက်မှတ် လိုသလောက် ဝယ်ယူ ရရှိခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

“အစ်မ ဆီးဂိမ်းလက်မှတ် သွားဝယ်တုန်းကတော့ ဘာမှတ်ပုံတင်မှ စစ်ဆေးတာ မရှိဘူး၊ အကန့်အသတ်နဲ့ ရောင်းတာလည်း မရှိဘူး၊ လိုသလောက် ရောင်းပေးနေတာပဲ” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ SEA Games လက်မှတ် ဝယ်ယူမည် ဆိုပါက မှတ်ပုံတင် ယူလာရမည် ဖြစ်ပြီး ပွဲစဉ်တစ်ရက် ကြည့်မည် ဆိုပါက မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ရှိကြောင်း၊ စတင်ရောင်းချသည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တစ်ရက်လျှင် လက်မှတ်စောင်ရေ နှစ်ထောင်ငါးရာခန့် ရောင်းချပေးမည် ဖြစ်ပြီး မှောင်ခိုလက်မှတ်များ မရှိအောင် ထိန်းချုပ်ရန် မလွယ်ကြောင်း လက်မှတ် ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင် ကျင်းပနေသော အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်သည့် ကစားပွဲအတွက် လက်မှတ်များကို ကျပ် ၈၀၀၀၊ ကျပ် ၇၀၀၀ ကျပ်၊ ၆၀၀၀ ကျပ် အသီးသီးဖြင့် ပြိုင်ပွဲ ကျင်းပသည့်ကွင်း ပြင်ပတွင် ရောင်းချမှုများ ရှိကြောင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ သွားရောက် ကြည့်ရှုသူ ချမ်းမြသာစည် မြို့နယ်နေထိုင်သူ ဒေါ်နီနီစန်းက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တော်တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀၊ ၂၉ လမ်းထောင့်)၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘောလုံး အကယ်ဒမီ၊ မဟာအောင်မြေမြို့နယ်ရှိ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား) တွင် လက်မှတ်များ ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားသိပ္ပံနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

“ကျွန်မတို့ကတော့ လက်မှတ်တွေကို သတ်မှတ်တဲ့ နှုန်းထား အတိုင်း ရောင်းချပေးတယ်၊ ပွဲစဉ်တစ်ပွဲအတွက် လက်မှတ် ဝယ်မယ်ဆိုရင် မှတ်ပုံတင် တစ်ခုကို လက်မှတ် နှစ်စောင်နှုန်းပဲ ရောင်းချပေးတယ်” ဟု ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း လက်မှတ် အရောင်းဌာန တာဝန်ရှိသူ ဒေါ်ဝင်းဝင်းရွှေက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်တွင် SEA Games လက်မှတ်များ အတုပေါ်ပေါက် နေသည်ဆိုသည့် သတင်းမှာ ကောလဟလသာ ဖြစ်ပြီး လက်မှတ်များမှာ အတုထုတ်၍ မရနိုင်ကြောင်း လက်မှတ် စစ်ဆေးရာတွင် Bar Code ကို စက်ဖြင့် တိုက်ဆိုင်၍ စစ်ဆေးလျက် ရှိကြောင်း SEA Games လက်မှတ် ရောင်းချရေး ဌာနများထံမှ စုံစမ်းသိရှိရသည်။

မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်မည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ လက်မှတ်များကို စောင်ရေ နှစ်သောင်း လေးထောင်ခန့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ရက်များတွင် ပရိသတ်များ အနေနှင့် ပြီးခဲ့သည့် မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များကဲ့သို့ လက်မှတ် အခက်အခဲ မရှိစေရန် လက်မှတ်များကို ကြိုတင် ဝယ်ယူရန်နှင့် ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုမှု အခက်အခဲ မရှိစေရန်အတွက် လက်မှတ် စစ်ဆေးရန်၊ လုံခြုံရေး စစ်ဆေးရန်အတွက် ကွင်းအတွင်းသို့ စောစီးစွာ ဝင်ရောက်ကြရန် လက်မှတ် ရောင်းချရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment