Pages

Thursday, December 12, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်

RangonNewsDaily:: December . 12 .2013
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်(၂၇)ကြိမ်မြောက်ဆီးဂိမ်းစ်အားကစားပွဲတော်ရက်အတွင်း လုံခြုံမှုရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့်

 ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။
ယင်းကဲ့သို့ ရေကြောင်းလမ်းနှင့် လေကြောင်းပရိဝုဏ်လုံခြုံမှုရှိစေရန်စစ်သင်္ဘောနှင့်တိုက်လေယာဉ်များဖြင့် 
ကင်းလှည့် ဆောင်ရွက်နေသည့်အပြင် ရေကြောင်းရဲတပ်ဖွဲ့မှလည်း ရေယာဉ်ငယ်လေးစင်းဖြင့် ပူးပေါင်း
ဆောင်ရွက်နေကြောင်း သိရသည်။

" ဆီးဂိမ်းပြိုင်ပွဲလုံခြုံအေးချမ်းမှုရှိပြီးတော့ ပြီးဆုံးသွားဖို့အတွက်ပင်လယ်ဝမှာစစ်သင်္ဘောတစ်စင်း၊ ငွေဆောင်

ကမ်းခြေအနီးမှာ စစ်သင်္ဘောလေးစင်းနဲ့ ကင်းလှည့်နေတယ်။

ဝေဟင်လုံခြုံမှုရှိစေဖို့အတွက်လည်း တိုက်လေ ယာဉ်တွေနဲ့ ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်

မာနိုင်ငံရဲ့ နယ်စပ်တွေကို ၀င်ရောက်လာနိုင်တဲ့ ဂိတ်ပေါက်တွေအပြင် မြို့ဝင်မြို့ထွက် ဂိတ်တွေမှာလည်း လုံ
ခြုံရေး အထူးတင်းကျပ်ထားပြီးတော့ စစ်ဆေးနေပါတယ်။

ပြည်သူတွေအနေနဲ့တစ်စုံတစ်ရာမသင်္ကာမှုတွေ့ရှိခဲ့ရင်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုအမြန်ဆုံးအကြောင်း
ကြားပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ် " ဟု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားက
စားပွဲတော် လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ယခု ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေးဆောင်ရွက်ရာတွင် အသုံးပြုရန် တရုတ်၊ စင်ကာပူ၊ ဂျပန်နိုင်

ငံနှင့်အခြားနိုင်ငံတို့မှ ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် တန်ဖိုးရှိ အဆင့်မြင့် စစ်ဆေးကိရိယာများကို ၀ယ်ယူ
ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment