Pages

Monday, December 24, 2012

လှည်းတန်းလမ်းဆုံပြဿနာရှင်းပေးမယ့် တံတားကြီးအခြေအနေ

လုပ်ငန်းခွင်တနေရာ
ရန်ကုန်က နာမည်ကျော်လှည်းတန်းလမ်းဆုံမှာ ခုံးကျော်တံတားကြီး ဆောက်နေတာ အဆုံးမသတ်နိုင်သေး
ပါဘူး။ဒီနေရာဟာ လမ်း ၅ ခု ဆုံတဲ့ အတွက် ဒီမှာ မီးပွိုင့်မိပြီဆိုရင် တခြားနေရာထက် ပိုပြီး ကြာကြာ စောင့်
ရတာပါ။ ဒီနေရာမှာ ပေါ်ပေါက်လာမယ့် တံတားကြီးပေါ် ကားတွေ ဖြတ်သွားနိုင်ပြီ ဆိုရင်တော့ ဒီလမ်းဆုံ အ
သုံးပြုသူတွေ စိတ်ချမ်းသာနိုင်ပါပြီ။ အခုတော့ တံတားက ဆောက်လက်စ၊ တိုင်တွေထူပြီးစ ဖြစ်တာကြောင့် စိတ်မချမ်းသာနိုင်သေးပါ။
မီးပွိုင့်မိကြာနေလို့ စိတ်ပျက်နေသော Taxi ယာဉ်မောင်းတစ်ဥိး
ရန်ကုန်ပြည်လမ်း နေရာအများအပြားမှာ ဆောက်လုပ်ရေးစီမံကိန်းအတွက် မဖြစ်မနေ လမ်းပိတ်ထားပါ
တယ်။ အဲဒါကြောင့် ယာဉ်ကျောပိတ်မှုပိုဖြစ်၊ ပိုပြီး စိတ်ညစ်ဖို့ကောင်းနေပါတော့တယ်။ခေတ်ဟောင်းနည်း
နဲ့ ပျဉ်ဖြတ်နေတဲ့ လုပ်ငန်းခွင်ကို မနေ့က ညနေပိုင်းမှာ အထက်ကပုံအတိုင်း တွေ့ခဲ့ရပါတယ်။လုပ်ငန်းခွင် တ
နရာမှာတော့ အလုပ်သမားတချို့ ပျဉ်ချောင်းတွေ ဖြတ်နေပါတယ်။ စက်နဲ့ဖြတ်တာ မဟုတ်ပါ။ လွှရှည်ကို တယောက်တဘက်ကိုင်ပြီး ဖြတ်နေကြတာပါ။ ဘာကြောင့် အလုပ်တွင်မယ့် ဖြတ်စက် အသုံးမပြုသလဲ မသိ
ရပါ။
 
တံတားကြီး မြန်မြန်ပြီးဖို့ လိုအပ်သလို စံချိန်မီဖို့၊ ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။တံတားကောင်းကောင်းတခု
ပ်ါပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေရလို့ အချိန်တွေ ကြာနေတာ ဆိုရင်တော့ လက်ခံစရာပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကိုယ့်အတွက် ပိုကျန်အောင် လုပ်နေလို့ သို့မဟုတ် စီမံခန့်ခွဲမှုအားနည်း
နတာလို့ အချိန်တွေ ကြာနေတာလား ဆိုပြီးတော့လည်း မေးခွန်းထုတ်သင့်ပါတယ်။

ဒီလိုလုပ်ငန်းတွေကို လေ့လာဖို့၊ စုံစမ်းထောက်လှမ်းဖို့ကလည်း မီဒီယာတွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေအတွက် အခြေအနေ မပေးသေးပါဘူး။တခါတလေတော့လည်း ဖြည်းဖြည်းမောင်းပါဆိုတဲ့ဆိုင်းဘုတ်ကမိနစ်အတန်
ကာ စောင့်ဆိုင်းနေတဲ့ ကားများကို ပြောင်လှောင်နေဟန် ရှိပါတယ်။ဒီတံတားကြီးကို လာမယ့် ဧပြီလမှာ အ
ပီးသတ်ဆောက်လုပ်မယ် ဆိုတဲ့ တည်ဆောက်ရေးကုမ္ပဏီက တာဝန်ရှိသူ တယောက်ရဲ့ ပြောဆိုချက်ကို
အာက်တိုဘာ ၁၄ ရက်စွဲတပ် The Myanmar Independent သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

သူခန့်မှန်းတာမှန်မယ်ဆိုရင်တော့လပိုင်းအတွင်းတံတားကြီး ပေါ်ပေါက်လာတော့မှာပါ။တံတားတည်ဆောက်
မှု ၁၃ လပဲ ကြာမယ် ဆိုတဲ့ သဘောပါ။မီးပွိုင့်မိချိန် ကားအပြင်ထွက် မတ်တပ်ရပ် အညောင်းဖြေနေဟန်ရှိ
တဲ့ အငှားယာဉ်မောင်းသူတံတားကြီး ပြီးသွားရင်တော့ ရန်ကုန်ပြည်လမ်းပေါ်က ကားတွေဟာ ဒီလမ်းဆုံကို မီးပွိုင့်စောင့်စရာမလိုဘဲ တံတားပေါ်က သွားနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ မစိမ်းနိုင်တဲ့ မီးပွိုင့်ကို စိမ်းတဲ့အထိ စောင့်နေကြရတာပါ။ စောင့်နေတော့ မီးပွိုင့်က စိမ်းဖို့ ပိုကြာ
နသလို ဖြစ်နေပါတော့တယ်။--
 
ဧရာဝတီသတင်း

0 comments:

Post a Comment