Pages

Thursday, July 3, 2014

မန္တလေးတွင် ဗလီသို့ ဝတ်ပြုရန်သွားသော အစ္စလာမ်ဘာသာဝင်တစ်ဦး အကြမ်းဖက်သမားများ ရိုက်နှက်မှုကြောင့် သေဆုံး


RangonNewsDaily:: July . 3 .2014
*** အင်န္နာလလ္လာဟိ ဝအင်န္နာ အီလိုင်းဟိ ရာဂျိအွန်းန် ***
ချမ်းငြိမ်းအေး မန္တလေးမှာ ဇူလိုင်လ ၁-ရက်နေ့ညကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုဟာ ယခု
အချိန်ထိ ငြိမ်းအေးသွားခြင်း မရှိသေးဘဲ လူသေဆုံးမှုများ ရှိလာပြိဖြစ်ပါတယ်။ ယမန့်နေ့ညက ဓါးဒဏ်ရာဖြင့် လူတစ်
ဦးသေဆုံးကြောင်း ဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ယနေ မနက်မှာလည်း အကြမ်းဖက်သမားများရဲ့ လက်ချက်ဖြင့် ငြိမ်းချမ်းရေးကို လိုလားသူ အပြစ်မဲ့ပြည်သူတစ်ဦး ယနေ့မနက် ဗလီသို့ ၀တ်ပြုမှုပြုရန် သွားစဉ် အကြမ်းဖက်သမားများ ရိုက်နှက် လုပ်ကြံမှုကြောင့် သေဆုံး သွားကြောင်း သိရပါတယ်။

 သေဆုံးသွားသူမှာ ၈၃-လမ်းx၃၁-လမ်းထောင့် တွင်နေထိုင်သူ မြန်မာညွန့် (စက်ဘီးဆိုင်)မှ ဦးစိုးမင်း (၅၁ နှစ်) ဆို
သူဖြစ်ကြောင်း သိရပါတယ်။ ဦးစိုးမင်းသည် ၂၉-လမ်း ၈၃လမ်းထောင့်ရှိ တောင်အိုးဘို ဗလီတွင် မနက်အစော (ဖွဂျေရ် ဆွလာသ်) ၀တ်ပြုမှုပြုရန် သွားစဉ် အကြမ်းဖက်သမား လူအုပ်ကြီးမှ ၀ိုင်းဝန်း ရိုက်နှက်မှု ခံခဲ့ရကြောင်း၊ 

ယင်းအား ၀ိုင်းဝန်းရိုက်နှက်နေသည်ကို အနီးအနားမှ လူများက မြင်တွေ့ရသော်လည်း ချက်ချင်း မသွားရဲသည့်
အတွက် လူအုပ်ကြီးထွက်သွားမှ သွားကြည့်ရာ ဦးစိုးမင်းဖြစ်နေသဖြင့် ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်
လည်း ၀ိုင်းရိုက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ ကြောင်းသိရပါတယ်။

မန္တလေးမြို့တွင် နေထိုင်သည့် ဦးစိုးမင်းမှာ မြန်မာပြည် ငြိမ်းချမ်းရေးကို အထူးလိုလားသူဖြစ်ပြီး လူထုအကျိုး၊ နိုင်ငံ
အကျိုးကို တတ်စွမ်းသလောက် ဆောင်ရွက်နေသူ တစ်ဦးဖြစ် လည်းဖြစ်ကြောင်း သိရပါတယ်။ အကြမ်းဖက်သမား
များရဲ့ လက်ချက်ကြောင့် ဦးစိုးမင်း ကွယ်လွန်သေဆုံး သွားချိန်တွင် ဇနီးဖြစ်သူနှင့် လူမမယ် သမီးငယ်လေး ၂-ယောက် ကျန်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

မန္တလေးမြို့မှာ ဇူလိုင် ၁-ရက်နေ့က စတင် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုဟာ ယနေ့ ဇူလိုင်လ ၃-ရက်နေ့ထိ
တိုင် မငြိမ်သက်သေးဘဲ လမ်းမတွေထက်မှာ လူစုလူဝေးဖြင့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေတာကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲများမှ ထိရောက်စွာ တားဆီးထိန်းသိမ်းခြင်း မရှိသေးတဲ့အတွက် အစိုးရမှ အားပေး လုပ်ဆောင်နေသည်မှာ ထင်ရှားနေသည်ဟု မန္တလေး အကြမ်းဖက်မှု အရေးကို စောင့်ကြည့်သုံးသပ်နေသူများမှ ပြောကြားခဲ့ပါတယ်။ 

ကနဦး စုံစမ်းသိရချက်များအရ ဗလီသို့ အသွားတွင် ရိုက်ခံရကြောင်း သိရပါတယ်။ ထပ်မံ အတည်ပြု စုံစမ်းချက်များအရ သေဆုံးသူမှာ ဝတ်ပြု ရန် သွားစဉ် အကြမ်းဖက်သမားများ၏ ရိုက်နှက်ခြင်းခံရကြောင်း သိရှိရပါတယ်။

M-Media ,  KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment