Pages

Thursday, July 3, 2014

မန္တလေးတွင်နေရာကွက်ကြားလုံခြုံရေးတင်းကြပ် အကြမ်းဖက်မှုအရှိန်ကြောင့် နေရပ်အားခေတ္တစွန့်ခွါသူမွတ်စလင်မ်များရှိ

ဓါတ်ပုံ - အကြမ်းဖက်မူ့ကြောင့် ဗဟိုဗလီဘေးဆိုင်ခန်းများကို ပိတ်ထားပုံ(ဇူလိုင် ၂၊ ၂၀၁၄) Photo DVB
RangonNewsDaily:: July . 3 .2014
သစ်ထူးလွင်သတင်းဆိုဒ်၏ သတင်းမှားတစ်ရပ်ကိုအခြခံကာ မ.ဘ.သ အုပ်စုများကဦးဆောင်သည့် အကြမ်းဖက်မူတစ်ရပ် ယမန်နေ့ကမန္တလေးမြို့ တွင်ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှု ဖြစ်စဉ်ငယ်များ ဖြစ်ပွားခဲ့သည့် နေရာများတွင် လုံခြုံရေးများတင်းကျပ်ခြင်း နှင့် ဒေသခံမွတ်စလင်မ်အချို့ နေရပ်အားခေတ္တစွန့်ခွာခြင်းများရှိနေသည်။
“များသောအားဖြင့် မေမြို့၊ ကျောက်ဆည်၊ဆူးလေကုန်း စသည်ဖြင့် နီးစပ်ရာတွေဆီ ရှောင်နေကြတာမျိုးတွေလည်း ရှိတယ်။ အများစုကတော့ မပြောင်းကြပါဘူး”ဟု မန္တလေးမြို့ခံတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာဝင်နှစ်ဦးက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်သည်ဟူသော သတင်းမှားတစ်ရပ် သစ်ထူးလွင်

အင်တာနက် စာမျက်နှာမှတဆင့်ပျံ့နှံ့ခဲ့ပြီးနောက် မန္တလေးမြို့တွင်

အစ္စလာမ်ဘာသာဝင်များအားအကြမ်းဖက်ရန်ကြိုးပမ်းမှုများဇူလိုင်လ ၁ ရက်နေ့ညပိုင်းတွင်ဖြစ်ပေါ်ခဲ့သည်။

“မနေ့က အကြမ်းဖက်မှုအများဆုံးဖြစ်ခဲ့တဲ့ ချမ်းအေးသာဇံ အလယ်နဲ့အရှေ့ ရပ်တွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ အဲသလိုချထားတာမျိုးမတွေ့ရဘူး။ဒါဟာ ၈၈ နောက်ပိုင်း အတင်းကြပ်ဆုံးလုံခြုံရေးချတဲ့ပုံစံကိုမန္တလေးမှာမြင်ဖူးတာပဲ”ဟု အသက် ၄၀ ကျော်အရွယ် မန္တလေးမြို့မှ ကိုဘီလားက ပြောသည်။

ယမန်နေ့ညကဖြစ်ပွားခဲ့သည့် သွေးတိုးစမ်းအကြမ်းဖက်ဖြစ်စဉ်တွင် အစ္စလာမ် ဘာသာဝင်ပိုင် ဆိုင်ခန်းများ၊နေအိမ်များ၊ဗလီဝတ်ကျောင်းတော်များကို ခဲများဖြင့်ပစ်ပေါက်ဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေးတာဝန်ရှိသူများက ထိရောက်သည့်ဟန့်တားမှုများမရှိဘဲ ငြိမ်းချမ်းရေး လိုလားသည့် သံဃာတော်အချို့ကသာ ၀င်ရောက် ဟန့်တားပေးခဲ့ခြင်းများ ရှိကြောင်းလည်း အဆိုပါဖြစ်ရပ်များကို ကိုယ်တွေ့ကြုံခဲ့သူများက ပြောသည်။


MyanmarMuslimMedia , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment