Pages

Thursday, July 3, 2014

အစ္စလာမ်ဘာသာဝင်များအကြမ်းဖက်ခံနေရမူ တည်ဆဲဥပဒေအရ အရေးယူပေးရန် အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီး က နိင်ငံတော်သမ္မတထံ အကြောင်းကြားစာပေးပို့


RangonNewsDaily:: July . 3 .2014
မြန်မာနိင်ငံမှ မွတ်စလင်မ်များ ဥပုသ်လတွင်အကြမ်းဖက်ခံနေရမှုအားထိရောက်စွာဆောင်ရွက်ပေးရန် အစ္စလာမ့်ဘာ
သာရေးအဖွဲ့ကြီး၅ ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့နေ့စွဲပါ အကြောင်းကြားစာတစ်ရပ်ကို နိင်ငံတော်သမ္မတထံတင်သွင်း
လိုက်ပြီဖြစ်သည်။
သစ်ထူးလွင်သတင်းမှားတစ်ရပ်ကိုအခြေခံကာ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များ၊နေအိမ်ဆိုင်ခန်းများ၊ဥစ္စာပစ္စည်းများအား လူစုလူဝေးဖြင့် ဥပဒေပအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာခြင်းအပေါ် မြန်မာနိင်ငံသားအစ္စလာမ်ဘာသာဝင်များအားလုံး အလွန်အမင်းစိတ်ထိခိုက်ကြေကွဲနေရပါကြောင်းလည်း ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော် နိင်ငံတော်သမ္မတ ဦးသိန်းစိန်ထံတင်သွင်းသည့် တိုင်ကြားစာတွင် ထည့်သွင်းဖေါ်ပြထားသည်။

မြန်မာနိင်ငံ၏ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ နိင်ငံတော်က အသိအမှတ်ပြုထားသည့် သာသနာများကို တတ်နိင်သမျှ ကူညီစောင့်ရှောက်မည်ဟူသည့် ပြဌာန်းချက်နှင့်အညီ မြန်မာနိင်ငံသားအစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံနေရမှုကိုတည်ဆဲဥပဒေများအရ ထိရောက်စွာ ဟန့်တားဆောင်ရွက်ပေးပါရန် လည်း နိင်ငံတော်သမ္မတအား မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးက အထက်ပါစာလွှာတွင် ပန်ကြားထားသည်။

MyanmarMuslimMedia ::-- KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment