Pages

Monday, December 24, 2012

''1ST MYANMAR TRAVEL & TRADE EXPO 2013 '' ကျင်းပမည်

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် (Myanmar Tourism Federation) မှ ကြီးမှူး ကျင်းပကာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်အထိ နံနက် ၉ နာရီမှ ည ၈ နာရီအတွင်း ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မ လမ်းရှိ MCC ခန်းမ (Myanmar Convention Center) ၌ ''1st Myanmar Travel & Trade Expo 2013 '' ကို ကျင်းပမည် ဖြစ်သည်။ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းများ၊ ခရီးသွား ဝန်ဆောင်မှု များနှင့် ဆက်စပ်သော ဝန်ဆောင်မှု လုပ်ငန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ Hotel Suppliers ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းများ၊ သယ်ယူ ပို့ဆောင်ရေး (Transportation) ကုမ္ပဏီများ၊ အိမ်ဆောက် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများကို ပြခန်းများဖြင့် ပြသမည် ဖြစ်သည်။

မြန်မာ ခရီးသွားနှင့် ကုန်စည် ပြပွဲတွင် ဝင်ရောက်ပြသ လိုပါက ဖုန်း- ဝ၁- ၅၅၂၆၄၂၊ ဝ၉- ၄၃၁၁၇၄၇၁၊ ဝ၉-၄၂ဝ၂၃၆၁၉၁၊ ဝ၉- ၄၂ဝ၆၁၃၆၃ နှင့် ဝ၉- ၄၃၁၄၄၆၉၁ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။



 မြ၀တီ 

0 comments:

Post a Comment