Pages

Monday, December 24, 2012

ဒေါ်လာအတု ၄ သိန်းခွဲ သယ်ဆောင်လာသည်ဟုဆိုသော မြန်မာတဦး မဲဆောက်တွင် ဖမ်းမိ

ကိုမောင်ဦးလှိုင်ထံမှ သိမ်းဆည်းရမိသည်ဟု ဆိုသော ပစ္စည်းများ (ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)
ကိုမောင်ဦးလှိုင် ဆိုသူကို  ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေါ်လာအတု ၄သိန်းခွဲ၊လိုင်စင်မဲ့ကားတစီး
၊ ကားနံပတ်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
မဲဆောက်မြို့ကမ်းနားပိုင်းထာ့အာရွာရှိဂျပန်တပတ်ရစ်ကားများရောင်းချသည့်ဂိတ်တွင်ကိုမောင်ဦးလှိုင်သည်
စနေနေ့ကကားဝင်းလုံခြုံရေးဝန်ထမ်းများနှင့်အချင်းများခဲ့ကြောင်း၊ထိုင်းနယ်ခြားစောင့်ရဲတို့ သွားရောက်စစ်
ဆေးရာမှ တရားမ၀င်ပစ္စည်းများ တွေ့ရှိပြီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင်ထိုကားကိုအသေး
စိတ်ရှာဖွေစစ်ဆေးရာ ဒေါ်လာအတုများစစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းမဲဆောက်ရဲစခန်းမှရဲမှူးကြီးတဦးက
ဒေသခံသတင်းထောက်များကို ပြောကြားသည်။

ကိုမောင်ဦးလှိုင်နှင့်အတူ လိုက်ပါလာသည့် ထိုင်းအမျိုးသမီး ဖွဲဖောဖန်းခမ်ထာ့စီရီ ဆိုသူကိုလည်း မဲဆောက်
ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ဆိုသည်။

မဲဆောက်ကမ်းနားထာ့အာရွာရှိဂျပန်တပတ်ရစ်ကားဝင်းမှကားပွဲစားကိုယူနွတ်ကကိုမောင်ဦးလှိုင်သည်ကား
ဝင်းသို့ မကြာခဏ ကားလာဝယ်လေ့ရှိပြီး ဘန်ကောက်သို့သယ်ဆောင်ကာတဆင့်ပြန်လည်ရောင်းချခြင်း
ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

မဲဆောက်ရဲဧ။် စစ်ဆေးတွေ့ရှိမှုများထဲတွင် ကိုမောင်ဦးလှိုင်ထံမှ အာဆီယံသတင်းထောက်များအသင်းဝင် ကဒ်ပြားတခုကိုလည်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယခုလ ၆ ရက်နေကမဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့်ထိုင်း၊လော၊ကမ္ဘောဒီးယားနှင့် မြန်မာသတင်းထောက်
တချို့ပါဝင်သည့်အာဆီယံသတင်းထောက်များ တွေ့ဆုံမိတ်ဆက်ပွဲတွင်ကိုမောင်ဦးလှိုင်လည်းတက်ရောက်
ခဲ့သည်။




 



ဧရာဝတီ

0 comments:

Post a Comment