Pages

Monday, December 24, 2012

တုန်လှုပ်ခြောက်ခြားဖွယ် သေနတ်ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာပယ်ရီဟောလ်ကျောင်းမှ အသက်ရှင်ကျန်ရစ်သူထံ လေဒီဂါဂါ လက်ဆောင်ပို့

ပယ်ရီဟောလ်ကျောင်းမှ အသက်ရှင်ကျန်ရစ်သူထံ လေဒီဂါဂါ လက်ဆောင်ပို့

လေဒီဂါဂါသည် တုန်လှုပ်ခြောက်ခြားဖွယ် သေနတ်ပစ်ခတ်မှုကြီး ဖြစ်ပွားခဲ့ရာ ပယ်ရီဟောလ် အထက်
တန်းကျောင်း ဖြစ်စဉ်တွင် အသက်ရှင် ကျန်ရစ်ခဲ့သူ ဒန်နီရယ်လ် ဘိုရိုဝီထံ လက်ဆောင်များ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဘိုရိုဝီသည် ဂါဂါ၏ ပရိသတ် တစ်ဦးလည်း ဖြစ်ပြီး အဆိုပါ ဆယ်ကျော်သက် လူငယ်လေးထံ သွားရောက် လည်ပတ်ရန်လည်း ဂါဂါက စီစဉ်ထားသည်။

lady gaga

လတ်တလောတွင်မူ ဘိုရိုဝီသည် ဆေးရုံတွင် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ဘိုရိုဝီ၏ ဖခင်ဖြစ်သူ မီလ်တန်
က Facebookပေါ်တွင် မိမိ၏သားထံ ဂါဂါ လာရောက်လည်ပတ်ပါရန် ပန်ကြားသော Pageတစ်ခုကို လွှင့်တင်
ခဲ့သည်။ ထို့နောက်ပိုင်းတွင်မူဘိုရိုဝီ၏သတင်းသည်ဂါဂါထံ နားပေါက်ခဲ့ပြီးနောက်ကမ္ဘာကျော် Popဂီတကြယ်
ပွင့်က သူမ၏ ပရိသတ်ထံ သွားရောက် တွေ့ဆုံရန်ထိ စဉ်းစားလာခဲ့သည်။

မီလ်တန်က ဂါဂါထံမှ ဘိုရိုဝီထံ ပေးပို့သော လက်ဆောင်ထုပ်၏ ပုံကိုလည်း Facebookပေါ်တွင် တင်ပြထား
ခဲ့သည်။ "ဂါဂါရော၊ ဘိုရိုဝီဖို့ ဆုတောင်းပေးသူ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ ဂါဂါ့ဆီက လက်ဆောင်
ထုပ်ကို ရရှိခဲ့တော့ ကျွန်တော့်သားက ဂါဂါရဲ့ ပရိသတ်တွေ အားလုံးနဲ့ မျှဝေချင်တယ်လို့ ပြောပါတယ်။

 ဂါဂါ့နေရာကနေ စဉ်းစားရင် လူစိမ်းတစ်ဦးကို ပျော်ရွှင်စေတဲ့ သူ့ရဲ့ လုပ်ရပ်က ထူးခြားပါတယ်။ ဒီအတွက် ဂါဂါကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီလိုဖြစ်အောင် ကူညီလှုံ့ဆော်ပေးသူ အားလုံးကိုလည်း ကျေးဇူးတင်
ပါတယ်"ဟု မီလ်တန်က Facebookတွင် ရေးသားသွားခဲ့သည်။

Source: BaltimoreSun

0 comments:

Post a Comment