Pages

Monday, December 24, 2012

★ စုစည်းညီညွတ်သည့် အစည်းအဝေးတခု ကျင်းပနိုင်ဖို့ ဒီမိုကရေစီအင်အားစုများ သဘောတူညီချက်ရရှိ ★

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ
၈၈ မျိုးဆက်ကျာင်းသားများအဖွဲ့နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်ပ)၊ ကျောင်းသားတပ်မတော် (ABSDF) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ အားလုံး စုစည်းညီညွတ်စွာနှင့် လုပ်ဆောင်နိုင်မယ့် လုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်စေရန်၊ နှစ်ပေါင်းများစွာအတွင်း အတွင်းအပြင် ကွဲကွာနေကြသည့် အတွေ့အကြုံများကို ဖလှယ်နိုင်စေရန်နှင့် တိုင်းပြည်
မှာ တကယ်လိုအပ်နေသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာအသီးသီးမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြန့်ကျဲရောက်ရှိနေခဲ့ကြသည့် အင်အားစုများကို အားလုံးစုစည်းပြီး စုစည်း ညီညွတ်သည့် အစည်းအဝေးတခု ဖော်ဆောင်နိုင်ဖို့ သဘောတူညီချက် ရရှိခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဌေးကြွယ်မှ ဘားမားဗီဂျေမီဒီယာကို ပြောကြားပါသည်။
 
ဘားမားဗီဂျေ

0 comments:

Post a Comment

 
world time