Pages

Thursday, January 30, 2014

Google ကို ယှဉ်ပြိုင်ရန် Samsung က စမတ်မျက်မှန် ထုတ်လုပ်လာဖွယ်ရှိ

Photo: Google ကို ယှဉ်ပြိုင်ရန် Samsung က စမတ်မျက်မှန် ထုတ်လုပ်လာဖွယ်ရှိ
Thursday, January 30, 2014

တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။

Samsung အနေဖြင့် Googleကို ယှဉ်ပြိုင်ရန်အတွက် စမတ်မျက်မှန်တစ်မျိုး ထုတ်လုပ်ရောင်းချရန် စတင် စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။ Samsungသည် စမတ်ဖုန်းများ တင်ပို့ရောင်းချမှုတွင် ကမ္ဘာ့အကြီးကျယ်ဆုံး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာခဲ့သည့်နောက် ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသော နည်းပညာ ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပိုမို၍ အာရုံစိုက် စီစဉ်လာခဲ့သည်။ Samsungက ထုတ်လုပ်ထားသည့် စမတ်လက်ပတ်နာရီ Galaxy Gearသည် အဆိုပါ ခြေလှမ်းကို သိသိသာသာ ထင်ထင်ရှားရှား မြင်သာလာစေခဲ့သည်။ 

Sonyက စမတ်လက်ပတ်နာရီ တစ်မျိုးကို ထုတ်လုပ်ရောင်းချခဲ့သည့်နောက် Samsungက စွမ်းဆောင်ရည်အပိုင်း ပိုမိုကောင်းမွန်သည့် Galaxy Gearကို မိတ်ဆက်လာခဲ့သလို ယခုတစ်ဖန် Google၏ Google Glassကို အားပြိုင်ရန် Samsungက ခြေလှမ်းပြင်နေပြီဟု ဆိုသည်။ Googleသည် ၎င်းတို့၏ ဖန်တီးမှုအရ မျက်မှန်တစ်လက်ထဲတွင် ကွန်ပျူတာတစ်လုံး တပ်ဆင်ထားသည့် အခြေအနေမျိုးထိ မြှင့်တင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။ Samsung အနေဖြင့်လည်း ယခုနှစ်၊ စက်တင်ဘာလတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပမည့် ကုန်သွယ်ရေး ပြပွဲ၌ Galaxy Glassကို စတင် ပြသလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။

Korea Timesက Samsungမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး ယခုသတင်းကို စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တာဝန်ရှိသူက "အကြောင်းပြချက်က သိပ်ကို ရိုးရှင်းပါတယ်။ ပြောရရင် စမတ်မျက်မှန်တွေရဲ့ ဈေးကွက် အလားအလာက သိပ်ကို ကြီးမားနေတယ်။ မျက်မှန်၊ အဝတ်အစားတွေလိုမျိုး ခန္ဓာကိုယ်မှာ တပ်ဆင်၊ ဝတ်ဆင်ရတဲ့ နည်းပညာ ပစ္စည်းတွေအပေါ် တောင်းဆိုမှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်"ဟု မှတ်ချက်ပေးခဲ့သည်။ Samsungသည် စမတ်မျက်မှန် တစ်မျိုးကို ထုတ်လုပ်ရန် မူပိုင်ခွင့်ကိုပင် တောင်ကိုရီးယား၌ တင်သွင်းထားပြီဟု ယုံကြည်ရကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 30 .2014
တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။ Samsung အနေဖြင့် Googleကို ယှဉ်ပြိုင်ရန်အတွက် စမတ်မျက်မှန်တစ်မျိုး ထုတ်လုပ်ရောင်းချရန် စတင် စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက Google၏ Google Glassနှင့်အပြိုင် ၎င်းတို့၏ Galaxy Glassကို ဈေးကွက်ထဲ တင်ပို့ရောင်းချလာဖွယ် ရှိနေကြောင်း သိရသည်။ 
 
Samsungသည် စမတ်ဖုန်းများ တင်ပို့ရောင်းချမှုတွင် ကမ္ဘာ့အကြီးကျယ်ဆုံး လုပ်ငန်းစုကြီးတစ်ခု ဖြစ်လာခဲ့သည့်နောက် ခန္ဓာကိုယ်တွင် ဝတ်ဆင်ရသော နည်းပညာ ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပိုမို၍ အာရုံစိုက် စီစဉ်လာခဲ့သည်။ Samsungက ထုတ်လုပ်ထားသည့် စမတ်လက်ပတ်နာရီ Galaxy Gearသည် အဆိုပါ ခြေလှမ်းကို သိသိသာသာ ထင်ထင်ရှားရှား မြင်သာလာစေခဲ့သည်။

Sonyက စမတ်လက်ပတ်နာရီ တစ်မျိုးကို ထုတ်လုပ်ရောင်းချခဲ့သည့်နောက် Samsungက စွမ်းဆောင်ရည်အပိုင်း ပိုမိုကောင်းမွန်သည့် Galaxy Gearကို မိတ်ဆက်လာခဲ့သလို ယခုတစ်ဖန် Google၏ Google Glassကို အားပြိုင်ရန် Samsungက ခြေလှမ်းပြင်နေပြီဟု ဆိုသည်။ 
 
Googleသည် ၎င်းတို့၏ ဖန်တီးမှုအရ မျက်မှန်တစ်လက်ထဲတွင် ကွန်ပျူတာတစ်လုံး တပ်ဆင်ထားသည့် အခြေအနေမျိုးထိ မြှင့်တင်လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။ 
 
Samsung အနေဖြင့်လည်း ယခုနှစ်၊ စက်တင်ဘာလတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပမည့် ကုန်သွယ်ရေး ပြပွဲ၌ Galaxy Glassကို စတင် ပြသလာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြလျှက် ရှိသည်။

Korea Timesက Samsungမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး ယခုသတင်းကို စတင်ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တာဝန်ရှိသူက "အကြောင်းပြချက်က သိပ်ကို ရိုးရှင်းပါတယ်။ ပြောရရင် စမတ်မျက်မှန်တွေရဲ့ ဈေးကွက် အလားအလာက သိပ်ကို ကြီးမားနေတယ်။ မျက်မှန်၊ အဝတ်အစားတွေလိုမျိုး ခန္ဓာကိုယ်မှာ တပ်ဆင်၊ ဝတ်ဆင်ရတဲ့ နည်းပညာ ပစ္စည်းတွေအပေါ် တောင်းဆိုမှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်"ဟု မှတ်ချက်ပေးခဲ့သည်။ Samsungသည် စမတ်မျက်မှန် တစ်မျိုးကို ထုတ်လုပ်ရန် မူပိုင်ခွင့်ကိုပင် တောင်ကိုရီးယား၌ တင်သွင်းထားပြီဟု ယုံကြည်ရကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment