Pages

Thursday, January 30, 2014

ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်

Photo: ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်
Thursday, January 30, 2014

ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အစိုးရအနေဖြင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ပြဿနာအားလုံး ကိုဖြေရှင်း နိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခြင်းဖြင့်သာ ဖြေရှင်း ဆောင် ရွက်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယာယီဝန်ကြီးချုပ် ရင်လပ်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအကြား ကျင်းပသည့် အစည်းအဝေး တစ်ရပ်တွင် ပြောကြားခဲ့ သည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူညီခြင်း မရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကောင်း ဆုံး ဖြစ်အောင် ဆောင်ရွက်နေ ဆဲ ဖြစ်ကြောင်း ရွေးကောက် ပွဲ ကော်မရှင်နာ မင်းကြီး Somchai Srisu-thiyakorn က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

 ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် ဆိုပါက ပထမဆုံးအကြိမ် အောက်လွှတ်တော် အစည်းအဝေးသည် သုံးလမှလေးလ အထိနှောင့်နှေး သွားနိုင်ကြောင်းနှင့် ၎င်းက ဆန္ဒပြ သူများ၏ ဟန့် တားနှောင့်ယှက်မှုကြောင့် ကြိုတင်မဲပေးနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၈၃ ခုအတွက် ရွေးကောက်ပွဲသစ်များအား ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း Somchai က ပြောကြားခဲ့သည်။

မြ၀တီ

RangonNewsDaily:: January . 30 .2014
ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အစိုးရအနေဖြင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ပြဿနာအားလုံး ကိုဖြေရှင်း နိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခြင်းဖြင့်သာ ဖြေရှင်း ဆောင် ရွက်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယာယီဝန်ကြီးချုပ် ရင်လပ်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအကြား ကျင်းပသည့် အစည်းအဝေး တစ်ရပ်တွင် ပြောကြားခဲ့ သည်။
 
 ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူညီခြင်း မရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကောင်း ဆုံး ဖြစ်အောင် ဆောင်ရွက်နေ ဆဲ ဖြစ်ကြောင်း ရွေးကောက် ပွဲ ကော်မရှင်နာ မင်းကြီး Somchai Srisu-thiyakorn က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် ဆိုပါက ပထမဆုံးအကြိမ် အောက်လွှတ်တော် အစည်းအဝေးသည် သုံးလမှလေးလ အထိနှောင့်နှေး သွားနိုင်ကြောင်းနှင့် ၎င်းက ဆန္ဒပြ သူများ၏ ဟန့် တားနှောင့်ယှက်မှုကြောင့် ကြိုတင်မဲပေးနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၈၃ ခုအတွက် ရွေးကောက်ပွဲသစ်များအား ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း Somchai က ပြောကြားခဲ့သည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment