Pages

Thursday, January 30, 2014

မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း

Photo: မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း
Thursday, January 30, 2014

ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

မဲမပေးတာတွေနဲ့ ကန့်ကွက်မဲပေးတာတွေအတွက် စဉ်းစားတွန့်ဆုတ်နေဖို့ မလိုဘူး။ ကျနော်တို့ အားလုံးက မဲရုံကို မသွားဘူးဆိုတာ သေချာအောင် လုပ်ကြစို့လို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မဲဆန္ဒနယ်အတော်များများကတော့ ကိုယ်စားလှယ်တင်သွင်းမှု မရှိတာကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်ဟာ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားရေး အစိတ်အပိုင်းအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားတာကြောင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲအတွက် မြို့တော်ဘန်ကောက်မှာ ရဲဝန်ထမ်း ၁ သောင်း တာဝန်ချထားမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေး ဆန္ဒပြမှုတွေကြောင့် ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်ပြီး တိုင်းပြည်တွင်း နိုင်ငံရေး ကွဲလွဲမှုတွေ ဆိုးဆိုးရွားရွား တိုးလာနိုင်တယ်လို့ ပညာရှင်တွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်ရေး ရွေးကောက်ပွဲကော်မရှင်က အဆိုပြုပြီး အခြေခံဥပဒေခုံရုံးက ခွင့်ပြုပေမယ့် ထိုင်းအစိုးရကတော့ နဂို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ ဇန်န၀ါရီ ၂၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေ၊ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေ၊ လက်ရှိ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မောင်နှမတွေကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား လူတန်းစားကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲ နောက်ဆုံးကဏ္ဍလည်း ဖြစ်ပါတယ်။

DVB TV News

RangonNewsDaily:: January . 30 .2014
ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။ မဲမပေးတာတွေနဲ့ ကန့်ကွက်မဲပေးတာတွေအတွက် စဉ်းစားတွန့်ဆုတ်နေဖို့ မလိုဘူး။ ကျနော်တို့ အားလုံးက မဲရုံကို မသွားဘူးဆိုတာ သေချာအောင် လုပ်ကြစို့လို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မဲဆန္ဒနယ်အတော်များများကတော့ ကိုယ်စားလှယ်တင်သွင်းမှု မရှိတာကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်ဟာ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားရေး အစိတ်အပိုင်းအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားတာကြောင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲအတွက် မြို့တော်ဘန်ကောက်မှာ ရဲဝန်ထမ်း ၁ သောင်း တာဝန်ချထားမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေး ဆန္ဒပြမှုတွေကြောင့် ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်ပြီး တိုင်းပြည်တွင်း နိုင်ငံရေး ကွဲလွဲမှုတွေ ဆိုးဆိုးရွားရွား တိုးလာနိုင်တယ်လို့ ပညာရှင်တွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်ရေး ရွေးကောက်ပွဲကော်မရှင်က အဆိုပြုပြီး အခြေခံဥပဒေခုံရုံးက ခွင့်ပြုပေမယ့် ထိုင်းအစိုးရကတော့ နဂို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ ဇန်န၀ါရီ ၂၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေ၊ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေ၊ လက်ရှိ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မောင်နှမတွေကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား လူတန်းစားကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲ နောက်ဆုံးကဏ္ဍလည်း ဖြစ်ပါတယ်။

DVB TV News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment