Pages

Wednesday, August 14, 2013

အမျိုးသမီးဆေးရုံ၌ လူနာစောင့်ထံမှ ရွှေထည်ပစ္စည်းများခိုးယူခံရ

ရန်ကုန်၊ သြဂုတ် ၁၄

၁၃.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် တာမွေမြို့နယ်နေ ဒေါ်သန်းနွဲ့သည် လမ်းမတော်မြို့နယ်၊ ဗဟို လမ်းရှိ အမျိုးသမီးဆေးရုံ AB.IIအဆောင်၊ ကုတင်အမှတ် Unit-2တွင် သမီးဖြစ်သူဆေးရုံတက်နေ၍ သွားရောက်စောင့်ပေးနေခဲ့ရာ သမီးဖြစ်သူမှာသွေးသွင်းရန်သွားနေစဉ်
၎င်းမှ ကုတင်ပေါ်တက်၍ လဲလှောင်းနေချိန် ကုတင်အနီးသို့
အသက်(၄၅)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးရောက်ရှိလာပြီး နှိပ်ပေးမည်
ဖြစ်ကြောင်းပြောဆိုသဖြင့် မလိုကြောင်းပြောခဲ့ရာ အဆိုပါအမျိုးသမီးမှာ
ပြန်ထွက်သွားခဲ့ပါသည်။ ထိုအမျိုးသမီးပြန်ထွက်သွားပြီးနောက် ၅ မိနစ်ခန့်အကြာ မသင်္ကာသဖြင့် ကုတင်အောင်ရှိအ၀တ် အစားများထည့်ထားသော ပလပ်စတစ်ပုံးအား
စစ်ဆေးကြည့်ရာ ပုံးအတွင်းကြွပ်ကြွပ်အိတ်ဖြင့်ထုပ်၍သိမ်းဆည်းထားသော
ရွှေထည်ပစ္စည်းမျိုးစုံ (၆)မျိုး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅၄၀၀၀၀)မှာ
ပျောက်ဆုံးနေသည့်ကို တွေ့ရှိရ၍ စုံစမ်းအရေးယူပေး ပါရန်တိုင်တန်းခဲ့
သဖြင့် လမ်းမတော်မြို့မရဲစခန်း ( ပ) ၁၅၃/၂၀၁၃၊ ပုဒ်မ ၃၇၉ ဖြင့်
အရေးယူစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
kolatt (Pabedan): 14.8.2013

0 comments:

Post a Comment