Pages

Thursday, January 24, 2013

ဘူးသီးတောင်မြို့နယ်တွင်အိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွား

ဘူးသီးတောင်မြို့နယ်တွင်အိမ်နှစ်လုံးမီးလောင်မှုဖြစ်ပွား 
Thursday, January 24, 2013,     RARC, Malaysia 
ဘူးသီးတောင် ။ ။ ယမန်နေ့ည ၁၀း၃၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်အမှတ် (၁)    ရပ်ကွက်တွင် အိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်သည့် အိမ်နှစ်လုံး မှာပြာဖြစ်သွားသည် ဟုဒေသခံတစ်ဦး ၏ပြောကြားချက် အရသိရပါသည်။ 
မီးလောင်ရခြင်း အကြောင်းရင်းမှာ မီးစက်ပေါက်ကွဲ မှုကြောင့်ဖြစ်ပြီး၊ ထိုမီးစက်၏  တာဝန်ခံများမှာရခိုင်လူ မျိုးများဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးများ အကြားတွင် အငြင်းပွား စရာများဖြစ်နေသည်။ ရိုဟင်ဂျာများမှ မီးစက်ပေါက် ကွဲမှုမှာ ရခိုင်များ၏ လုပ်ကြံမှုသာဖြစ်ပြီး ပတ်ဝန်း ကျင်ရှိနေ အိမ်မီးလောင်စေရန် တမင်ပြုလုပ်သည် ဟုပြောဆိုလျက်ရှိသည်။ ရခိုင်လူမျိုးများမှ သာမာန် ပေါက် ကွဲမှု သာဖြစ်ကြောင်းပြော ဆို လျက်ရှိ သည်ဟု အဆိုပါဒေသခံမှပြောသည်။ 
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းမရှိသော်လည်း၊ နေအိမ်နှစ်လုံးမှ ကျပ် သိန်းပေါင်း ၈၀၀ ခန့်မီး လောင် မှုကြောင့် ဆုံးရှူံးသွားသည်။ 
မီးလောင်မှုနှင့်ပတ်သက်ပြီး၊ နစကများနှင့် အာဏာပိုင်များ မှဖြစ်ပွားရသည့် အကြောင်းရင်း အမှန်ကိုစုံ စမ်း လျက် ရှိပြီး၊ မီးလောင်မှုကြောင့် ဆုံးရှူံးသွားသော အိမ်နှစ်လုံး၏အိမ်ထောင်ဦးစီးများမှာ မီးလောင် မှု ကြောင့်ဖမ်း ဆီးခံရ၍ တရားစွဲဆို ခံရဖွယ်ရှိကြောင်း သတင်းရရှိပါသည်။ 
အဆိုပါ အိမ်ထောင် ဦးစီးနှစ်ဦးမှာ လုံလောက်သော စုံစမ်းမှုမပြုဘဲ ၎င်းတို့အားပြစ်ဒဏ်ပေး ခံရမည်ကို လွန်စွာစိုး ရိမ်လျက်ရှိသည်။ ရိုဟင်ဂျာများကို သွားလာရေး၊ ကူးသန်းရောင်း ၀ယ်ရေးများကို ကန့်သတ် ထားသောကြောင့် မိသားစု စားဝတ်နေရေးအတွက် လုံလောက်သော ၀င်ငွေရရန် လွန်စွာ ခက်ခဲလျက်ရှိ သည့် အချိန်တွင် အိမ်ထောင် ဦးစီးများမှာ အာဏာပိုင် များပေးသော မတရားသဖြင့်ပြစ်ဒဏ်ကို ခံယူရမည် ကိုလွန်စွာ စိုးရိမ်ကြောင့်ကြ လျက်ရှိကြသည်။

ဘူးသီးတောင် ။ ။ ယမန်နေ့ည ၁၀း၃၀ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်အမှတ် (၁) ရပ်ကွက်တွင် အိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်သည့် အိမ်နှစ်လုံး မှာပြာဖြစ်သွားသည် ဟုဒေသခံတစ်ဦး ၏ပြောကြားချက် အရသိရပါသည်။ မီးလောင်ရခြင်း အကြောင်းရင်းမှာ မီးစက်ပေါက်ကွဲ မှုကြောင့်ဖြစ်ပြီး၊ ထိုမီးစက်၏ တာဝန်ခံများမှာရခိုင်လူ မျိုးများဖြစ်သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးများ အကြားတွင် အငြင်းပွား စရာများဖြစ်နေသည်။ ရိုဟင်ဂျာများမှ မီးစက်ပေါက် ကွဲမှုမှာ ရခိုင်များ၏ လုပ်ကြံမှုသာဖြစ်ပြီး ပတ်ဝန်း ကျင်ရှိနေ အိမ်မီးလောင်စေရန် တမင်ပြုလုပ်သည် ဟုပြောဆိုလျက်ရှိသည်။ ရခိုင်လူမျိုးများမှ သာမာန် ပေါက် ကွဲမှု သာဖြစ်ကြောင်းပြော ဆို လျက်ရှိ သည်ဟု အဆိုပါဒေသခံမှပြောသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းမရှိသော်လည်း၊ နေအိမ်နှစ်လုံးမှ ကျပ် သိန်းပေါင်း ၈၀၀ ခန့်မီး လောင် မှုကြောင့် ဆုံးရှူံးသွားသည်။ 

မီးလောင်မှုနှင့်ပတ်သက်ပြီး၊ နစကများနှင့် အာဏာပိုင်များ မှဖြစ်ပွားရသည့် အကြောင်းရင်း အမှန်ကိုစုံ စမ်း လျက် ရှိပြီး၊ မီးလောင်မှုကြောင့် ဆုံးရှူံးသွားသော အိမ်နှစ်လုံး၏အိမ်ထောင်ဦးစီးများမှာ မီးလောင် မှု ကြောင့်ဖမ်း ဆီးခံရ၍ တရားစွဲဆို ခံရဖွယ်ရှိကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ အိမ်ထောင် ဦးစီးနှစ်ဦးမှာ လုံလောက်သော စုံစမ်းမှုမပြုဘဲ ၎င်းတို့အားပြစ်ဒဏ်ပေး ခံရမည်ကို လွန်စွာစိုး ရိမ်လျက်ရှိသည်။ ရိုဟင်ဂျာများကို သွားလာရေး၊ ကူးသန်းရောင်း ၀ယ်ရေးများကို ကန့်သတ် ထားသောကြောင့် မိသားစု စားဝတ်နေရေးအတွက် လုံလောက်သော ၀င်ငွေရရန် လွန်စွာ ခက်ခဲလျက်ရှိ သည့် အချိန်တွင် အိမ်ထောင် ဦးစီးများမှာ အာဏာပိုင် များပေးသော မတရားသဖြင့်ပြစ်ဒဏ်ကို ခံယူရမည် ကိုလွန်စွာ စိုးရိမ်ကြောင့်ကြ လျက်ရှိကြသည်။

RARC, Malaysia

0 comments:

Post a Comment