Pages

Thursday, January 24, 2013

ယနေ့လွတ်တော်တွင် လှည်းတန်းပေ ၅၀ လမ်းပေါ်ရှိ ပျံကျဈေးသည်များအား စနစ်တကျနေရာချပေးရန်နှင့် လှည်းတန်းဈေး သစ်ကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်သန့်ရှင်းမှုရှိအောင် ပြုပြင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းမေးမြန်း

လှည်းတန်းပေ ၅၀ လမ်းပေါ်ရှိ ပျံကျဈေးသည်များအား စနစ်တကျနေရာချပေးရန်နှင့် လှည်းတန်းဈေး သစ်ကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်သန့်ရှင်းမှုရှိအောင် ပြုပြင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
	 
ဒေါက်တာစိုးရင်(ကမာရွတ်မဲဆန္ဒနယ်) မှ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊  ကမာရွတ်လှည်းတန်းဈေးကြီး ပြုပြင်စဉ်က ပျံကျဈေးသည်များကို ကမာရွတ်လှည်းတန်း ပေ ၅၀ လမ်းပေါ်မှာ ယာယီရောင်းချခွင့်ပြု့ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုပေးထားကြောင်း၊လှည်းတန်းဈေးကြီး ဆောက်လုပ်ပြီးစီးသော်လည်း ပေ ၅၀ လမ်းပေါ်မှာရှိသည့် ပျံကျဈေးသည်များသည် ယနေ့ထက်တိုင် နံနက် ၅ နာရီမှ ည ၉ နာရီခွဲ ၁၀နာရီအထိ စည်းကမ်းမဲ့စွာ  ရောင်းချလျက်ရှိကြောင်း၊ပျံကျဈေးသည်များ တစ်နေကုန်ဈေးထွက်နေသည့်အတွက် ပိတ်ဆို့နေပြီး မော်တော်ယာဉ်များ ဝင်/ထွက်ရန် အခက်အခဲနဲ့လည်း တွေ့ကြုံနေရကြောင်း၊ပျံကျဈေးကို အမှီပြုပြီး လှည်းတန်းလမ်းမကြီးကနေ ပေ ၅၀ လမ်းကိုဝင်သည့် အိမ်တွေဘက်တွင်လည်း ဈေးဆိုင်များဖွင့်လှစ်ရောင်းချလျှက်ရှိရာ ရပ်ကွက်လမ်းကို အဝင်ပိတ်ဆို့ပြီး မီးဘေးအန္တရာယ်ရှိပါက မီးသတ်ကားများဝင်ရန် အခက်အခဲကြုံတွေ့နေကြောင်း၊ပေ ၅၀ လမ်း ၁ မှ ၇ လမ်းအထိ ဆောက်ထားသော အိမ်များမှာ အထပ်မြင့်တိုက် များ ဖြစ်သည့်အတွက် ရပ်ကွက်အင်္ဂါရပ်နဲ့အညီ ဥပဓိရုပ်ကောင်းမွန် သော်လည်း လမ်းများ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုနှင့် ဈေးသည်များ စည်းမဲ့ ကမ်းမဲ့ရောင်းချမှုကြောင့် ရပ်ကွက်အင်္ဂါပျက်စီးရပြီး ရပ်ကွက်အတွင်းရှိပြည်သူများ စိတ်မချမ်းမြေ့စွာ နေကြရသော ကြောင့်ပျံကျဈေးသည်များအား မည်ကဲ့သို့ စနစ်တကျနေရာချထားပေးပြီး မြို့အင်္ဂါနဲ့အညီဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းသွားပါသည်။ထို့နောက်  ကမာရွတ် လှည်းတန်းဈေးကြီးသည် ဈေးအင်္ဂါရပ်နှင့်မညီဘဲ သန့်ရှင်းသာယာမှု၊ သပ်ရပ်မှုနည်းပါး သောကြောင့် ခေတ်နှင့်အမီ အကြီးစားပြုပြင်ပေး ရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်းကိုလည်းမေးမြန်းသွားပါသည်။

ဒါက်တာစိုးရင်(ကမာရွတ်မဲဆန္ဒနယ်) မှ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ကမာရွတ်လှည်းတန်းဈေး
ကြီး ပြုပြင်စဉ်က ပျံကျဈေးသည်များကို ကမာရွတ်လှည်းတန်း ပေ ၅၀ လမ်းပေါ်မှာ ယာယီရောင်းချခွင့်ပြု့ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုပေးထားကြောင်း၊လှည်းတန်းဈေးကြီး ဆောက်လုပ်
ပြီးစီးသော်လည်း ပေ ၅၀ လမ်းပေါ်မှာရှိသည့် ပျံကျဈေးသည်များသည် ယနေ့ထက်တိုင် နံနက် ၅ နာရီမှ ည ၉ နာရီခွဲ ၁၀နာရီအထိ စည်းကမ်းမဲ့စွာ ရောင်းချလျက်ရှိကြောင်း၊
ပျံကျဈေးသည်များ တစ်နေကုန်ဈေးထွက်နေသည့်အတွက် ပိတ်ဆို့နေပြီး မော်တော်ယာဉ်များ ဝင်/ထွက်ရန် အခက်အခဲနဲ့လည်း တွေ့ကြုံနေရကြောင်း၊ပျံကျဈေးကို အမှီပြုပြီး လှည်းတန်းလမ်းမကြီးကနေ ပေ ၅၀ လမ်း
ကိုဝင်သည့် အိမ်တွေဘက်တွင်လည်း ဈေးဆိုင်များဖွင့်လှစ်ရောင်းချလျှက်ရှိရာ ရပ်ကွက်လမ်းကို အဝင်ပိတ်
ဆို့ပြီး မီးဘေးအန္တရာယ်ရှိပါက မီးသတ်ကားများဝင်ရန် အခက်အခဲကြုံတွေ့နေကြောင်း

၊ပေ ၅၀ လမ်း ၁ မှ ၇ လမ်းအထိ ဆောက်ထားသော အိမ်များမှာ အထပ်မြင့်တိုက် များ ဖြစ်သည့်အတွက် ရပ်ကွက်အင်္ဂါရပ်နဲ့အညီ ဥပဓိရုပ်ကောင်းမွန် သော်လည်း လမ်းများ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုနှင့် ဈေး
သည်များ စည်းမဲ့ ကမ်းမဲ့ရောင်းချမှုကြောင့် ရပ်ကွက်အင်္ဂါပျက်စီးရပြီး ရပ်ကွက်အတွင်းရှိပြည်သူများ စိတ်
မချမ်းမြေ့စွာ နေကြရသော ကြောင့်ပျံကျဈေးသည်များအား မည်ကဲ့သို့ စနစ်တကျနေရာချထားပေးပြီး မြို့
အင်္ဂါနဲ့အညီဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းသွားပါ
သည်။

ထို့နောက် ကမာရွတ် လှည်းတန်းဈေးကြီးသည် ဈေးအင်္ဂါရပ်နှင့်မညီဘဲ သန့်ရှင်းသာယာမှု၊ သပ်ရပ်မှုနည်း
ပါး သောကြောင့် ခေတ်နှင့်အမီ အကြီးစားပြုပြင်ပေး ရန်အတွက် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်းကို
လည်းမေးမြန်းသွားပါသည်။

ပြည်သူ့လွတ်တော်

0 comments:

Post a Comment