Pages

Thursday, January 24, 2013

မြန်မာစစ်အစိုးရတပ်မှ အပြင်းထန်ဆုံး ထိုးစစ်ကို ယနေ့ ပြုလုပ်

မြန်မာစစ်အစိုးရတပ်မှ အပြင်းထန်ဆုံး ထိုးစစ်ကို ယနေ့ ပြုလုပ်ခဲ့တယ်။ ခယာဘွမ်တောင်ကြောအား အင်တပ်ဘွမ်တောင်ကြောနှင့်ပွိုင့် ရရ၁ တောင်ကုန်းပေါ်မှ ၁၀၅ ၊၁၂၀ ၊ ၈၂မမ လက်နက်ကြီးများဖြင့် တရပ်စပ် မနားတမ်းပစ်ခတ်ခဲ့ပြီး မြေပြင်ထိုးစစ် စစ်အင်အား အမြောက်အများ အသုံးပြုပြီး ထိုးတက်ကာ တိုက်ခိုက် ခဲ့တယ်။ ကေအိုင်အေ ဌာနချုပ် အထူးလုံခြုံရေး တပ်ဖွဲ့ ဝင် များ က ခယာဘွမ် တစ်ဝိုက်မှ နေရာယူကာ အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေပါတယ် ။ သိန်းစိန်အစိုးရတပ် သည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဒေါ့ဖုန်ယန်သို့ သံချပ်ကာကား အပါဝင်၊  ရေတပ် အဖွဲ့များပါ ခေါ်ယူ အင်အား ဖြည့်ထား ခဲ့ပါတယ် ။ 
၂၄ နာရီ အတွင်း ခယာဘွမ်တောင်ကြောအား သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်သွားရန် နေပြည်တော် မှ အမိန့် ပေး ညွန်ကြားထားကြောင်း သိရတယ် ။
 Jade Land News:

0 comments:

Post a Comment