Pages

Thursday, January 24, 2013

ကန်ထရိုက်တိုက်များသာမက ကွန်ဒိုများတွင် ကားပါကင်ပြဿနာကြီးထွားလာ

Photo: ကန်ထရိုက်တိုက်များသာမက ကွန်ဒိုများတွင် ကားပါကင်ပြဿနာကြီးထွားလာ

ရန်ကုန်၊ဇန်န၀ါရီ-၂၀

မော်တော်ယာဉ်တင်သွင်းမှု များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာမလုံလောက်သည့် ပြဿနာများ ရင်ဆိုင်လာရပြီး အချို့ကွန်ဒိုမီနီယံများတွင် ယာဉ်ရပ်နားမည့် တစ်နေရာစာအတွက် ကျပ်သိန်း ၇၀ ၀န်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ရန်ကုန်မြို့ခံများထံမှ သတင်းရရှိသည်။

လက်ရှိ တည်ဆောက်ပြီးသော ကွန်ဒိုမီနီယံအများစု၌ လူနေအိမ်ခန်းတစ်ခန်းလျှင် ကားတစ်စီးစာနေရာကို ထည့်သွင်း ရောင်းချခြင်း (သို့မဟုတ်) နေရာငှားရမ်း ရပ်နားခွင့်ပေးကြောင်း ကွန်ဒိုဆောက်လုပ်သည့် လုပ်ငန်းရှင်များက ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကားတစ်နေရာစာ ပါကင်ထိုးဖို့အတွက် ကျပ်သုံးဆယ့်ခြောက်သိန်း ပေးဝယ်ရတယ်။ ဒီနှစ်ဆိုရင် ကျပ်သိန်း ၆၀ နဲ့ ၇၀ လောက်ထိ ပေါက်တယ်။ ၀ယ်မယ့်သူရှိတာတောင် ရောင်းမယ့်သူမရှိလို့ ခက်နေတယ်။
ငှားတာကတော့ တစ်လကို လေးသောင်းကျပ်လောက်နဲ့ ငှားရတာမျိုးလည်းရှိတယ်” ဟု သီရိကွန်ဒို
သာယာရေးကော်မတီ အတွင်းရေးမှူး ဦးရဲကျော်သူက ပြောကြားသည်။

မော်တော်ယာဉ် ရပ်နားမှုများ ပိုမိုအဆင်ပြေစေရန်အတွက်မူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသာမက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း မြေနေရာများ သီးခြားစီစဉ်ပေးမည်ဆိုပါက ပို၍အဆင်
ပြေမည်ဖြစ်ကြောင်း တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးစိန်ဝင်းကပြောသည်။

“အခန်းတစ်ခန်းကို ကားတစ်စီးနှုန်းပဲ ရပ်ခွင့်ပေးနိုင်တယ်။ မြေအနေအထားအရ တစ်စီးထက်ပိုပြီး ရပ်ခွင့်ပေးဖို့မလွယ်သေးဘူး” ဟု ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ရပ်နားမည့် နေရာများ လုံလောက်စွာ ရရှိနိုင်စေရန် နေရာသစ်များ တိုးချဲ့ဆောက်လုပ်
နေပြီး လက်ရှိအချိန်တွင် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

“အရင်က ယာဉ်ရပ်နားခွင့် မရှိတဲ့နေရာတွေမှာ ကားတွေ ပလက်ဖောင်းပေါ်တက်ပြီး တရားမ၀င်ရပ်တယ်။ အခု အဲဒီပလက်ဖောင်းတွေကို လှီးပစ်ပြီး ကားပါကင်တွေအဖြစ် တရားဝင်ရပ်ခွင့်ပေးလိုက်တယ်” ဟု မြို့တော်စည် ပင်မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုးအောင်ကပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ဆက်လက်လုပ်ဆောင်သွားမည့် စီမံကိန်းများတွင်  ကားပါကင်များ ထည့်သွင်းဆောက်လုပ်သွားရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဦးတိုးအောင်က ဆက်ပြောသည်။

လက်ရှိ ပထမအကြိမ်အဖြစ် ဗိုလ်ချုပ်လမ်း၊ ဗဟန်းရေတာရှည်လမ်း၊ ရေကျော်လမ်းနှင့် ဗိုလ်တထောင်လမ်းများတွင် လမ်းဘေးပလက်ဖောင်းများကိုဖျက်ကာ ကားပါကင်များအဖြစ် ပြန်လည်လုပ်ဆောင်လျက်ရှိကြောင်း သိရပြီး မော်တော်ယာဉ်နားခနှုန်းထားများမှာလည်း ယခင်နှုန်းထားများ အတိုင်းသာဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းဦးကလည်း “အဆောက်အအုံတွေကို တစ်လုံးချင်းဆောက်တဲ့နည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူဘူး။ အစိုးရလည်းပါဝင်၊ ကန်ထရိုက်တိုက် အများကြီးစုပေါင်းပြီး စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်နိုင်မှရမယ်။ ကားပါကင်နေရာအတွက် ကန်ထရိုက်တိုက်တစ်လုံးဖြုတ်၊ တစ်လုံးဆောက်နဲ့တော့ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး” ဟုပြောသည်။

ထို့အပြင် အထပ်မြင့်တိုက်များတွင် မော်တော်ယာဉ်ရပ်နားရန် အဆောက်အအုံတစ်ခု ထပ်မံ ပူးတွဲဆောက်လုပ်မည်ဆိုပါက ကုန်ကျစရိတ် မြင့်မားမှုများ ကြုံလာနိုင်ကြောင်း Asia Express ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

သူက “ကားပါကင်ကို သုံးထပ်၊ လေးထပ် ထည့်ဆောက်မယ်ဆိုရင် အခန်းက တန်ဖိုးအရမ်းမြင့်သွားလိမ့်မယ်။ လူတွေက ဈေးအရမ်းကြီးလို့ မ၀ယ်နိုင်ရင် ဆောက်လုပ်ရေးသမားတွေအတွက် ထိခိုက်နိုင်တယ်” ဟု ဆက်လက်ပြောသည်။

JICA (Japan InternationalCooperation Agency)နှင့် ရန်ကုန်မြို့တော်စည်ပင်တို့ ပူးပေါင်းလုပ်ဆောင်မည့် မဟာရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာဗျူဟာ နှစ် ၃၀ စီမံချက်တွင် နောင်ဆောက်လုပ်မည့် စီမံကိန်းများ၌ ကလေးကစား ကွင်းများ၊ ကားပါကင်များနှင့် အမှိုက်စွန့်ပစ်ရန် မြေနေရာများ ပါဝင်သည့် စနစ်မျိုးများ ရရှိနိုင်ရန် လူထုကိုယ်စားလှယ်များကလည်း ၀ိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း မြေယာစီမံခန့်ခွဲမှုပညာရှင် ဒေါက်တာကျော်လတ်က အကြံပြုသည်။

ကွန်ဒိုအခန်းများ ၀ယ်ယူနေထိုင်သူအများစုတွင် အများဆုံး ကားအစီးရေ ၄ စီးခန့်နှင့် အနည်းဆုံးတစ်စီးခန့် ပိုင်ဆိုင်ကြကြောင်း ကွန်ဒိုနေထိုင်သူများထံမှ သိရသည်။

မေလ ၇ ရက်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက နိုင်ငံခြားဘဏ်ငွေစာရင်းရှိသူတိုင်းကို ၂၀၀၇ ခုနှစ် မော်ဒယ်အထက်ကားများကို တန်ဖိုးသတ်မှတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုခဲ့ပြီး အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် မူဝါဒများ ပြောင်းလဲပြီး ၁၆ လတာ ကာလအတွင်း သွင်းကုန်ပါမစ် လိုင်စင်ထုတ်ပြီး ကားအစီးရေ ၇၇၅၀၀ စီး တင်သွင်းပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မော်တော်ယာဉ်တင်သွင်းမှု များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာမလုံလောက်သည့် ပြဿနာများ ရင်ဆိုင်လာရပြီး အချို့ကွန်ဒိုမီနီယံများတွင် ယာဉ်ရပ်နားမည့် တစ်နေရာစာအတွက် ကျပ်သိန်း ၇၀ ၀န်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ရန်ကုန်မြို့ခံများထံမှ သတင်းရရှိသည်။ လက်ရှိ တည်ဆောက်ပြီးသော ကွန်ဒိုမီနီယံအများစု၌ လူနေအိမ်ခန်းတစ်ခန်းလျှင် ကားတစ်စီးစာနေရာကို ထည့်သွင်း ရောင်းချခြင်း (သို့မဟုတ်) နေရာငှားရမ်း ရပ်နားခွင့်ပေးကြောင်း ကွန်ဒိုဆောက်လုပ်သည့် လုပ်ငန်းရှင်များက ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကားတစ်နေရာစာ ပါကင်ထိုးဖို့အတွက် ကျပ်သုံးဆယ့်ခြောက်သိန်း ပေးဝယ်ရတယ်။ ဒီနှစ်ဆိုရင် ကျပ်သိန်း ၆၀ နဲ့ ၇၀ လောက်ထိ ပေါက်တယ်။ ၀ယ်မယ့်သူရှိတာတောင် ရောင်းမယ့်သူမရှိလို့ ခက်နေတယ်။
ငှားတာကတော့ တစ်လကို လေးသောင်းကျပ်လောက်နဲ့ ငှားရတာမျိုးလည်းရှိတယ်” ဟု သီရိကွန်ဒို
သာယာရေးကော်မတီ အတွင်းရေးမှူး ဦးရဲကျော်သူက ပြောကြားသည်။

မော်တော်ယာဉ် ရပ်နားမှုများ ပိုမိုအဆင်ပြေစေရန်အတွက်မူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသာမက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း မြေနေရာများ သီးခြားစီစဉ်ပေးမည်ဆိုပါက ပို၍အဆင်
ပြေမည်ဖြစ်ကြောင်း တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးစိန်ဝင်းကပြောသည်။

“အခန်းတစ်ခန်းကို ကားတစ်စီးနှုန်းပဲ ရပ်ခွင့်ပေးနိုင်တယ်။ မြေအနေအထားအရ တစ်စီးထက်ပိုပြီး ရပ်ခွင့်ပေးဖို့မလွယ်သေးဘူး” ဟု ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ရပ်နားမည့် နေရာများ လုံလောက်စွာ ရရှိနိုင်စေရန် နေရာသစ်များ တိုးချဲ့ဆောက်လုပ်
နေပြီး လက်ရှိအချိန်တွင် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

“အရင်က ယာဉ်ရပ်နားခွင့် မရှိတဲ့နေရာတွေမှာ ကားတွေ ပလက်ဖောင်းပေါ်တက်ပြီး တရားမ၀င်ရပ်တယ်။ အခု အဲဒီပလက်ဖောင်းတွေကို လှီးပစ်ပြီး ကားပါကင်တွေအဖြစ် တရားဝင်ရပ်ခွင့်ပေးလိုက်တယ်” ဟု မြို့တော်စည် ပင်မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာန ဒုတိယဌာနမှူး ဦးတိုးအောင်ကပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ဆက်လက်လုပ်ဆောင်သွားမည့် စီမံကိန်းများတွင် ကားပါကင်များ ထည့်သွင်းဆောက်လုပ်သွားရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဦးတိုးအောင်က ဆက်ပြောသည်။

လက်ရှိ ပထမအကြိမ်အဖြစ် ဗိုလ်ချုပ်လမ်း၊ ဗဟန်းရေတာရှည်လမ်း၊ ရေကျော်လမ်းနှင့် ဗိုလ်တထောင်လမ်းများတွင် လမ်းဘေးပလက်ဖောင်းများကိုဖျက်ကာ ကားပါကင်များအဖြစ် ပြန်လည်လုပ်ဆောင်လျက်ရှိကြောင်း သိရပြီး မော်တော်ယာဉ်နားခနှုန်းထားများမှာလည်း ယခင်နှုန်းထားများ အတိုင်းသာဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းဦးကလည်း “အဆောက်အအုံတွေကို တစ်လုံးချင်းဆောက်တဲ့နည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူဘူး။ အစိုးရလည်းပါဝင်၊ ကန်ထရိုက်တိုက် အများကြီးစုပေါင်းပြီး စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်နိုင်မှရမယ်။ ကားပါကင်နေရာအတွက် ကန်ထရိုက်တိုက်တစ်လုံးဖြုတ်၊ တစ်လုံးဆောက်နဲ့တော့ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး” ဟုပြောသည်။

ထို့အပြင် အထပ်မြင့်တိုက်များတွင် မော်တော်ယာဉ်ရပ်နားရန် အဆောက်အအုံတစ်ခု ထပ်မံ ပူးတွဲဆောက်လုပ်မည်ဆိုပါက ကုန်ကျစရိတ် မြင့်မားမှုများ ကြုံလာနိုင်ကြောင်း Asia Express ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဒေါ်သက်သက်ခိုင်က ပြောကြားသည်။

သူက “ကားပါကင်ကို သုံးထပ်၊ လေးထပ် ထည့်ဆောက်မယ်ဆိုရင် အခန်းက တန်ဖိုးအရမ်းမြင့်သွားလိမ့်မယ်။ လူတွေက ဈေးအရမ်းကြီးလို့ မ၀ယ်နိုင်ရင် ဆောက်လုပ်ရေးသမားတွေအတွက် ထိခိုက်နိုင်တယ်” ဟု ဆက်လက်ပြောသည်။

JICA (Japan InternationalCooperation Agency)နှင့် ရန်ကုန်မြို့တော်စည်ပင်တို့ ပူးပေါင်းလုပ်ဆောင်မည့် မဟာရန်ကုန်မြို့ ပြဖွံ့ဖြိုးရေး မဟာဗျူဟာ နှစ် ၃၀ စီမံချက်တွင် နောင်ဆောက်လုပ်မည့် စီမံကိန်းများ၌ က
aလးကစား ကွင်းများ၊ ကားပါကင်များနှင့် အမှိုက်စွန့်ပစ်ရန် မြေနေရာများ ပါဝင်သည့် စနစ်မျိုးများ ရရှိနိုင်
ရန် လူထုကိုယ်စားလှယ်များကလည်း ၀ိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း မြေယာစီမံခန့်ခွဲမှုပညာရှင် ဒေါက်
တာကျော်လတ်က အကြံပြုသည်။

ကွန်ဒိုအခန်းများ ၀ယ်ယူနေထိုင်သူအများစုတွင် အများဆုံး ကားအစီးရေ ၄ စီးခန့်နှင့် အနည်းဆုံးတစ်စီးခန့် ပိုင်ဆိုင်ကြကြောင်း ကွန်ဒိုနေထိုင်သူများထံမှ သိရသည်။

မေလ၇ ရက်မှစ၍စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက နိုင်ငံခြားဘဏ်ငွေစာရင်းရှိသူတိုင်း
ကို ၂၀၀၇ ခုနှစ် မော်ဒယ်အထက်ကားများကို တန်ဖိုးသတ်မှတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုခဲ့ပြီး အစိုးရသစ်
လက်ထက် ကားတင်သွင်းခွင့် မူဝါဒများ ပြောင်းလဲပြီး ၁၆ လတာ ကာလအတွင်း သွင်းကုန်ပါမစ် လိုင်စင်
ထုတ်ပြီး ကားအစီးရေ ၇၇၅၀၀ စီး တင်သွင်းပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 
 
7day News:

0 comments:

Post a Comment