Pages

Thursday, January 24, 2013

ပေပေ တေတေ PSY ဘ၀ ကောက်ကြာင်း

(Credit to Myo Than)

((( ပေပေ တေတေ PSY ဘ၀ ကောက်ကြာင်း )))

တလက်စတည်း Psy အကြောင်း ဆက်ပြောလိုက်မယ်။ ခလေးတွေများ သိချင်မလားလို့။ နံမည်အရင်း က Park Jae-sang. အရူး ( Psycho ) ဆိုတဲ့ စကားနဲ့ နီးစပ်အောင် နံမည်ကို psy လို့ယူထားတယ် ( သူ့ပထမဆုံး album က Psy from the PSYcho World! )။ 

အဖေက electronic ပစ္စည်းထုတ်တဲ့ ကုမ္ပဏီ က လူကြီး၊ အမေ က ဟိုတယ် ဖွင့် ထားတဲ့ gangnam မှာ နေကြတဲ့ သူဌေးတွေ။ သူတို့အမွေ ဆက်ခံမည့်သားလေး ဖြစ်လာမလား မျှော်လင့်ထားတာ မျက်နှာရူးလေး ဖြစ်လာတော့ စိတ်ညစ်ကြတယ်။ ငယ်ငယ်ကတည်းက ဆရာမ ရိုက်ရင် သေပါပြီ၊ ကယ်ကြပါဦးဗျို့ လို့ အော်ပြီး လူဝိုင်းကြည့်အောင် လုပ်တတ်တယ်။ သူ့အဖေ က သားလေးကို ချစ်လို့ Bruce Lee လက်သီးတွေ၊ kick တွေနဲ့ ဆုံးမလေ့ ရှိတယ်။ ကြီးလာတော့ အဖေ နဲ့ ဝေးအောင် အမေရိကား မှာ ကျောင်းတက်ချင်တယ် လုပ်တယ်။ Business Administration ကို ဝင်ခွင့်အောင်သွားတော့ သူ့အဖေ အံ့အားသင့်ပြီး ကျောင်းပေးတက်တယ်။ ကျောင်းတက်ချိန် မပြည့်လို့ မဖြေရတော့ ငါ ဘာကို တကယ် ဝါသနာပါလဲ ထိုင်စဉ်းစားတယ်။ အဲဒီအချိန်မှာ kpop တွေ ခေတ်စားလာတော့ ဂီတ လိုင်းပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး မိဘတွေ အသိမပေးပဲ ဂီတ ကျောင်းပြောင်းတက်တယ်။ ကျောင်းက ပွဲရှိတော့ ဖိတ်စာကို အိမ်ကို ပို့လိုက်တော့ အဖိုးကြီး ဂေါက်တံဆွဲပြီး လေဆိပ်အတင်းဆင်းသေးတယ်။ ဒါနဲ့ ဂီတကျောင်း ကလည်း ထွက်လိုက်ရတယ်။
 နောက် သီချင်းတွေဆို၊ အင်တာနက်ထဲတင်၊ ဝင်ငွေရအောင် ကိုရီးယား သီချင်းတွေကို dance mix လုပ်ပြီး ကိုရီးယား karaoke ဆိုင်တွေ လိုက်ရောင်းနဲ့ အမေရိကားမှာပဲ ပေတေ နေတယ်။ ကံကောင်းချင်တော့ အင်တာနက်တင်ထားတဲ့ သူ့ သီချင်းတွေကို သဘောကျသွားတဲ့ ကိုရီးယားက သီချင်းထုတ်လုပ်တဲ့ ကုမ္ပဏီ တခုက သူတို့နဲ့ တွဲပြီး အဆိုတော် လုပ်ဖို့ ကမ်းလှမ်းတာနဲ့ ကမန်းကတန်း ပြန်ချလာတယ်။ လေဆိပ်မှာ လူချင်းလည်းတွေ့ရော နိုင်ငံခြားပြန် ပညာတတ်၊ ရုပ်ချော၊ ထောင်ထောင်မောင်းမောင်း သူဌေးသား ဖြစ်မှာပဲ လို့ မှန်းထားမိတဲ့ ကုမ္ပဏီက လူတွေ ရီတဲ့လူက ရီ၊ မှိုင်တဲ့လူက မှိုင် ဖြစ်ကုန်တယ်၊ ကုမ္ပဏိ ဥက္ကဌဆို ဒါကြီးကို ဘယ်လိုလုပ်ကြမှာလဲကွာ လို့ တခွန်းပဲ ပြောနိုင်တယ်။ နောက်တနေ့ ကုမ္ပဏီ ဧည့်ခံပွဲမှာ ကိုရီးယားက နံမည်ကျော်အဆိုတော်တွေက သီချင်းတွေဆိုကြတယ်၊ သူတို့လည်း ပြီးရော Psy က သူတို့ ဆိုခဲ့တဲ့ ပုံအတိုင်း တူအောင် အတုလုပ်ပြီး လိုက်ဆိုတယ်၊ အဲဒါကို ဥက္ကဌ က သဘောကျပြိး ဒို့ဆီမှာ ဒါမျိုး မရှိသေးဘူး၊ မင်းအဲဒီ လိုင်းကို ဆိုကွာ ဆိုပြိး ဆုံးဖြတ်လိုက်တယ်၊ အဲဒီကတည်းက တရားဝင် စီးပွားဖြစ် မျက်နှာရူးတော့တာပဲ။ တခါတလေ Beyonce လိုတောင် ဝတ်ပြီး ဆိုလိုက် ကလိုက်သေးတယ်။ Gangnam style က သူရဲ့ ခြောက်ခွေမြောက် PSY 6 (Six Rules), Part 1 album ထဲက သီချင်းတပုဒ်ပေါ့။ အက က cowboy အက ကိုယူထားတာ။ အောက်က link မှာ will smith က ထားတာကို ကြည့်လို့ ရတယ်။
http://www.youtube.com/watch?feature=player_embedded&v=GCFRJEjM3fc
သီချင်းအလိုက် က လည်း တခြားက ယူတယ် ပြောကြတယ်။
http://www.youtube.com/watch?feature=player_embedded&v=j7_lSP8Vc3o
အဲဒါတွေ own tune မဟုတ်ပေမယ့် မျက်နှာရူးတာကတော့ PSY ရဲ့ ကိုယ်ပိုင်ဖြစ်မယ်ထင်တယ်။
Jump On It - Fresh Prince
www.youtube.com
Sugar Hill Gang - Jump On It played during Fresh Prince

‎တလက်စတည်း Psy အကြောင်း ဆက်ပြောလိုက်မယ်။ ခလေးတွေများ သိချင်မလားလို့။ နံမည်အရင်း က Park Jae-sang. အရူး ( Psycho ) ဆိုတဲ့ စကားနဲ့ နီးစပ်အောင် နံမည်ကို psy လို့ယူထားတယ် ( သူ့ပထမဆုံး album က Psy from the PSYcho World! )။ အဖေက electronic ပစ္စည်းထုတ်တဲ့ ကုမ္ပဏီ က လူကြီး၊ အမေ က ဟိုတယ် ဖွင့် ထားတဲ့ gangnam မှာ နေကြတဲ့ သူဌေးတွေ။ သူတို့အမွေ ဆက်ခံမည့်သားလေး ဖြစ်လာမလား မျှော်လင့်ထားတာ မျက်နှာရူးလေး ဖြစ်လာတော့ စိတ်ညစ်ကြတယ်။
ငယ်ငယ်ကတည်းက ဆရာမ ရိုက်ရင် သေပါပြီ၊ ကယ်ကြပါဦးဗျို့ လို့ အော်ပြီး လူဝိုင်းကြည့်အောင် လုပ်တတ်
တယ်။ သူ့အဖေ က သားလေးကို ချစ်လို့ Bruce Lee လက်သီးတွေ၊ kick တွေနဲ့ ဆုံးမလေ့ ရှိတယ်။ ကြီး
လာတော့ အဖေ နဲ့ ဝေးအောင် အမေရိကား မှာ ကျောင်းတက်ချင်တယ် လုပ်တယ်။ 

Business Administration ကို ဝင်ခွင့်အောင်သွားတော့ သူ့အဖေ အံ့အားသင့်ပြီး ကျောင်းပေးတက်တယ်။
 ကျောင်းတက်ချိန် မပြည့်လို့ မဖြေရတော့ ငါ ဘာကို တကယ် ဝါသနာပါလဲ ထိုင်စဉ်းစားတယ်။ 

အဲဒီအချိန်မှာ kpop တွေ ခေတ်စားလာတော့ ဂီတ လိုင်းပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး မိဘတွေ အသိမပေးပဲ ဂီတ ကျောင်းပြောင်းတက်တယ်။ ကျောင်းက ပွဲရှိတော့ ဖိတ်စာကို အိမ်ကို ပို့လိုက်တော့ အဖိုးကြီး ဂေါက်တံဆွဲပြီး လေဆိပ်အတင်းဆင်းသေးတယ်။ ဒါနဲ့ ဂီတကျောင်း ကလည်း ထွက်လိုက်ရတယ်။

နောက် သီချင်းတွေဆို၊ အင်တာနက်ထဲတင်၊ ဝင်ငွေရအောင် ကိုရီးယား သီချင်းတွေကို dance mix လုပ်ပြီး ကိုရီးယား karaoke ဆိုင်တွေ လိုက်ရောင်းနဲ့ အမေရိကားမှာပဲ ပေတေ နေတယ်။ ကံကောင်းချင်တော့ အင်တာနက်တင်ထားတဲ့ သူ့ သီချင်းတွေကို သဘောကျသွားတဲ့ ကိုရီးယားက သီချင်းထုတ်လုပ်တဲ့ ကုမ္ပဏီ တခုက သူတို့နဲ့ တွဲပြီး အဆိုတော် လုပ်ဖို့ ကမ်းလှမ်းတာနဲ့ ကမန်းကတန်း ပြန်ချလာတယ်။


 လေဆိပ်မှာ လူချင်းလည်းတွေ့ရော နိုင်ငံခြားပြန်ပညာတတ်၊ရုပ်ချော၊ ထောင်ထောင်မောင်းမောင်း သူဌေး
သား ဖြစ်မှာပဲ လို့ မှန်းထားမိတဲ့ ကုမ္ပဏီက လူတွေ ရီတဲ့လူက ရီ၊ မှိုင်တဲ့လူက မှိုင် ဖြစ်ကုန်တယ်၊ ကုမ္ပဏိ ဥက္ကဌဆို ဒါကြီးကို ဘယ်လိုလုပ်ကြမှာလဲကွာ လို့ တခွန်းပဲ ပြောနိုင်တယ်။ နောက်တနေ့ ကုမ္ပဏီ ဧည့်ခံပွဲမှာ ကိုရီးယားက နံမည်ကျော်အဆိုတော်တွေက သီချင်းတွေဆိုကြတယ်၊

 သူတို့လည်း ပြီးရော Psy က သူတို့ ဆိုခဲ့တဲ့ ပုံအတိုင်း တူအောင် အတုလုပ်ပြီး လိုက်ဆိုတယ်၊ အဲဒါကို ဥက္ကဌ က သဘောကျပြိး ဒို့ဆီမှာ ဒါမျိုး မရှိသေးဘူး၊ မင်းအဲဒီ လိုင်းကို ဆိုကွာ ဆိုပြိး ဆုံးဖြတ်လိုက်တယ်၊ အဲဒီက
တည်းက တရားဝင် စီးပွားဖြစ် မျက်နှာရူးတော့တာပဲ။ တခါတလေ Beyonce လိုတောင် ဝတ်ပြီး ဆိုလိုက် ကလိုက်သေးတယ်။ Gangnam style က သူရဲ့ ခြောက်ခွေမြောက် PSY 6 (Six Rules), Part 1 album ထဲက သီချင်းတပုဒ်ပေါ့။ အက က cowboy အက ကိုယူထားတာ။ အောက်က link မှာ will smith က ထားတာကို ကြည့်လို့ ရတယ်။

http://www.youtube.com/watch?feature=player_embedded&v=GCFRJEjM3fc
သီချင်းအလိုက် က လည်း တခြားက ယူတယ် ပြောကြတယ်။
http://www.youtube.com/watch?feature=player_embedded&v=j7_lSP8Vc3o
အဲဒါတွေ own tune မဟုတ်ပေမယ့် မျက်နှာရူးတာကတော့ PSY ရဲ့ ကိုယ်ပိုင်ဖြစ်မယ်ထင်တယ်။
Jump On It - Fresh Prince
www.youtube.com
Sugar Hill Gang - Jump On It played during Fresh Prince



(Credit to Myo Than)

 

0 comments:

Post a Comment