Pages

Thursday, January 24, 2013

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောမယ့် စာပေဟောပြောပွဲ

စာရေးဆရာမတစ်ဦးလည်းဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဟော
ပြောမယ့် စာပေပွဲတော်ကို ဖေဖ၀ါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိရန်ကုန်မြို့အင်းယားလိတ်ဟိုတယ် မှာ ကျင်းပမှာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
အဲဒီပွဲတော်ကိုနိုင်ငံတကာက စာရေးဆရာ၊ကဗျာဆရာ စတဲ့စာပေပညာရှင် ၂၅ရောက်နဲ့အတူ မြန်မာစာပေ
ပညာရှင် ၂၅၀ကျော် တက်ရောက်ဟောပြောမှာဖြစ်တယ်လို့သိရပါတယ်။

ဒီလိုစာပေပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတာဖြစ်တယ်လို့လည်း စာရေးဆရာ ဖေမြင့်ကပြော
ပါတယ်။

စာပေပွဲတော်အပြင် အနုပညာနဲ့ဆက်စပ်တဲ့ မြန်မာ့ရိုးရာခြင်းလုံး ရုပ်သေးစတဲ့ဖျော်ဖြေမှုတွေပါ အင်းယား
လိတ်ဟိုတယ်ရဲ့မျက်ခင်းပေါ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီမျက်ခင်းပေါ်မှာကျင်းပမယ့်ပွဲတွေကိုတော့ဘယ်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပေမယ့် ဟောပြော
ပွဲတွေနားထောင်မယ်ဆိုရင်တော့ သုံးရက်ပေါင်း ၁၅၀၀ပေးရတဲ့ လက်မှတ်ဝယ်ရမှာဖြစ်တယ်လို့ သတင်းပါး
အပ်ပါတယ် ခင်ဗျား။
 
ကိုထွန်းဝေ

0 comments:

Post a Comment