Pages

Thursday, January 24, 2013

မြို့နယ်အချို့တွင် အခမဲ့ဆေးကုခန်းများတွင်ကျယ်လာ၍ ပုဂ္ဂလိကဆေးခန်းငယ်များ လူနာလျော့လာ

အခမဲ့ဆေးခန်းများ ဖွင့်လှစ်ထားရှိ သည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ပုဂ္ဂလိကဆေးခန်းငယ်များသို့ သွား
ရောက်ကုသမှုမှာ သိသိသာသာ လျော့နည်းသွားကြောင်း အထွေထွေရောဂါကုဆရာဝန်အချို့ က ပြောကြား
သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စတင်ကာအဖွဲ့အစည်းများ၏အခမဲ့ဆေးကုသပေးသော ဆေး ခန်းများ များ
ပြားလာပြီး မြို့နယ် အချို့တွင် ထိုကဲ့သို့သော ဆေး ခန်း ငါးခန်း ဖွင့်လှစ်ကုသနေ၍ ငွေကြေးဖြင့် ကုသည့် 
 ဆေးခန်းများတွင် လူနာအရေအတွက် သိသိသာသာနည်းသွားခြင်းဖြစ်သည်။
“အရင်ကဆို တစ်နေ့ကို လူ နာ ၂၀ ကျော်လောက်ရှိတယ်။ ဒီနေ့ဆို အခုချိန်ထိ တစ်ယောက်ပဲ ရှိသေးတယ်
”” ဟုအထွေထွေ ရော ဂါကုဆရာဝန် ဒေါက်တာထွန်း သိန်းက ပြောသည်။““အခမဲ့ဆေးခန်းတွေရှိလာ တာ
ကာင်းတာပေါ့။ ဆေးကုဖို့ မတတ်နိုင်တဲ့ သူတွေအတွက် အရမ်းအဆင်ပြေတယ်။ 

ဒါပေမဲ့ ဆေးခန်းတွေကတော့ လူနာ တ ဖြည်းဖြည်း နည်းလာတာသိသာ တယ်။ အတွေ့အကြုံရှိတဲ့ ဆရာ ၀န်တွေတောင် ဒီလိုလူနာနည်း လာတဲ့အခါ အတွေ့အကြုံနည်း သေးပြီး ကျောင်းပြီးတာ မကြာ သေးတဲ့ ဆရာဝန်လေးတွေ ဘာ လုပ်ရမလဲ မသိတော့ဘူး”” ဟု ရွှေပြည်သာမြို့နယ်မှ ဆရာဝန်တစ်ဦး ကပြောသည်။

ထိခိုက်၊ ဖျားနာစသည့် အထွေထွေရောဂါများအား အဓိက ကုသပေးသော ထိုအခမဲ့ဆေးခန်း များတွင် ဖွင့်

လှစ်သည့်ရက်များ တွင်လူနာ ၆၀ဦးခန့် ကုသပေးရ ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်းမာရေး
ဆိုင်ရာ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။အခမဲ့ဆေးကုခန်းလေးခုခန့် ရှိသည့် သာကေတမြို့နယ်အတွင်း
 မှ ဆရာဝန်တစ်ဦးကလည်း ““အရင်ကဆို လူနာ ၃၀ ၀န်းကျင် လောက်က ပုံမှန်ပဲ။ အခုဆိုရင် တစ်နေ့ကို ၁၀ ယောက်တောင် မပြည့်ချင်တော့ဘူး။ 

ဒါကလည်း ကုန်ကျစရိတ်သက်သာတဲ့ အခမဲ့ဆေးခန်းကို ၀င်ငွေနည်းတဲ့အတွက် လူတွေအားကိုးကြတာ
ထုံးစံပဲလေ””ဟု အဆိုပါ ဆရာဝန်ကပြောသည်။



7day News:

0 comments:

Post a Comment