Pages

Thursday, January 24, 2013

ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို စိုးရိမ်ကြောင်း အမေရိကန်ပြောကြား

ရန်ကုန်- ဇန်န၀ါရီ ၂၄
ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် စိုးရိမ်ပူပန်ပြီး အရပ်သားများ ထိ ခိုက်သေကြေစေ ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားယုတ်စေ

သော တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို အမေရိကန်ပြည်ထောင်စု က ပြင်းထန်စွာ ဆန့်ကျင်
ကန့်ကွက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် သံရုံး က ယနေ့(ဇန်န၀ါရီ ၂၄ )တွင် သတင်းထုတ်ပြန်
သည်။
ကချင်ဒေသရှိ အရပ်သားများ၏ ဘေးကင်းလုံခြုံရေးကိုလည်း အမေရိ ကန်ပြည်ထောင်စုက များစွာ စိုးရိမ်
ပူပန်ပြီး အကူအညီလိုအပ်နေသော နေရာ များသို့ မြန်မာအစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း
စာနာထောက်ထားသောအကူအညီပေးရေး အေဂျင်စီများကိုအတားအဆီးမရှိဝင်ခွင့်ပြုရန် လည်း ထုတ်ပြန်
ချက်တွင် တိုက်တွန်းထားသည်။ 

မြန်မာအစိုးရ၏ ကြေညာချက်အရ ဇန်န၀ါရီ ၁၉မှ စကာ အပစ်အခတ်ရပ်စဲထားပြီ ဆိုစေကာမူ မြန်မာ့တပ်

မတော်သည် ကချင်လွတ်မြောက်ရေး တပ်တော်ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီးဝန်းကျင်တွင် ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေ သည် ကို မီဒီယာများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ သတင်းများ က
ဖ်ာပြနေကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ 

ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် အရပ်သား စစ်ဘေးဒုက္ခသည်ဦးရေ မှာ ခြောက်သောင်းကျော်ရှိပြီး ယင်း

တို့အတွက် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း လိုင်ဇာမြို့ စစ်ပြေး
ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ ထံမှ သိရသည်။

7days News:

0 comments:

Post a Comment