Pages

Thursday, January 24, 2013

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်မည့် Play Cross Road ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးငယ် Milla Hniang ပါဝင်ယှဉ်ပြိုင်

မြန်မာနိုင်ငံမှ အသက် (၂၂) နှစ်အရွယ် ချင်းအမျိုးသမီး Milla Hniang သည် နယူးယောက်မြို့ Medicine Square Gerden တွင် ပြုလုပ်မည့် Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံရကြောင်း သိရှိရသည်။ မေရီလန်းပြည်နယ်တွင် ပြုလုပ်သည့် Country Musi Chart ပြိုင်ပွဲတွင် ပထမဆုရရှိပြီး အဆိုပါ Play Cross Road တွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပရိတ်သတ်များထံမှ ၁၀၀% Support လုပ်သူ အနုပညာရှင်တစ်ဦးကိုသာ ရွေးချယ်မည်ဖြစ်ပြီး ယခုအချိန်တွင် Milla သည် ၉၀% Support သို့ ရောက်ရှိနေကြောင်း သိရသည်။ ထပ်မံကာ ရာခိုင်နှုန်းတိုး မတိုးကိုမူ ဒိုင်များမှသာ ကြည့်ရှုခွင့်ရမည် ဖြစ်သည်။

အဆိုပါ Play Cross Road သည် အကြီးဆုံး ဂီတာပွဲတော်ဖြစ်ပြီး Support လုပ်သူ ၁၀၀% ပြည့်ပါက Medicine Square Gerden တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် အောင်မြင်သော အနုပညာရှင်များနှင့်အတူ ပူးပေါင်းဖျော်ဖြေ တင်ဆက်ခွင့်ရရှိမည် ဖြစ်သည်။ ယခုအချိန်တွင် ၉၀% သို့ ရောက်ရှိနေသည့် အနုပညာရှင်များစာရင်းတွင် မီလာသည် ၆ (သို့) ၈ box စာရင်းတွင် ရောက်ရှိနေကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မီလာအား http://www.playcrossroads.com/u/Milladhiang ၌ Support ပြုလုပ်နိုင်ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် မွေးဖွားသော မီလာသည် ဇန်န၀ါရီလ ၈ ရက်နေ့တွင် Tate Music Group မှ သူမ၏ ကိုယ်ပိုင်သီဆိုသော သီချင်းများကို Youtube တွင် တွေ့ရှိပြီး Wagon Wheel အမည်ရှိ ကိုယ်ပိုင်သံစဉ် တေးသီချင်း (၈) ပုဒ် ပါဝင်သည့် တစ်ကိုယ်တော် သီချင်းခွေကို ထုတ်လုပ်ဖြန့်ချိပေးခဲ့သည်။ အသက် (၄) နှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့ပြီး အသက် ၈ နှစ်အရွယ်တွင် ဖခင်မှခေါ်၍ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာလခဲ့သည်။ ငယ်စဉ်ကတည်းကပင် ပိုလီယိုရောဂါ ခံစားနေရပြီး လက်ရှိတွင် ချိုင်းထောက်ကိုအသုံးပြုကာ လှုပ်ရှားနေရသည်ဟု သိရသည်။

Eleven Media Group

0 comments:

Post a Comment