Pages

Tuesday, February 11, 2014

တရုတ်မယားအဖြစ် ရောင်းစားခဲ့သည့်မိသားစုကို လူကုန်ကူးမှု ပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်

RangonNewsDaily: February . 11 .2014
စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့နယ်မှ ၁၉ နှစ်အရွယ်အမျိုး သမီးတစ်ဦးကို တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံ၌ အလုပ်ရမည်ဆိုပြီး လိမ်လည်ခေါ်ဆောင် ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သည့် သားအမိသားအဖသုံးဦးကို အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ရောင်းစားခံရသူအမျိုးသမီးငယ် မှာ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဖျင်တင်းရှန် မြို့ ထန်ချွင်းရွာတွင် ရောက်ရှိနေကြောင်း သိရသဖြင့် ပြန်လည်ကယ်တင်ရရှိရေး တပ်ဖွဲ့ စု(မူဆယ်)မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံး နှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအတွင်းက တစ်ရွာတည်းနေထိုင်သူ ဦး.....၊ ဒေါ်....နှင့် သမီး မ....(တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျနေသူ) တို့ သုံးဦးက ရွာသို့ရောက်ရှိလာပြီး ၎င်းင်း၏သမီးအား တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံတွင် တစ်လလျှင် တရုတ်ငွေ ယွမ် ၂၀၀၀ ခန့်ရရှိ မည်ဟုပြောကာခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားတစ်ဦးထံ ယွမ် ၆၈၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း တရုတ်မယားအဖြစ် ရောင်းစားခံရသူ အမျိုးသမီးငယ်၏ ဖခင် ထံမှသိရသည်။
::
““ခေါ်သွားတဲ့ မိသားစုက မကြာ ခင်မှာ လားရှိုးကိုပြောင်းသွားတယ်။ ပြီးခဲ့တဲ့ လလောက်က သူတို့မိသားစုရွာကိုပြန်လာ တယ်။ သမီးက ဖိနပ်စက်ရုံမှာ အလုပ်ကောင်း ကောင်းလုပ်နေတယ်လို့ပြောတယ်။ ဇန်န ၀ါရီ ၄ ရက်ကမှာ သမီးနဲ့အင်တာနက်မှာ အဆက်အသွယ်ရခဲ့တယ်””ဟု အမျိုးသမီး ငယ်၏ ဖခင်ကပြောသည်။

ရောင်းစားခံရသူ အမျိုးသမီးငယ် မှ ကိုယ်ဝန်ရှစ်လရှိနေပြီဖြစ်ကြောင်းသိရ သဖြင့် တပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ် ၍ ရောင်းစားခဲ့သူမိသားစုသုံးဦးကို အရေး ယူပေးရန်တိုင်ကြားခဲ့သောကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃ဝရက်က မူဆယ် မြို့မရဲစ ခန်းမှ (ပ)၁၈/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ (က)ဖြင့် အဆိုပါမိသားစုဝင်သုံးဦးကို အမှုဖွင့်အရေး ယူခဲ့ခြင်းဖြစ်သည်။
::
““တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ လူ ကုန်ကူးမှုတွေမှာ တရုတ်မယားအဖြစ် ရောင်း စားခံရမှုက ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိနေတယ်။ အဲဒါကြောင့် မြန် မာအမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံကို သွားပြီးအလုပ်လုပ်မယ်ဆိုရင် အလွန် အန္တရာယ်များတဲ့အတွက် အလုပ်ကိုသွား မလုပ်သင့်ဘူး””ဟု နေပြည်တော်လူကုန်ကူး မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်း နိုင်က ပြောသည်။

၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ် ပွားခဲ့ပြီး တရုတ်နိုင်ငံတွင် ၅၉ မှုဖြစ်ပွားခဲ့ ကြောင်း၊ အဆိုပါအမှုများထဲတွင် အဓမ္မမွေး စားမှုနှစ်မှု၊ အဓမ္မအလုပ်စေခိုင်းမှုနှစ်မှုဖြစ် ပြီး ကျန် ၅၅မှုမှာ မယားအဖြစ် ရောင်းစား သည့်အမှုများဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

Yangon Media ::-- kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment