Pages

Tuesday, February 11, 2014

အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို

Photo: အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို|

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

" အလိမ်အညာတွေပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာရော၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာပါ ရန်ကုန်-မန္တလေး အမြန်လမ်းတိုးချဲ့ဖို့ စီမံချက်မရှိပါဘူး။ စီမံချက်တစ်ခုနဲ့ မန္တလေးကိုရောက် တဲ့အခါ ကျွန်တော်တို့လည်း ဒီကိစ္စကို ကြားခဲ့ပါတယ် " ဟု အဆိုပါ အရာရှိကပြောဆိုသည်။

အမြန်လမ်းမကြီးအား တစ်ဖက်လျှင် ၁၄ ပေချဲ့ခြင်းလုပ်ငန်းစီမံချက် လုံးဝမရှိကြောင်း၊ ပြည်ပအကူအညီများရရှိရန် အမြန်လမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်ပါက အများပြည်သူသို့ တရားဝင်
ကြေညာပြီးအိတ်ဖွင့်တင်ဒါများ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတိုးချဲ့ရန် ကုမ္ပဏီ တစ်ခုလျှင် ၁၂ မိုင်လုပ်ခွင့်ရမည်ဖြစ် ကြောင်း၊ကွန်ကရစ်လမ်းမ၏ဘေးမှ ၁၄ ပေ အကျယ်မြေညှိပြီး ကတ္တရာခင်း ၍ အမာခံလမ်းပခုံး သုံးပေအထိ
ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းပုံအဆင့်ဆင့် သတ်မှတ်ချက်များဖြင့် ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လိုက်လံအလုပ်စပ်နေသော အဖွဲ့များရှိကြောင်း ကုမ္ပဏီအချို့ထံမှ သိရသည်။

" လုပ်ချင်ရင် စပေါ်ကျပ်သိန်းငါးသောင်း ဒါမှမဟုတ် ကျပ်သိန်းငါးသောင်း နဲ့ညီမျှတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ Block သဘောတူကတိပြုနိုင်ရမယ်ဆိုပြီးလာ ပြောပါတယ်။ သူတို့က လူကြီးကိုပိုင်တယ်ဆိုပြီးလည်း ပြောတယ် "ဟု ရန်ကုန် မြို့ရှိ ဆောက်လုပ်
ရေးကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလမ်း ချဲ့ရန်စီမံချက်လုံးဝမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

RangonNewsDaily: February . 11 .2014
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။" အလိမ်အညာတွေပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာရော၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာပါ ရန်ကုန်-မန္တလေး အမြန်လမ်းတိုးချဲ့ဖို့ စီမံချက်မရှိပါဘူး။ စီမံချက်တစ်ခုနဲ့ မန္တလေးကိုရောက် တဲ့အခါ ကျွန်တော်တို့လည်း ဒီကိစ္စကို ကြားခဲ့ပါတယ် " ဟု အဆိုပါ အရာရှိကပြောဆိုသည်။

အမြန်လမ်းမကြီးအား တစ်ဖက်လျှင် ၁၄ ပေချဲ့ခြင်းလုပ်ငန်းစီမံချက် လုံးဝမရှိကြောင်း၊ ပြည်ပအကူအညီများရရှိရန် အမြန်လမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်ပါက အများပြည်သူသို့ တရားဝင်
ကြေညာပြီးအိတ်ဖွင့်တင်ဒါများ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတိုးချဲ့ရန် ကုမ္ပဏီ တစ်ခုလျှင် ၁၂ မိုင်လုပ်ခွင့်ရမည်ဖြစ် ကြောင်း၊ကွန်ကရစ်လမ်းမ၏ဘေးမှ ၁၄ ပေ အကျယ်မြေညှိပြီး ကတ္တရာခင်း ၍ အမာခံလမ်းပခုံး သုံးပေအထိ
ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းပုံအဆင့်ဆင့် သတ်မှတ်ချက်များဖြင့် ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လိုက်လံအလုပ်စပ်နေသော အဖွဲ့များရှိကြောင်း ကုမ္ပဏီအချို့ထံမှ သိရသည်။

" လုပ်ချင်ရင် စပေါ်ကျပ်သိန်းငါးသောင်း ဒါမှမဟုတ် ကျပ်သိန်းငါးသောင်း နဲ့ညီမျှတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ Block သဘောတူကတိပြုနိုင်ရမယ်ဆိုပြီးလာ ပြောပါတယ်။ သူတို့က လူကြီးကိုပိုင်တယ်ဆိုပြီးလည်း ပြောတယ် "ဟု ရန်ကုန် မြို့ရှိ ဆောက်လုပ်
ရေးကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလမ်း ချဲ့ရန်စီမံချက်လုံးဝမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စံတော်ချိန်  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment