Pages

Friday, October 19, 2012

အောက်တိုဘာ လ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ကို တက္ကသိုလ် ကျောင်းသားများ စုပေါင်းကာ ကျောင်းသားများ ဘဝလုံခြုံရေး ဆန္ဒပြမည်

 
ရခိုင်ပြည်နယ် အတွင်းရှိ ကျောင်းသူ ကျောင်းသားများ ဘဝလုံခြုံမှု ရရှိရေး အတွက် ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ တက္ကသိုလ် ကျောင်းသားများ စုပေါင်းကာ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ကို အောက်တိုဘာ လ ၂၄ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သွားမည ဖြစ်ကြောင်း စစ်တွေ တက္ကသိုလ် ကျောင်းသားများ ထံမှ သိရှိရသည်။
ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈ဝဝ ဦးခန့် က ပြုလုပ်သွားမည် ဖြစ်ပြီး ဆန္ဒ ဖော်ထုတ်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များထံ အောက်တိုဘာလ ၁၉ ရက်နေ့က ခွင့်ပြုစာ တင်ခဲ့ကြောင်း အဆိုပါ ကျောင်းသားများက ဆိုသည်။

"လုံခြုံရေးက ဘယ်လိုမှ စိတ်ချရတာ မဟုတ်ဘူး။ သူတို့က ကြိုက်တဲ့ အချိန်အန္တရာယ် ပြုနိုင်တယ်"ဟု ရခိုင်ပြည် ကျောင်းသား သမဂ္ဂ (ယာယီ) အတွင်းရေးမှူး ဦးမင်းစောခိုင် က ဆိုသည်။

ရခိုင်ပြည်နယ် တစ်ဝန်း ဘင်္ဂါလီ ကျေးရွာများ ရှိသည့် မြို့နယ် များတွင် တက်ရောက်ပညာ သင်ယူ နေကြ
 သော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှာ ဘင်္ဂါလီများက ရန်ပြု လာပါက လုံခြုံရေး အခြေအနေ စိုးရိမ် ရကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂ (ယာယီ) အတွင်းရေးမှူး ဦးမင်းစောခိုင်က ပြော
ကြား သည်။

အဆိုပါ ဆန္ဒ ဖော်ထုတ်ပွဲတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များနှင့် ရခိုင်ပြည်နယ် အတွင်း ရှိ
ကျောင်းသား အားလုံး လုံခြုံ စိတ်ချစွာ ပညာ သင်ယူနိုင်ရန် အတွက် စာသင်ကျောင်းများ အနီးတွင် ရှိသော ဘဂါင်္လီ ကျေးရွာများကို အမြန်ဆုံး ဖယ်ရှားပေးရန်၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် တက္ကသိုလ် အနီးတွင် လုံခြုံ စိတ်ချရသော အဆောင်များ ဆောက်လုပ် ပေးရန်၊ ပြည်နယ် အစိုးရ အနေဖြင့်
 ကျောင်းသားများ အတွက် ဈေးနှုန်း သက်သာသော ကျောင်းကြိုပို့ မော်တော်ကား များကို ဆောင်ရွက် ပေး
ရန် စသည့် အချက်များကို တောင်းဆို သွားမည် ဖြစ်ကြောင်း ၄င်းတို့က ပြောကြား သည်။

ဆန္ဒ ဖော်ထုတ်ရာ တွင် "ဘင်္ဂလီများ နှင့် အတူယှဉ်တွဲ ပညာ သင်ရန် လုံးဝ မဖြစ်နိုင်" ဟူသည့် ဆိုင်းပုဒ် များ
ကို ကိုင်ဆောင် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည် ကျောင်းသား သမဂ္ဂ (ယာယီ)အတွင်းရေးမှူး ဦးမင်းစောခိုင်
 က ဆိုသည်။

ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စစ်တွေမြို့ ရှိ လောကနန္ဒာ စေတီရင်ပြင် ပေါ်တွင် စုဝေးမည် ဖြစ်ပြီး ယင်းမှ လမ်း
မကြီး အတိုင်း ချီတက်ကာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုမှု ပြုလုပ် သွား မည်ဖြစ်
ကြောင်း ကျောင်းသား များ၏ ပြောကြား ချက်အရ သိရှိ ရသည်။
 
 
The Street View

0 comments:

Post a Comment