Pages

Friday, October 19, 2012

သံတွဲမြို့တွင် ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် များကို က.ည.န အဖွဲ့က မတရားငွေတိုး ကောက်ခံနေ(ပေးစာ)




ရွှေမြန်မာမီဒီယာမှ တာဝန်ရှိသူများခင် ဗျာ  .. ပြည်သူများအမှန်တစ်ကယ်ခံ စားနေရသည့် အကျင့်ပျက်ခြ
စား ၀န်ထမ်း တို့၏ လုပ်ရပ်များကို တာဝန်ရှိသူများသိရှိစေလိုပါသဖြင့် ယခုပို့ပေးသောသတင်းကို ရွှေမြန်မာ မီဒီယာတွင်  တင်ပေးစေလိုပါသည်ခင်ဗျား ..
``ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် တွေကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး လုပ်ပေးနေတယ်။ က.ည.န အဖွဲ့က လိုင်စဉ်သက်တမ်း တိုးမြှင့်တဲ့အခါ ဆိုင်ကယ်တစ်စီးကို လိုင်
စင်သက်တမ်း မကုန်မီ လဲသူကို (၁၄၅၀၀ိ/-) ၊ သက်တမ်းကျော်နှစ်လကို (၁၅၅၀၀ိ/-) ၊ သုံးလကို (၁၇၅၀၀ိ/-) / (၂၁၀၀၀ိ/-) စသဖြင့် အမျိုးမျိုး ကောက်ခံနေပါတယ်။
 
 လိုင်စဉ်လုပ်ပြီး စာအုပ်ကိုထုတ်ပေးပေမယ့် ငွေရပြေစာ မပါပါ။ စာအုပ် မှာပါတဲ့ ငွေနဲ့ အမှန်တစ်ကယ် ပေးရတဲ့ငွေက တစ်သောင်းလေးထောင်ကျပ်(၁၄၀၀၀ိ/-) လောက်
 ကွာနေပါတယ်။ 
 
အသက်အာမခံဌာနက ငွေရပြေစာမှာ (၁၆၀၀ိ/-) ကိုသာရေးပြီး ကောက်တဲ့အခါ (၄၀၀၀ိ/-)၊ (၃၅၀၀ိ/-) ၊ (၃၀၀၀ိ/-)၊ (၂၀၀၀ိ/-) စသည်ဖြင့် ကောက်ခံနေပါတယ်။ 
 
အခုaကာက်ခံတဲ့ငွေတွေနိုင်ငံတော်ဘဏ္ဍာကိုအပြည့်အ၀၀င်မ၀င်တာဝန်ရှိသူများ၊အုပ်ချုပ်ရေးအဖွဲ့များ ပြည်
နယ်အစိုးရအဖွဲ့ကစိစစ်ပြီးမမှန်မကန်လုပ်ရင်တော့လူသိရှင်ကြား အရေးယူသင့်နေပြီ၊ နိုင်ငံတော်သမ္မတကြီး
နဲ့ပြည်ထောင်စု ၀န်ကြီး ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများ သိရှိအောင် ပြောပြလိုက်တာပါ။´´´´
 
 
  လေးစားစွာဖြင့် ...... `သံတွဲသား´

0 comments:

Post a Comment