Pages

Friday, October 19, 2012

ငွေကုန်သက်သာပြီ အရသာရှိတဲ့ သရက်သီးသုပ် (ထိုင်း/ မြန်မာ) ပြုလုပ်နည်း



အခုတစ်ခါတင်ပေးမှာ တော့ သုတ် ကြိုက်တတ်တဲ့ သူငယ်ချင်းတွေ အတွက် အချိန်ကုန်ငွေကုန်သက်
ာ ပြီး အရသာ ရှိတဲ့ သရက်သီး သုတ် (ထိုင်စတိုင်/မြန်မာ စတိုင်) ပြုလုပ်ပုံ လေးပဲဖြစ်ပါတယ်။ ဟင်ချက်
နည်း တွေ စဉ်ဆက်မပြတ်ရေးနေတဲ့ သူငယ်ချင်းမေသဇင် ဆီကနေတဆင့်ပြန်လည်မျှဝေပေးလိုက်တာပါ။



 
သရက်သီးကို ပဲမှုန့်နဲ့ ငပိရောထားသော ချဉ်ငံစပ်သုပ်စားရမှာလား ၊ ထန်းလျက်ရည်နဲ့ ထိုင်းစတိုင် ချိုချို
စပ်စပ်သုပ်စားရမလား တွေးနေတာနဲ့ပဲ အသုပ်အရသာခံချင်တဲ့ လျှာက သရေ တစ်တောက်တောက် ကျ
လုနေပြီ။

နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်တယ် ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက် ၊ဘယ်နိုင်ငံ ဘယ်တိုင်း
ပြည်ရောက်ရောက် ဝယ်ယူစားသောက်လို့ရသည့် ထိုင်းစတိုင် သရက်သီးသုပ်ကို စွန့်လွတ်ပြီး အလွယ်တ
ကူ ဝယ်ယူ၍ မရနိုင်သည့်  ပြည်တွင်းဖြစ် ငါးပိဖုတ်နှင့် သရက်သီးသုတ်ဖို့ကိုပဲ ဆန္ဒမဲပြုလိုက်ပါတော့သည်။

ချက်ကြမယ်ဟေ့ကောင်းကောင်း အစီအစဉ်ကို အားပေးကြသည့် သူငယ်ချင်းများအတွက်တော့ နည်း (၂)မျိုး
လုံးရေးပေးလိုက်ပါ့မယ်။ ထိုင်းစတိုင်လေးလဲ ရသာကောင်းမွန်၍ မြည်းကြည့်စမ်းစေချင်ပါသည်။
ပထမဦးဆုံး မြန်မာသုပ်လေးကပဲ စကြတာပေါ့။

သရက်သီးသုပ်ရန် ပါဝင်သော ပစ္စည်းများ



၁။ သရက်သီးတစ်လုံး

၂။ ဂေါ်ဖီ အနည်းငယ်

၃။ မုန်လာဥနီ တစ်လုံး (မထည့်လဲရ၏)

၎။မြေပဲဆန် စားပွဲတင်ဇွန်း တစ်ဇွန်း

၅။ပုဇွန်ခြောက် စားပွဲတင်ဇွန်းတစ်ဇွန်း

၆။ ကြက်သွန်နီ တစ်ဥ

၇။ ငရုတ်သီးစိမ်း အနည်းငယ်

၈။မျှင်ငါးပိ (ခေါ်) စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်

၉။ဆီချက်စားပွဲတင်ဇွန်း နှစ်ဇွန်း

၁၀။ ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း

၁၁။ ငရုတ်သီးအလှော်မှုန့် ကော်ဖီဇွန်း တစ်ဇွန်း (အစပ်မကြိုက်လျှင် မထည့်ပါနှင့်)

၁၂။ ပဲမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း

ပြုပြင်ပုံ အဆင့်ဆင့်

၁။ သရက်သီးများကို ရေစင်စင်ဆေး၍ ခြစ်နှင့် ခြစ်ယူပါ။ မိမိစိတ်ကြိုက်အနေအထား အရွယ်အစာ ခြစ်ယူပါ။
 ခြစ်ချင်သလိုသာ ခြစ်လိုက်ပါတော့ ငါ့ဘဝက မင်းလက်ထဲမှာ (သရက်သီး၏ အော်သံ)

၂။ဂေါ်ဖီတွေကိုလဲ ပါးပါးလေးတွေ လှီးပေးပါ။ (ငယ်ငယ်ကဆို မေမေက ဂေါ်ဖီတွေ ပါးပါးလေးတွေ လှီးခိုင်း
ရင် စိတ်က မရှည်ဘူး။ ဂေါ်ဖီထုပ် တစ်ထုပ်လုံးကို အခွံနွှားဓားနဲ့ ဆွဲပြီးခြစ်ချလိုက်ရော။ အဲ့လိုလုပ်တော့
 ဂေါ်ဖီပါးပါးလွလွလေးတွေ ရလာတယ်လေ.. ဂေါ်ဖီပါးပါးလှီးတဲ့နည်း ပေးတာ)

အသုပ်သုပ်ရင် မုန်လာဥနီလေးတွေ ခြစ်ပြီးထည့်တယ်။ ဘာလို့လဲလို့ မေးရင် ရိုးသားစွာ ဖြေပါ
မယ်။ အသုပ်လေး အမြင်လှအောင်လို့ပါ။ မေတို့တွေ နှုတ်ခမ်းနီ၊ပါးနီတွေနဲ့ အလှဆင်သလိုပဲ အသုပ်လေး
ကိုလဲ အမြင်လှအောင် မုန်လာဥနီလေး ခြစ်ထည့်ပြီး အလှဆင်တာပါ။ အသုပ်လေးကို မြင်သူငေးမိကာ စား
ချင်စိတ်တွေ ဖြစ်လာအောင်လို့ပေါ့။

၎။ကြက်သွန်ဖြူကို ပါးပါးလှးပြီး ဆီချက်ချက်မယ်နော်။ ဟိုတစ်ခါက မမမေရေ ဆီချက်ဆိုတာ ဘယ်လိုချက်ရ
လဲလို့ မေးတဲ့ မောင်လေးတွေကို ဆီချက်ဘယ်လိုချက်ရလဲပါ တစ်ခါထဲ ပြောပေးထားတယ်။ နောက်တစ်ခါ
 မြန်မာသုပ်သုပ်ရင် မေးစရာမလိုတော့အောင်ပါ။ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။



ပြီးလျှင် မီးဖိုပေါ်ဆီအိုးတည် ဆီပူလာလျှင် ကြက်သွန်ဖြူထည့်၊နံနွင်းမှုန့်လေး ထည့်ပြီး ကြက်သွန်နီအညို
ရောင်သန်းလာလျှင် ဆီကျက်ဖြစ်ပါပြီ။ အနည်းငယ် အညိုရောင်သန်းလာလျှင် မီးဖိုပေါ်မှ ဖယ်လို့ရပြီနော်။ 

ဆီမှာ အပူရှိန်တွေ ရှိနေသေးတော့ သူ့ဘာသာကျွတ်သွားလိမ့်မယ်။ ကျွတ်မှ အိုးဖယ်ရင် ကြက်သွန်တွေ တူး
ကုန်လိမ့်မယ်။



၅။မြေပဲဆန်ကို မညက်တစ်ညက်လေး ထောင်းလိုက်ပါ။ ပုဇွန်ခြောက်ကိုလဲ ရေဆေးပြီးအမှုန့်ထောင်းလိုက်
ပါ။

၆။ ငါးပိကို အနံ့လေး ပိုမွှေးအောင် မီးအနည်းငယ်ပြလိုက်တယ်(မီးဖုတ်တာပေါ့) ပြည်ပနေသူကတော့ ငါးပိ
မီးဖုတ်ဖို့ လွယ်မည်မထင်ပါ။ စားရဲလျှင် ထိုတိုင်းသာစားတော့။ မစားရဲလျှင်တော့ ပန်းကန်လုံးထဲထည့်ပြီးအိုး
ထဲမှာ ရေအနည်းငယ်ထည့်၊ ပန်းကန်လုံးကို အိုးထည့်ထည့်ပြီး ရေနွေးငွေ့နှင့် အနည်းငယ်ပေါင်းပေးလိုက်ပါ။

၇။ ကြက်သွန်နီ၊ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပေးလိုက်ပါ။အားလုံးအဆင်သင့် ဖြစ်လျှင်တော့ ပါဝင်ပစ္စည်း
အားလုံးထည့် ရောသမွှေပြီး နယ်ပေးလိုက်ပါတော့။ရှူးရှူး ရှဲရှဲ သရက်သီးသုပ်စားကြမယ်ကွယ်။



 ချိုချိုစပ်စပ်ကိုမှ ကြိုက်သူတွေအတွက် ထိုင်းစတိုင် သရက်သီးသုပ် လာပြီနော်။



၁။ သရက်သီး တစ်လုံး

၂။မုန်လာဥနီ တစ်လုံး

၃။ ပုဇွန်ခြောက် စားပွဲတင်ဇွန်းတစ်ဇွန်း

၎။ပုဇွန် (၆)ကောင်ခန့်

၅။ကြက်သွန်နီ အကြွပ်ကြော် စားပွဲတင်ဇွန်း တစ်ဇွန်းခန့် (သို့)ကြက်သွန်နီ ၂ ဥခန့် အကြွပ်ကြော်ပေးရန်

၆။ ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးပြီး အစိမ်းထည့်ရန်)

၇။မြေပဲဆန်လှော် စားပွဲတင်ဇွန်း နှစ်ဇွန်း

၈။ငရုတ်သီးစိမ်းတောင့် အနည်းငယ်

၉။ ငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း

၁၀။ ထန်းလျက်ခဲ နှစ်ခဲ (အရည်ပျော်အောင် မီးဖြစ် အပူပေးလိုက်ပါ)

ပြုလုပ်ပုံအဆင့်ဆင့်

၁။ သရက်သီး၊မုန်လာဥနီကို ခြစ်ယူလိုက်ပါ။

၂။ ပုဇွန်ကို ကျက်အောင်ချက်လိုက်ပါ။ လှော်၍သော်လည်းကောင်း၊ရေအနည်းငယ်နှင့် ပြုတ်၍သော်လည်း
ကောင်း

၃။ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းထောင့်၊ထန်းလျက်ရည်၊ငံပြာရည်၊ကြက်သွန်နီအကြွပ်
ကြော် စသည်တို့ကို ခြစ်ထားသော သရက်သီး၊မုန်လာဥနီတို့ပေါ်တွင် ဖြန့်ခင်း၍ သမအောင် မွှေလိုက်ပါ။


ရောသမမွှေ သုပ်ပြီးလျှင်တော့ ဟောဒီက သရက်သီးသုပ် ချိုချို၊ ချဉ်ချဉ်၊ စပ်စပ်လေးဗျို့။


သူငယ်ချင်းအားလုံး အရသာရှိတဲ့ ဟင်လျှာလေးများ ကိုယ်တိုင် လုပ်တတ်နိုင်ကြပါစေဗျာ


မေသဇင်(ဖူးစာရှင်လေး) ကိုအထူးကျေးဇူးတင်လျှက်
 
ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment