Pages

Friday, October 19, 2012

ဆီးရီးယားက ပစ်ခတ်သည့် မော်တာကျည်ဆန်တူရကီ နိုင်ငံဘက်သို ကျရောက် ပေါက်ကွဲ

ဆီးရီးယားက ပစ်ခတ်သည့် မော်တာကျည်ဆန် တူရကီသို့ရောက်

တူရကီ နိုင်ငံဘက်သို့ ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်သော မော်တာကျည်ဆန်တစ်လုံး ကျရောက် ပေါက်
ကွဲခဲ့ကြောင်း တူရကီ အစိုးရက ပြောကြားလိုက်သည်။ ဗုဒ္ဓဟူးနေ့က တူရကီ တောင်ပိုင်းဒေသ ဆီးရီးယားနှင့်
 နယ်နိမိတ် ထိစပ်နေသော ရွာလေးတစ်ခုတွင် မော်တာကျည်ဆန် ကျရောက်လာခဲ့ခြင်းဖြစ်ပြီး လူအသေ
အပျောက် မရှိဟု သိရသည်။
တူရကီတို့က အဆိုပါ မော်တာကျန်ဆန်သည် ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်ခြင်းဟု စွပ်စွဲထားပြီး ဟာဆီပါ
ဆာ ရွာငယ်လေးအနီး ကွင်းပြင်တစ်ခုသို့ ကျရောက်လာကြောင်း ပြောဆိုခဲ့သည်။

တူရကီ နယ်ခြားစောင့်တပ်ကလည်း မော်တာကျည်ဆန် ကျရောက်ပြီးသည်နှင့် ချက်ချင်းလိုလိုဆီးရီးယား
နိုင်ငံဘက်သို့ တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ တူရကီ အစိုးရက မော်တာကျည်ဆန် ကျရောက်မှုတွင် အသေအပျောက် အထိအခိုက် မရှိသော်လည်း ဆီးရီးယား၏ ကျူးကျော်မှုကို ဒေါသထွက်ကြောင်း ပြောကြား
ထားသည်။

 ပြီးခဲ့သည့် သီတင်းပတ်က တူရကီနှင့် ဆီးရီးယားတို့သည် နယ်စပ်ဒေသ အနီးတွင် လက်နက်ကြီးဖြင့် အပြန်
အလှန် ပစ်ခတ်မှုများ ရှိခဲ့သလို နှစ်နိုင်ငံ နယ်စပ်ပြဿနာမှာ ပိုမို၍ ဆိုးရွားလာခဲ့သည်။

ထို့အပြင် တူရကီက ဆီးရီးယား၏ ခရီးသည်တင် လေယာဉ်များကို တားဆီးကာ လက်နက်များ တင်ဆောင်
လာကြောင်း ဖော်ထုတ် တွေ့ရှိမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ လုံးဝ အနုတ်လက္ခဏာ ပြလာခဲ့သည်။

တူရကီ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ နက်ဒက်အိုဇဲလ်သည် ပြီးခဲ့သည့် သီတင်းပတ်က နယ်စပ်အနီးရှိ အက်ကာကေးလ်မြို့သို့ သွားရောက်ကာ နယ်စပ်အခြေအနေကို လေ့လာခဲ့ပြီး မိမိတို့မြေပေါ်သို့ ဆီးရီးယား စစ်လက်နက်များ နောက်ထပ် ကျရောက် ပေါက်ကွဲပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သတိ
ပေး ပြောဆိုထားသည်။


Planet Myanmar Network:

0 comments:

Post a Comment