Pages

Friday, October 19, 2012

အိန္ဒိယမှ မြန်မာသို့ ငြိမ်းချမ်းရေး ဗုဒ္ဓလက်ဆောင် လှူဒါန်းမည်




 ရွှေတိဂုံဘုရားတွင် တည်ထားပူဇော်နိုင် ရန်အတွက် ဉာဏ်တော် ၁၆ ပေရှိ ဗုဒ္ဓရုပ်ပွားတော် တဆူကို အိန္ဒိယနိုင်ငံမှ ‘ငြိမ်းချမ်းရေး လက်ဆောင်’ အဖြစ် ပေးပို့ လှူဒါန်းမည်ဟု သိရှိရသည်။
အေဒီ ၅ ရာစု၊ ဂုပတ္တမင်းဆက်ခေတ် အနုပညာလက်ရာ ပုံစံအတိုင်း ထုံးကျောက်ဖြင့် ပြန်လည်ထုဆစ်ထား
သည့် ထိုင်တော်မူ ရုပ်ပွားတော်ကို လာမည့် သီတင်းပါတ်အတွင်း ရေကြောင်းလမ်းဖြင့် ပင့်ကာ ရန်ကုန်မြို့
တွင် တည်ထား ကိုးကွယ်နိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်တွင်လည်း ဖူးမြော်ကြည်
ညိုနိုင်ရန်ပြသထားမည်ဟု Times of India တွင် ရေးသားထားသည်။

မည်သည့်ကိုယ်တော်ပုံတူ ဖြစ်နိုင်မည်ကိုအသေအချာမသိရှိရသေးသော်လည်းUP ပြည်နယ်၊ဗာရာဏသီမြို
့အနီး တွင် ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာ တရားဦး ဟောကြားရာမိဂဒါဝုန်ရှိ ဂန္ဓကုဋိတိုက်အ
တွင်းမှ ထိုင်တော်မူ ကိုယ်တော်အတိုင်း ထုဆစ်ထားခြင်းဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံရောက် စာသင်သား
 မြန်မာ သံဃာတော်များက မဇ္ဈိမကို မိန့်ကြားသည်။

သင်္ဘောဖြင့် ပင့်ဆောင်မည့် အဆိုပါ ရုပ်ပွားတော်မှာ မကြာမီ ကျရောက်တော့မည့် အဘိဓမ္မာနေ့ (သီတင်း
ကျွတ်) တွင် ရွှေတိဂုံသို့ ဆိုက်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။


နယူးဒေလီ (မဇ္ဈိမ) 

0 comments:

Post a Comment