Pages

Friday, October 19, 2012

ပုံစံမကျသော နေထိုင်ပြောင်းလဲမှုနှင့် စောင့်ကြိုနေသော ရောဂါများ

Photo

မြန်မာလူထုအတွင်း ပြောင်းလဲလာသည့် နေထိုင်စားသောက်မှု ပုံစံများမှ ဖြစ်ပွားသော ကူးစက်ခြင်းကြောင့် မဟုတ်သည့် ရောဂါများ ဖြစ်ပွားမှု ပိုမိုများပြားလာကာ နောက်နှစ်အနည်းငယ်အတွင်း ထိုကဲ့သို့သော ရော
ဂါများကြောင့် အသက်ဆုံးရှုံးမှုမှာလည်း အများဆုံးဖြစ်လာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သုံးသပ်
ပြောကြားသည်။

ကျန်းမာရေးနှင့် မညီညွတ်သော လူနေမှုပုံစံများကြောင့် အသက်ကြီးလာသည့်အခါ ရောဂါများခံစားရပြီး စိတ်မချမ်းသာစွာ နေထိုင်ရမှုမှ ကင်းဝေးစေရန် ငယ်ရွယ်စဉ်ကပင် ဂရုပြုနေထိုင်ပါက ထိုနာတာရှည်ခံစားရ
သည့် ရောဂါများအား အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သက်ကြီးဆရာဝန်များစင်တာတွင်
 ပြုလုပ်သည့် သက်ကြီးများနှင့် လူနေမှုဘ၀ဆိုင်ရာရောဂါများ ဟောပြောပွဲ၌ ပါမောက္ခနေ၀င်းကပြောသည်။

သက်ကြီးရွယ်အိုနှင့် ဖြစ်ပွားမှု များပြားပြီး ဂရုပြုသင့်သည့် နေထိုင်စားသောက်မှုမှတစ်ဆင့် အခြေတည်ဖြစ်
သော ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများလည်းရှိသည်။

သက်ကြီးရွယ်အိုနှင့် အ၀လွန်ခြင်းအသက်ကြီးလာသည့်အခါ ခန္ဓာကိုယ်အတွင်းမှ ကြွက်သားများ ကျုံ့သွား
သည့်အတွက် ထိုကျုံ့သွားသည့် ကြွက်သားနေရာတွင် အဆီများစုပုံလာခြင်းကြောင့် ပုံမှန်အားဖြင့်ဝလာလေ့
ရှိသည်။ အ၀လွန်လာခြင်းမှာ ကျန်းမာရေးအရ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အများသိရှိပြီး ဖြစ်သော်
လည်း ၀မ်းဗိုက်တွင် အဆီစုပြီး ၀သူများမှာ ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်လေ့ရှိသည်။

 သွေးတွင်းအဆီများသည် ၀မ်းဗိုက်နံရံနှင့် ၀မ်းဗိုက်အတွင်း ကလီစာများတွင် စုပုံနေသည့်အတွက် ဗိုက်ပူ
လာပြီး ထိုနေရာရှိ အဆီများသည် အခြားနေရာများရှိ အဆီများနှင့် မတူညီဘဲ အန္တရာယ်ရှိသောပစ္စည်းများ ထုတ်သည့်အတွက် နောက်ဆက်တွဲရောဂါများလည်း ဆက်လက်ဖြစ်လာနိုင်သည်။

အ၀လွန်ခြင်းကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါများအပြင် အခြားရောဂါ
များလည်း ဆက်စပ်ဖြစ်ပွားလာနိုင်ကြောင်း ဆရာဝန်များကပြောသည်။သက်ကြီးရွယ်အိုနှင့် သွေးတိုးရောဂါ
အသက်ကြီးလေလေ သွေးတိုးရောဂါ ဖြစ်ပွားလာနိုင်လေဖြစ်ပြီး အသက် ၆၀ ကျော်လာလျှင် လူနှစ်ဦးတွင်
တစ်ဦး သွေးတိုးရောဂါ ဖြစ်ပွားနေသည်။

 သွေးတိုးပုံသည် အသက်အရွယ်အလိုက် ပြောင်းလဲပြီး ထိရောက်သော ကုသမှုမရှိပါက နောက်ဆက်တွဲ
 လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါများကိုပါ ဖြစ်ပွားပြီး အသက်ပါဆုံးရှုံးစေသည့် ရောဂါတစ်ခု
လည်းဖြစ်သည်။

သက်ကြီးရွယ်အိုနှင့် သွေးချိုရောဂါဖြစ်ပွားမှုများပြီး နောက်ဆက်တွဲ ရောဂါအမျိုးမျိုးဖြင့် အန္တရာယ်ပေးသည့်
 ရောဂါတစ်မျိုးလည်း ဖြစ်သည်။ အသက်ကြီးလေ သွေးချိုဖြစ်ရန် အခွင့်အရေး ပိုမိုများပြားလေဖြစ်ပြီး အ
သက် ၆၅ နှစ်ကျော်သည့် သက်ကြီးရွယ်အိုဆယ်ဦးတွင် တစ်ဦးဖြစ်ပွားနေကြောင်း ဒေါက်တာနေ၀င်းကပြော
သည်။

ခန္ဓာကိုယ်အတွင်း ပန်ကရိယမှ ထုတ်လုပ်ပေးသည့် အင်ဆူလင်ဟော်မုန်းသည် စားသုံးလိုက်သည့် အချို
ဓာတ်များအား ဆဲလ်များအတွင်းသို့ ပို့ဆောင်ပေးသည်။ အသက်ကြီးလာသည့်အခါ ပန်ကရိယမှ အလုပ်
ကောင်းကောင်း မလုပ်နိုင်သည့်အခါ    အင်ဆူလင်ထုတ်လုပ်ပေးနိုင်မှု မရှိခြင်း၊ ထုတ်လုပ်သည့် အင်ဆူ
လင်ဟော်မုန်းအားလည်း ဆဲလ်များမှ မတုံ့ပြန်ခြင်းတို့ကြောင့်  အချိုဓာတ်များ ဆဲလ်အတွင်းသို့ မ၀င်ရောက်
တော့ဘဲ သွေးအတွင်းစုနေရာမှ သွေးချိုရောဂါဖြစ်ပွားလာသည်။

သွေးချိုရောဂါဖြစ်ပွားသည့်အခါ သွေးချိုနှင့်အတူ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောပျက်
စီးခြင်းနှင့် နှလုံးနှင့်ပတ်သက်သည့် ရောဂါများ အစုအဝေး ဆက်လက်ဖြစ်ပွားသည့် ရောဂါလည်းဖြစ်ကြောင်း သိရသည်။“မ၀င်ခင်မှာ ကာကွယ်တာလောက် ထိရောက်တာမရှိဘူး။

ဝင်ပြီးရင်တော့ တားဖို့မစဉ်းစားနေတော့နဲ့။ နောက်မှာ ရောဂါတွေက တန်းစီပြီးစောင့်နေတယ်။ ရှေ့ပိုင်း
ရောဂါမ၀င်ခင် အချိန်လေးပေးထားတုန်းမှာ အင်တိုက်အားတိုက်နဲ့ ကုသသင့်တယ်။ ပေါ့ပေါ့လေးနေခဲ့ရင်
 နောက်ပိုင်းမှာ ရောဂါပေါင်း သောင်းခြောက်ထောင်နဲ့ ကုလို့ကို မဆုံးနိုင်တော့မယ့် ရောဂါမျိုးပါ”ဟု  ဒေါက်
တာနေ၀င်းကပြောသည်။

သွေးတိုးရောဂါနှင့် သွေးချိုရောဂါသည် ပူးတွဲဖြစ်ပွားလေ့ရှိပြီး သွေးတိုးရောဂါရှိသူသည် လေဖြတ်ရန်နှင့်
 နှလုံးသွေးကြောပိတ်ရန် သာမန်လူထက် သုံးဆပိုမိုအခွင့်အရေးရှိပြီး သွေးချိုရောဂါရှိသူသည် နှစ်ဆပိုမိုအ
ခွင့်အရေးများသည်။ ထိုရောဂါနှစ်ခုစလုံး ရှိသူသည် လေဖြတ်ရန်နှင့် နှလုံးသွေးကြောပိတ်ရန် သာမန်လူ
ထက် ဆယ်ဆပိုမိုများပြားကြောင်း သိရသည်။

လူတိုင်းသွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပြီး ခန္ဓာကိုယ်ဝဖြိုးပြီး ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ နီးစပ်
ရာ ဆွေမျိုးများတွင် သွေးချိုရောဂါရှိသူများ၊ သွေးတိုးနှင့် သွေးတွင်းအဆီများသူများ၊ အသက် ၄၅ နှစ်ကျော်
သူများ ပိုမိုဂရုပြု စစ်ဆေးသင့်သည်။

သက်ကြီးရွယ်အိုနှင့် သွေးတွင်းအဆီသွေးတွင်းအဆီအကြောင်း လူသိနည်းသော်လည်း အစားအသောက် အနေအထိုင် လှုပ်ရှားမှုပုံစံများအား အခြေတည်ပြီး ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ လေဖြတ်နိုင်သည့် အမျိုး
မျိုးသော အကြောင်းအရင်းများတွင် အန္တရာယ်အရှိဆုံးလည်း ဖြစ်သည်။ သွေးတွင်းအဆီပမာဏကို သိရှိနိုင်
ရန် တိုင်းတာစစ်ဆေးခြင်းဖြင့် သွေးတွင်းအဆီများခြင်းကြောင့် ဖြစ်ပွားလာမည့် ရောဂါများအား ကာကွယ်
ကုသနိုင်ကြောင်း သိရသည်။

အ၀လွန်ရောဂါ၊ သွေးတိုး၊ သွေးချို၊ သွေးတွင်းအဆီများရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ စသည်တို့သည် စားသောက်မှုပုံစံ၊ အားကစား၊ ကိုယ်လက်လှုပ်ရှားမှုနည်းသည့် ကျန်းမာရေး
နှင့် မညီညွတ်သော လူနေမှုပုံစံများမှ အစပြုလာခြင်းဖြစ်ပြီး အသက်ကြီးလာသည့်အခါ ရောဂါများအား စုပြုံ
ခံစားလာရသည်။

“ဒီလောက်ဒုက္ခပေးတဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်
စားသောက်မှု ပုံစံပါပဲ”ဟု ဒေါက်တာနေ၀င်းကပြောသည်။ကျန်းမာရေးနှင့် ညီညွတ်သည့် ပုံစံဆိုသည်မှာ
လည်း လူအများသိရှိပြီး လိုက်နာမှုသာ အားနည်းနေသေးသည့် အပြုအမူများဖြစ်သော ဆေးလိပ်၊ အရက်
 ရှောင်ကြဉ်ခြင်း၊ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အစားအသောက်များအား ဂရုပြုစားသုံးခြင်းများ
သာ ဖြစ်သည်။

ငယ်ရွယ်သည့်အချိန်တွင် ကောင်းမွန်စွာ နေထိုင်စားသောက်သည့် အလေ့အကျင့်ဖြင့် အသက်ရှည်ပြီး ကျန်း
မာသော သက်ကြီးအချိန်ကို တည်ဆောက်နိုင်ကြောင်း ဒေါက်တာနေ၀င်းကပြောသည်။


7days News:

0 comments:

Post a Comment