Pages

Friday, October 19, 2012

ဂျိုးဖြူပိုက်လိုင်းအတွက် ရေတွန်းစက် ၁၃ ခုကိုတိုးချဲ့ တည်ဆောက်

 
 
ရန်ကုန်တိုင်းအတွင်းဂျိုးဖြူရေပေးဝေရာတွင်ရေပိုက်ဖျားပိုင်းမြို့နယ်များအတွက်ထပ်ဆင့်ရေတွန်းစက်ရုံ၁၃ခုကိုတိုးချဲ့တည်ဆောက်
ပြီးဖြစ်ကြောင်း မြို့တော်စည်ပင်သာယာေ ရး ကော်မ တီကပြောဆိုသည်။
“ဂျိုးဖြူရေ ပေးဝေတဲ့အခါမှာ ရေပိုက်အရင်းပိုင်းနဲ့ အလယ်ပိုင်းကျတဲ့ မြို့နယ်တွေက ရေကောင်းကောင်းရပေမယ့်ရေပိုက်အဖျားပိုင်း
ကျတဲ့ မြို့နယ်တွေကျ ရေသိပ်မရကြဘူး။ ဒါကြောင့် ရေတွန်းစက်ရုံတွေ တိုးချဲ့ခဲ့ရတာပါ” ဟု စည်/ပင်ကော်မတီ တာဝန်ရှိသူ တဦး
ကပြောသည်။

ရေပိုက်အဖျားပိုင်း ကျနေသည့် သင်္ဃန်းကျွန်းတွင် ထပ်ဆင့်ရေတွန်းစက်ရုံ ၆ ရုံ၊ မင်္ဂလာတောင်ညွှန့်နှင့် ဗဟန်းမြို့နယ် တို့တွင်စက်ရုံ 

၁ ရုံစီ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၃ ရုံနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် ၂ ရုံ စုစုပေါင်း ထပ်ဆင့် ရေတွန်းစက်ရုံ ၁၃ ရုံကို တည်ဆောက်
ပးပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် အဆိုပါ မြို့နယ်များတွင် ယခင်ကထက် ရေအား ပိုမိုကောင်းမွန်စွာ ရရှိလာမည်ဟု ဆိုသည်။


ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment