Pages

Friday, October 19, 2012

ချမ်းအေးသာဇံ တိမ်ပြာတန်းမှ ကျူးကျော်နေထိုင်သူများအား နေရာသတ်မှတ်ပေးစေလို


ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်၊ တိမ်ပြာတန်းရပ်အကွက်(၂၈၇)အတွင်း စည်ပင် သာ
ယာနယ်နိမိတ်အတွင်း ကျူးကျော်နေအိမ်များ ၀င်ရောက်နေထိုင်ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။ ကျူးကျော်တစ်ချို့မှာ ရပ်ကွက်အတွင်း မူလနေထိုင်သူများနှင့် အဆင်မပြေဖြစ်နေကြောင်း ရပ်ကွက် အတွင်း
နေထိုင်သူများထံက သိရသည်။

“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲ လောက်ပဲရှိသေးတယ်၊ အရင်က ကွင်းပြင်ကြီး စည်ပင်သာယာက
နေပြီးတော့ ရှင်းထားတာ။ သူတို့က အိမ်ဆောက်တယ်ပြီးရင်ငှားစား တယ်။ ဘယ်ကနေ ရောက်လာပြီးဘယ်
လိုလူတွေမှန်း မသိတော့ကျနော်တို့ တစ်ခုခုဖြစ်မှာစိုးရိမ်နေရတယ်”ဟု ၄င်းရပ်ကွက်အတွင်းနေထိုင်သူ
ဦးမြတ်သိန်းက ပြောသည်။

အဆိုပါစည်ပင်ပိုင်နယ်နိမိတ်တွင် လာရောက်ကျူးကျော်နေထိုင်သောကျူးကျော်အိမ် (၁၀)လုံးထက်မနည်း ရှိနေပြီး ပတ်ဝန်းကျင်မှ လူနေအိမ်များဖြင့် အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာရောက်ဖြေရှင်းပေးသော်လည်း အဆင်ပြေမှုများရှိနေခြင်းဖြစ်သည်။

“ကျူးတွေက ပိတ်နေတဲ့ရေမြောင်းပေါ်မှာ မြေဖို့ပြီးအိမ်တွေဆောက်နေတယ်။ အနီးတစ်ဝိုက်က လူတွေနဲ့
လည်း အဆင်မပြေဘူးကျမတို့ကပြောတော့ တိုင်ချင်ရာတိုင်ဆိုပြီးပြန်ရန် ထောင်တယ်။ အဲဒီအကြောင်းတွေ မြို့နယ် စည်ပင်သာယာကိုတော့ စာတင်ထားပါတယ်။ သက်ဆိုင်ရာကနေသတ်သတ်မှတ်မှတ်လေး ဆောင်
ရွက် ပေးစေချင်ပါတယ်။”ဟု ရပ်ကွက် အတွင်းနေထိုင်သူ မမော်ကပြောသည်။

မန္တလေးမြို့အနှံအပြားတွင် ကျူးကျော်နေထိုင်သူအများအပြားရှိပြီး စည်ပင်ပိုင်မြေများ တဆင့်ပြီး တဆင့်
ရာင်းချနေခြင်းများလည်းရှိကြောင်းနှင့် စည်ပင်သာယာလာသိမ်းမှ နောက်ဆုံးနားမလည်ပဲ ၀ယ်ပြီးနေထိုင်
သူများသာ နစ်နာသော ဖြစ်စဉ်များရှိလာကြောင်းကိုလည်း ကြုံတွေ့ဖူးသူတစ်ဦးက ဆိုသည်။


မြစ်မခ မီဒီယာ



0 comments:

Post a Comment