Pages

Saturday, December 7, 2013

တီမောကို ဂိုးပြတ်အနိုင်ကစားပြီး အဖွင့်လှခဲ့သည့် ထိုင်း

RangonNewsDaily:: December . 7 .2013
ပွဲချိန်တစ်လျှောက် ခြေစွမ်းပိုင်း အသာစီးရယူ ကစားခဲ့ပြီးနောက် ထိုင်းအသင်းသည် အရှေ့တီမော အသင်း

ကို ဂိုးပြတ်အနိုင်ယူကာ အဖွင့်လှသွား ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ အဖွင့်ပွဲ အနိုင်ရခဲ့သောကြောင့် ထိုင်းအသင်း အနေဖြင့် အုပ်စုမှ လွတ်မြောက်ရန် အခြေအနေ ကောင်းသွားခဲ့ရသည်။ ထိုင်းအသင်းသည် နောက်ဆုံးကျင်း
ပခဲ့သည့်ဆီးဂိမ်း ပြိုင်ပွဲ (၂)ကြိမ်တွင်အုပ်စုမှလွတ်ခဲ့ခြင်း မရှိဘဲ အဆိုပါ အကြိမ်များတွင် ထိုင်းအသင်း အနေ
ဖြင့် အုပ်စုအဖွင့်ပွဲများတွင် နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ယခုပွဲတွင် ထိုင်းအသင်းသည် တီမော အသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး တီမော အသင်းအ
နေဖြင့်ပွဲချိန်အများစုတွင် ထိုင်းအသင်း၏ တိုက်စစ်ဆင်မှုများကိုသာ ခုခံနေခဲ့ရသည်။ ဆီးဂိမ်း (၂)ကြိမ်ဆက် အုပ်စုမှ ထွက်ခွာခဲ့ရသည့် ထိုင်းအသင်းမှာ ယခုနှစ်တွင် အုပ်စုမှ လွတ်မြောက်ရန် ရည်မှန်းထားပုံ ရပြီး တီမောအသင်းကို ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကစားခဲ့သည်။ 

တစ်ဦးခြင်း ခြေစွမ်းပိုင်းတွင်သာမက အသင်းလိုက် စွမ်းဆောင်ရည်တွင်ပါ အားနည်းသည့် တီမော အသင်း
အနေဖြင့်မူ တစ်ချက်တစ်ချက်တွင် အဝေးကန်ချက်များနှင့် ထိုင်းကို ပြန်လှန် ခြိမ်းခြောက်နိုင်သည်မှ အပ ထိ
ရောက်သည့်တိုက်စစ်ဆင်မှုမရှိခဲ့ပေ။ပွဲအစ (၂)မိနစ် မှာပင် ထိုင်းတို့ အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ထိုင်းတိုက်
စစ်မှူး အဒီဆက် ကရိုင်ဆွန်၏ တစ်ကိုယ်တော် ထိုးဖောက် ဖန်တီးပေးမှုမှ ကွင်းလယ်လူ သီတီဖန်က ဂိုးသ
မား မရှိသည့် ဂိုးပေါက်အတွင်းသို့ အပိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းအသင်းအတွက် ဒုတိယဂိုးကိုမူ ပွဲချိန် (၃၄)မိနစ်တွင် ပုတ်ခ်လော အနန်က ရယူပေးခဲ့သည်။ ထိုဂိုးကို ဘယ်ခြမ်းမှ ကွင်းလယ်လူ ခရိုရစ်၏ ဖြတ်တင်ဘောအား အပြင်းကန်သွင်း ရယူပေးခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၃၆)မိနစ်တွင်တီမော ရှေ့တန်းလူအခွင့်အရေးရခဲ့သော်လည်း တုံ့ဆိုင်းနေခဲ့သဖြင့် အရာမထင်ခဲ့ပေ။ ထိုင်း
အသင်းက ဆက်လက် ဖိကစားနေပြီး ပွဲချိန် (၄၁)မိနစ်တွင် ထိုင်းကစားသမား တစ်ဦး၏ ဧရိယာ အစပ်မှ ကန်သွင်းချက် ကောင်းမွန်ခဲ့သော်လည်း တီမော ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီး မကြာမီမှာပင် ထိုင်းတို့ တတိယဂိုး ရရန် နီးစပ်ခဲ့သည်။ ကွင်းလယ်မှ မျှောထိုးပေးလိုက်

သည့် ဘောလုံးကို ကွင်းလယ်လူ ခရိုရစ် ဂိုးသမားနှင့် တစ်ဦးခြင်း အပိုင်ကန်ရသော်လည်း တီမောဂိုးသမား ကာကွယ်ခဲ့သောကြောင့် ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ထိုင်းအသင်းအနေဖြင့်အပိုင်ဂိုးတစ်ဂိုးကို လက်လွှတ်
လိုက်ရသော်လည်း အဆိုပါ ထိုထောင့်ကန်ဘောမှ တဆင့် တတိယဂိုးကို အလွယ်တကူ သွင်းယူနိုင်ခဲ့သည်။ 

ထိုင်းကစားသမားများ လူနှစ်ဆင့် ပေးကာ အသာအယာ ခင်းပေးလိုက်သည့် ဘောလုံးကို ထိုင်းကွင်းလယ်
လူ ဒါအိုဆာဝမ်က ဧရိယာ အစပ်မှ သပ်သပ်ရပ်ရပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိုးပေးလိုက်ရခြင်း
မှာ တီမော နောက်ခံလူများ ညံဖျင်းမှုကြောင့် ဖြစ်ပြီး ဂိုးကန်သွင်းခဲ့သည့် ဒါအိုဆာဝမ်ကို လူကပ်ထားခြင်း မရှိခဲ့ပေ။ ပွဲချိန် (၅၄)မိနစ်တွင်မူ တန်ပြန်တိုက်စစ်မှ တဆင့် တီမောတို့ ဂိုးရရန် နီးစပ်ခဲ့သည်။ 

တီမော တိုက်စစ် ကစားသမား ပယ်လ်မီးယား ဘယ်ခြမ်းမှ ဆွဲဝင်လာပြီး ကန်သွင်းသည်ကို ထိုင်းဂိုးသမား ပုတ်ထုတ်လိုက်ရာ တီမော ကစားသမား တစ်ဦး အပိုင်ပြေးပိတ်ခဲ့သော်လည်း ထိုင်းဂိုးသမား သမ်ဆက်ချာ
နန် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် မိနစ်(၆၀)နောက်ပိုင်းတွင် တီမော အသင်းက ပိုမိုဖိကစားလာခဲ့ပြီး ထိုင်းအ
သင်းမှာမူ တန်ပြန်တိုက်စစ်ကိုသာ အားပြုလာခဲ့သည်။ ပွဲချိန် (၆၄)မိနစ်တွင် တီမောတို့ အပိုင်အခွင့်အရေး တစ်ကြိမ် ရခဲ့ပြန်သည်။ 

သို့သော် ဧရိယာ အစပ်မှ တိုက်စစ်မှူး အိုလီဗီယာ၏ အပိုင်ကန်ချက်ကို ထိုင်းနောက်ခံလူ ကာကွယ်နိုင်ခဲ့သည်
။ ပွဲချိန် (၆၈)မိနစ်တွင် ထိုင်းရှေ့တန်းလူ အဒီဆက် အပိုင်ကန်ခဲ့ရသော်လည်း တီမောဂိုးသမား လက်အတွင်း
၌သာ အဆုံးသတ်ခဲ့သည်။ ပွဲချိန် (၇၁)မိနစ်တွင် တီမောတို့ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့သည်။ 

ကွင်းလယ်မှကန်တင်ပေးလိုက်သည့် ဘောလုံးကိုလူစားဝင်တိုက်စစ်မှူး ဖွန်ဆီကာက ထိုင်းနောက်ခံလူ နှစ်
ဦးကြားမှ လှလှပပ ဆွဲထွက်ကာ ဂိုးသမားနှင့် အတွေ့တွင် သေသေသပ်သပ် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲ
ချိန် မိနစ်(၈၀) ခန့်တွင်မူ ထိုင်းတို့ ပြန်လည် ဖိအားပေးလာခဲ့ပြီး ထိုင်းတိုက်စစ်မှူးများ ဖြစ်သည့် အနန်နှင့် အဒီဆက်တို့နှစ်ဦး အခွင့်အရေးများ ဆက်တိုက်ရခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ 

ပွဲချိန် မိနစ်(၉၀)ပြည့်ပြီးနောက် ထပ်ဆောင်း အချိန်ပို (၄)မိနစ် သတ်မှတ်ပေးခဲ့သော်လည်း နှစ်သင်းစလုံး ဂိုး
ထပ်သွင်းယူနိုင်ခြင်းမရှိသောကြောင့်(၁-၃)ရလဒ်နှင့်ပင်ပွဲပြီးသွားခဲ့ပြီး ထိုင်းအသင်းမှာ ဆီးဂိမ်းပြိုင်ပွဲကို နိုင်
ပွဲနှင့် စတင်ဖွင့်လှစ် နိုင်ခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment