Pages

Saturday, December 7, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ် မြောင်းရှင်း ပြုလုပ်စေခိုင်း

RangonNewsDaily:: December . 7 .2013
မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက်

ဝင်ရောက်ယှဉ်ပြိုင်မည့်ကစားသမားများအနက် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ်မြောင်းရှင်း
၊ ကိစ္စများအားအားကစားဝန်ကြီးဌာနမှပြုလုပ်စေခိုင်းနေကြောင်းအားကစားကျေးရွှာနှင့်ဆီးဂိမ်းတွင်ဝင်ပြိုင်
မည့် ကစားသမားများထံမှစုံစမ်းသိရှိရသည်။
ကစားသမားများအား မြက်၊ နှုတ်မြောင်းရှင်း၊ ကိစ္စများအား တစ်ပတ်လျင် တင်္နဂနွေတစ်ရက် လုပ်ခိုင်း လျက်
ရှိပြီးကျန်ရက်များတွင် လေ့ကျင့်ရေးကွင်းများ၌အားကစားလေ့ကျင့်ခန်းများ နည်းပြများက သင်ကြားပေးလျက်
ရှိကြောင်း သိရသည်။

“တစ်ပတ်ကိုတစ်ရက်လောက်တော့ လုပ်ရတယ် မလုပ်လို့တော့မရဘူး ဒီလိုကစားသမားတွေကို မြက်နှုတ်

မြောင်းရှင်း၊ ခိုင်းတာ တခြားနိုင်ငံတွေမှာ ရှိလားမရှိလားဆိုတာကို ကျွန်တော်အနေ့နဲ့ မပြောချင်ဘူး အဲ့တာ
တွေကို ကျွန်တော်အနေနဲ့ ပြောရင် အကုန်ပါကုန်လိမ့်မယ်” ဟု အားကစားနည်းပြ တစ်ဦးကဆိုသည်။

၄၄ နှစ်ကြာပြီးမှသာ ပြန်လည်ကျင်းပခွင့်ရသည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်

စား ပြုဝင်ရောက်ယှဉ်ပြိုင်မည့်ကစားသမားများသည့်အားကစားဝန်ကြီးဌာများ၏စိတ်ကြိုကရွှေးချယ်ထားခြင်း
သာ ဖြစ်ပြီး ယင်းကဲ့သို့  ကစားသမားများအား မြက်နှုတ်မြောင်းရှင်း၊ လုပ်ခိုင်းခြင်းသည့် မည်သို့ မှမဖြစ်သင့်
ကြောင်း အားကစားသမားများ၏မိဘများကပြောသည်။

“ဒါကတော့ ဘယ်လို့ မှမဖြစ်သင့်ဘူး ဒီထက်ဆိုးတာတွေက အားကစားသမားတွေကိုထားတဲ့နေရာတွေမှာ

ဆိုရင် အဆောင်တစ်ခုမှာ ၃၀၀ ရာလောက်ပဲတန်တဲ့ ကော်ရေခွက်တစ်လုံးပေးထားတယ် အကြောင်းတစ်ခု
ပေးထားတယ်အကြောင်းတစ်ခုခုကြောင့်အဲ့ရေခွက်တစ်ခုခု ဖြစ်မယ်ဆိုရင်၃၀၀၀ ပြန်ရော်ရမယ်တဲ့ နောက်
တစ်ခု က ရေပန်းတွေတက်ထားတယ် ဒါပေမယ့် အဲဒီရေပန်းတွေ ဘယ်တော့မှ ဖွင့်မချိုးရဘူးလို့ အဲ့ဒီကလူ
တွေကပြော တယ်”ဟု အားကစားသမား တစ်ယောက်၏ မိဘတစ်ဦးကပြောပြသည်။

အထက်ပါအကြောင်းအရာများနှင့်ဆက်စပ်၍ အားကစားသမား တစ်ယောက်၏ နောက်
ထပ်မိဘတစ်ဦးက

လည်း “အားကစားတွေကို ထားမယ့်နေရာတွေကို တီဗီထဲမှာရိုက်ပြတဲ့နေရာကတစ်မျိုး တကယ်ထားတဲ့နေ
ရာတွေက တစ်မျိုး အစတုန်းကတော့ ကျွန်မအနေနဲ့ ဘယ်လိုမှမသိဘူး တကယ်တန်းကိုယ့်သားသားသမီး
တွေ ဘယ်လို နေနေရလည်းဆိုတာကို ကျွန်မ အနေနဲ့ သွားကြည့်မှသိရတာ” ဟု အားကစားမိဘတစ်ဦးက လည်းပြောပြသေးသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား
များ၏

မိဘများသည်ယင်းတို့ ၏သားသမီးပါဝင်မည့် အဖွင့်ပွဲစဉ်နှင့်အအပိတ်ပွဲစဉ်တို့ အားယခုအချိန်ထိကြည်ရှုခွင့်
မရရှိ သေးကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေမှ ၂၂ ရက်နေ့အထိ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်
ပွဲအား နေ

ပြည်တော်၊ ရန်ကုန်၊မန္တလေးမြို့ နှင့် ငွေဆောင် ကမ်းခြေများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment