Pages

Friday, February 21, 2014

ထိုင်းလယ်သမား ၁ဝဝဝ ခန့် ဗန်ကောက်မြို့သို့ ဆန္ဒပြရန် ဦးတည် ချီတက်လျက်ရှိ

Photo: ထိုင်းလယ်သမား ၁ဝဝဝ ခန့် ဗန်ကောက်မြို့သို့ ဆန္ဒပြရန် ဦးတည် ချီတက်လျက်ရှိ

ဖေဖေါ်ဝါရီ ၂၁ ရက် ၂၀၁၄ ခုနှစ်

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များမှ လယ်သမား ၁ဝဝဝ ခန့်သည် အစိုးရမှ ၎င်းတို့ကို စပါးအာမခံကြေးပေးရေး အတွက် ယာယီဝန်ကြီးချုပ် ရင်လပ်အား ဖိအားပေးရန် ဆင်းဘူရီ ပြည်နယ်မှ ဗန်ကောက်မြို့သို့ ဦးတည်ချီတက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ လယ်သမားများသည် ဖေဖော်ဝါရီ ၁၉ ရက်ညတွင် ဆင်းဘူရီပြည်နယ် အင်ဘူရီ ခရိုင်၌ အခြေပြုခဲ့ကြောင်းနှင့် ၎င်းတို့သည် ကုန်တင်ယာဉ်အစီး ၄ဝဝ ၊ ဆယ်ဘီးယာဉ် ၁ဝ စီး၊ ခြောက်ဘီးယာဉ် ၁၂ စီး၊ ပစ်ကပ်ကား အစီး ၅ဝနှင့် မော်တော်ဆိုင်ကယ်အစီး ၁၅ဝ ခန့်ဖြင့် ချီတက်လာ ကြခြင်း ဖြစ်သည်။ ၎င်းလယ်သမားများကို ချတ်ထိုင်း ပတ္တနာပါတီ အမတ်ဟောင်း ချာဒါထိုင်းဆက်က ဦးဆောင်ပြီး ၎င်းတို့အနေဖြင့် အစိုးရမှ စပါးအာမခံကြေး ပေးသည့် တိုင်အောင် အိမ်သို့ပြန်မည် မဟုတ်ကြောင်း၊ အချို့လယ်သမားများသည် သုဝဏ္ဏဘူမိ လေဆိပ်သို့ ချီတက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် လေဆိပ်သို့ ချီတက်မည်ကို ရှင်းပြခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုင်းလယ်သမား ကွန်ရက်ဥက္ကဋ္ဌ Rawee Rungruang ဦးဆောင်သော လယ်သမားများသည် ၎င်းတို့စုရုံး ဆန္ဒပြနေသည့် ကုန်သွယ်ရေး ဝန်ကြီးဌာနသို့ အဆိုပါ လယ်သမားများ လာရောက်သည် အထိ စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် ရင်လပ်အနေဖြင့် မည်သည့်အချိန် တွင် စပါးအာမခံကြေး ပေးမည်ကို ရှင်းပြရန် လယ်သမားများနှင့် ကိုယ်တိုင်တွေ့ဆုံရမည်ဖြစ် ကြောင်း Rawee က ပြောကြားခဲ့သည်။

မြ၀တီ

RangonNewsDaily: February . 21 .2014
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များမှ လယ်သမား ၁ဝဝဝ ခန့်သည် အစိုးရမှ ၎င်းတို့ကို စပါးအာမခံကြေးပေးရေး အတွက် ယာယီဝန်ကြီးချုပ် ရင်လပ်အား ဖိအားပေးရန် ဆင်းဘူရီ ပြည်နယ်မှ ဗန်ကောက်မြို့သို့ ဦးတည်ချီတက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ လယ်သမားများသည် ဖေဖော်ဝါရီ ၁၉ ရက်ညတွင် ဆင်းဘူရီပြည်နယ် အင်ဘူရီ ခရိုင်၌ အခြေပြုခဲ့ကြောင်းနှင့် ၎င်းတို့သည် ကုန်တင်ယာဉ်အစီး ၄ဝဝ ၊ ဆယ်ဘီးယာဉ် ၁ဝ စီး၊ ခြောက်ဘီးယာဉ် ၁၂ စီး၊ ပစ်ကပ်ကား အစီး ၅ဝနှင့် မော်တော်ဆိုင်ကယ်အစီး ၁၅ဝ ခန့်ဖြင့် ချီတက်လာ ကြခြင်း ဖြစ်သည်။ ၎င်းလယ်သမားများကို ချတ်ထိုင်း ပတ္တနာပါတီ အမတ်ဟောင်း ချာဒါထိုင်းဆက်က ဦးဆောင်ပြီး ၎င်းတို့အနေဖြင့် အစိုးရမှ စပါးအာမခံကြေး ပေးသည့် တိုင်အောင် အိမ်သို့ပြန်မည် မဟုတ်ကြောင်း၊ 

အချို့လယ်သမားများသည် သုဝဏ္ဏဘူမိ လေဆိပ်သို့ ချီတက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်
အတွက်ကြောင့် လေဆိပ်သို့ ချီတက်မည်ကို ရှင်းပြခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုင်းလယ်သမား ကွန်ရက်ဥက္ကဋ္ဌ Rawee Rungruang ဦးဆောင်သော လယ်သမားများသည် ၎င်းတို့စုရုံး ဆန္ဒပြနေသည့် ကုန်
သွယ်ရေး ဝန်ကြီးဌာနသို့ အဆိုပါ လယ်သမားများ လာရောက်သည် အထိ စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် ရင်လပ်အနေဖြင့် မည်
သည့်အချိန် တွင် စပါးအာမခံကြေး ပေးမည်ကို ရှင်းပြရန် လယ်သမားများနှင့် ကိုယ်တိုင်တွေ့ဆုံရမည်ဖြစ် ကြောင်း Rawee က ပြောကြားခဲ့သည်။

မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment