Pages

Friday, February 21, 2014

ဘိုင်ယန်ကို အနိုင်ကစားမည့် စိတ်မျိုးဖြင့် ဂျာမနီသို့ သွားရောက်မည်ဟု ချိန်ဘာလိန်ကတိပြု

Photo: ဘိုင်ယန်ကို အနိုင်ကစားမည့် စိတ်မျိုးဖြင့် ဂျာမနီသို့ သွားရောက်မည်ဟု ချိန်ဘာလိန်ကတိပြု

ဖေဖေါ်ဝါရီ ၂၁ ရက် ၂၀၁၄ ခုနှစ်

မိမိတို့ အနေဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမည်ဆိုသော စိတ်ဓာတ်ဖြင့် ဂျာမနီသို့ သွားရောက်မည်ဖြစ်ကြောင်း အာဆင်နယ် တောင်ပံကစားသမားလေး အဲလက်စ်အော့စ်လိဒ် ချိန်ဘာလိန်က ပြောကြားလိုက်သည်။

အိမ်ကွင်းအမ်းမရိတ်စ်တွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် အာဆင်နယ်သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ရေးအတွက် အလားအလာ နည်းသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရာသီကမူ အာဆင်နယ် အနေဖြင့် အမ်းမရိတ်စ်တွင် ဘိုင်ယန်ကို (၃-၁)ဖြင့် အရေးနိမ့်ပြီးမှ အေလီယန့်ဇ်ကွင်းကြီးတွင် (၂-၀)ဖြင့် တစ်ကျော့ပြန် အနိုင်ရခဲ့ဖူးသည်။ သို့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ လက်ရှိဘိုင်ယန်အသင်းသည် ပိုမိုတောင့်တင်းလာသည့် အခြေအနေ ရှိနေသည့်တိုင် ချိန်ဘာလိန်က ယမန်နှစ်ကကဲ့သို့ပင် ဂျာမန်မြေတွင် အနိုင်ကစားနိုင်မည်ဟု မျှော်လင့်လျှက်ရှိသည်။

"ရလဒ်ကတော့ စိတ်ပျက်စရာပေါ့လေ။ ကျွန်တော်တို့ အနေနဲ့ တစ်ယောက်လျော့သွားတဲ့ အခြေအနေမှာတောင် ကြိုးစားကစားခဲ့ကြတယ်။ (၁-၀)လောက်ပဲ ရှုံးရမယ့် အခြေအနေကနေ နောက်ထပ်တစ်ဂိုး ခွင့်ပြုလိုက်ရတာ တော်တော်ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်ဟာ စိတ်ဓာတ်ကောင်းကို ပြသနိုင်ခဲ့တယ်။ အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ သေချာပေါက် ကျွန်တော် ပြောရဲတယ်။ ဒုတိယအကျော့ ဂျာမန်မြေမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ အစွမ်းကုန် တိုက်ပွဲဝင်နေမှာပါ"ဟု အင်္ဂလန် လက်ရွေးစင် ချိန်ဘာလိန်က ဆိုသည်။

၎င်းက "ကျွန်တော်တို့ကတော့ ပွဲပြီးသွားပြီလို့ ဘယ်တော့မှ တွေးမှာမဟုတ်ဘူး။ ယုံကြည်မှုက ရှိနေတုန်းပဲ။ ကျွန်တော်တို့ လက်တွေ့ လုပ်နိုင်မှာပါ။ ကွင်းထဲမှာသာ (၁၁)ယောက်စလုံး အပြည့်အဝ ရှိနေရင် အခွင့်အရေးကောင်းတွေ ပိုရမှာပေါ့လေ။ ကျွန်တ်ေတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကတော့ တစ်ရာသီလုံးအတွက် မောင်းနှင်အား ဖြစ်လာစေမယ် ထင်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

RangonNewsDaily: February . 21 .2014
မိမိတို့ အနေဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမည်ဆိုသော စိတ်ဓာတ်ဖြင့် ဂျာမနီသို့ သွားရောက်မည်ဖြစ်ကြောင်း အာဆင်နယ် တောင်ပံကစားသမားလေး အဲလက်စ်အော့စ်လိဒ် ချိန်ဘာလိန်က ပြောကြားလိုက်သည်။အိမ်ကွင်းအမ်းမရိတ်စ်တွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် အာဆင်နယ်သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ရေးအတွက် အလားအလာ နည်းသွားပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရာသီကမူ အာဆင်နယ် အနေဖြင့် အမ်းမရိတ်စ်တွင် ဘိုင်ယန်ကို (၃-၁)ဖြင့် အရေးနိမ့်ပြီးမှ အေလီယန့်ဇ်ကွင်းကြီးတွင် (၂-၀)ဖြင့် တစ်ကျော့ပြန် အနိုင်ရခဲ့ဖူးသည်။ 

သို့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ လက်ရှိဘိုင်ယန်အသင်းသည် ပိုမိုတောင့်တင်းလာသည့် အခြေအနေ ရှိနေသည့်တိုင် ချိန်ဘာလိန်က ယမန်နှစ်ကကဲ့သို့ပင် ဂျာမန်မြေတွင် အနိုင်ကစားနိုင်မည်ဟု မျှော်လင့်လျှက်ရှိသည်။

"ရလဒ်ကတော့ စိတ်ပျက်စရာပေါ့လေ။ ကျွန်တော်တို့ အနေနဲ့ တစ်ယောက်လျော့သွားတဲ့ အခြေအနေမှာတောင် ကြိုးစားကစားခဲ့ကြတယ်။ (၁-၀)လောက်ပဲ ရှုံးရမယ့် အခြေအနေကနေ နောက်ထပ်တစ်ဂိုး ခွင့်ပြုလိုက်ရတာ တော်တော်ဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်ဟာ စိတ်ဓာတ်ကောင်းကို ပြသနိုင်ခဲ့တယ်။ 

အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ သေချာပေါက် ကျွန်တော် ပြောရဲတယ်။ ဒုတိယအကျော့ ဂျာမန်မြေမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ အစွမ်းကုန် တိုက်ပွဲဝင်နေမှာပါ"ဟု အင်္ဂလန် လက်ရွေးစင် ချိန်ဘာလိန်က ဆိုသည်။

၎င်းက "ကျွန်တော်တို့ကတော့ ပွဲပြီးသွားပြီလို့ ဘယ်တော့မှ တွေးမှာမဟုတ်ဘူး။ ယုံကြည်မှုက ရှိနေတုန်းပဲ။ ကျွန်တော်တို့ လက်တွေ့ လုပ်နိုင်မှာပါ။ ကွင်းထဲမှာသာ (၁၁)ယောက်စလုံး အပြည့်အဝ ရှိနေရင် အခွင့်အရေးကောင်းတွေ ပိုရမှာပေါ့လေ။ ကျွန်တ်ေတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကတော့ တစ်ရာသီလုံးအတွက် မောင်းနှင်အား ဖြစ်လာစေမယ် ထင်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment