Pages

Friday, June 21, 2013

ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်

Photo: ရင်ကွဲတံခါး Open Cab ယာဉ်များကို OSS မှ
တန်ဖိုးသတ်မှတ်ပြီးမှသာ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးမည်
Friday, June 21, 2013

အကောက်ခွန် ဦးစီးဌာနအနေဖြင့် ရင်ကွဲတံခါး Open Cab ယာဉ် များကို OSS မှ တန်ဖိုးသတ်မှတ် ပြီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
OSS မှ တရားဝင်တန်ဖိုး မသတ်မှတ်ရသေးသော ရင်ကွဲတံခါး Open Cab ယာဉ်များကို အကောက်ခွန် ဦးစီးဌာနအနေဖြင့် ယခင်က လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံပြီး ထုတ်ပေးခဲ့သည်။ 

သို့သော် လွန်ခဲ့သည့် နှစ်ပတ်မှစ၍ ထိုကားများကို စိစစ်ပြီး တရားဝင် တန်ဖိုးထုတ်ပြန်ပေးရန် OSS ထံ အကြောင်းကြားထားကြောင်း သိရသည်။
ရင်ကွဲတံခါး Open Cab များ ကို စိစစ်နေခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရင်ကွဲတံခါး Open Cab တွေကို OSS ခွင့်ပြုတဲ့ ဈေးနှုန်းထဲမှာ မပါတဲ့အတွက် စိစစ်နေပြီး ထုတ်ပေးဖို့ ခေတ္တ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်၊ ဒီကားတွေအတွက် OSS က တန်ဖိုးသတ်မှတ်ပြီးရင်တော့ ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်”ဟု ပြော ကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သတ်၍ မော်တော်ယာဉ်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကလည်း “တံခါးနှစ်ပေါက် Single Cab နဲ့ Extra Cab တွေကို လုပ်ငန်းသုံးယာဉ်အဖြစ် အခွန် ၁၃ ရာခိုင်နှုန်း ကောက်ခံပြီး Double Cab တွေကိုတော့ လူစီးယာဉ်အဖြစ် အခွန် ၁၆၅ ရာခိုင်နှုန်း ကောက်ခံနေပါတယ်၊ တံခါးနှစ်ပေါက် Open Cab တွေ Double Cab နဲ့ တန်းတူ အခွန်မကောက်ခံသင့်ဘဲ Single Cab ၊ Extra Cab တွေလို လုပ်ငန်းသုံးယာဉ်အနေနဲ့ပဲ အခွန် ကောက်ခံသင့်ပါတယ်”ဟု ဆိုခဲ့သည်။

Automobile Journal

Friday, June 21, 2013

အကောက်ခွန် ဦးစီးဌာနအနေဖြင့် ရင်ကွဲတံခါး Open Cab ယာဉ် များကို OSS မှ တန်ဖိုးသတ်မှတ် ပြီးမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။OSS မှ တရားဝင်တန်ဖိုး မသတ်မှတ်ရသေးသော ရင်ကွဲတံခါး Open Cab ယာဉ်များကို အကောက်ခွန် ဦးစီးဌာနအနေဖြင့် ယခင်က လုပ်ငန်းသုံးယာဉ်အတိုင်း အခွန်ကောက်ခံပြီး ထုတ်ပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်ပတ်မှစ၍ ထိုကားများကို စိစစ်ပြီး တရားဝင် တန်ဖိုးထုတ်ပြန်ပေးရန် OSS ထံ အ
ကြောင်းကြားထားကြောင်း သိရသည်။

ရင်ကွဲတံခါး Open Cab များ ကို စိစစ်နေခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး
က “ရင်ကွဲတံခါး Open Cab တွေကို OSS ခွင့်ပြုတဲ့ ဈေးနှုန်းထဲမှာ မပါတဲ့အတွက် စိစစ်နေပြီး ထုတ်ပေးဖို့
ခေတ္တ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်၊ ဒီကားတွေအတွက်0SS ကတန်ဖိုးသတ်မှတ်ပြီးရင်တော့ ပြန်လည်ထုတ်
ပေးမှာ ဖြစ်ပါတယ်”ဟု ပြော ကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သတ်၍ မော်တော်ယာဉ်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးကလည်း “တံခါးနှစ်ပေါက် Single Cab နဲ့ Extra Cab တွေကို လုပ်ငန်းသုံးယာဉ်အဖြစ် အခွန် ၁၃ ရာခိုင်နှုန်း ကောက်ခံပြီး Double Cab တွေကို
တော့လူစီးယာဉ်အဖြစ်အခွန် ၁၆၅ ရာခိုင်နှုန်း ကောက်ခံနေပါတယ်၊ တံခါးနှစ်ပေါက် Open Cab တွေ Double
Cab နဲ့ တန်းတူ အခွန်မကောက်ခံသင့်ဘဲ Single Cab ၊ Extra Cab တွေလို လုပ်ငန်းသုံးယာဉ်အနေနဲ့ပဲ အခွန်
ကောက်ခံသင့်ပါတယ်”ဟု ဆိုခဲ့သည်။

Automobile Journal , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment