Pages

Friday, June 21, 2013

လေဖိအားနည်းရပ်ဝန်း 05W(FIVE) အပူပိုင်းမုန်တိုင်း BEBINCA အဖြစ်သို့ ရောက်ရှိလာ

Photo: လေဖိအားနည်းရပ်ဝန်း 05W(FIVE) အပူပိုင်းမုန်တိုင်း BEBINCA အဖြစ်သို့ ရောက်ရှိလာ
Friday, June 21, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) သည် ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာကာ အပြည်ပြည်ဆိုင်ရာအမည် BEBINCA ဟု ပေးထားပြီ ဖြစ်ပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များအရ မုန်တိုင်း BEBINCA သည် ဟောင်ကောင်၏ တောင်ဘက် မိုင် ၄၂ဝ ခန့်၊ ဟိုင်နန်ကျွန်း Haikou မြို့ အရှေ့-အရှေ့တောင်ဘက် ၅၆၅ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင် တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇွန်လ ၂၂ ရက်(စနေနေ့) မြန်မာစံတော်ချိန် ၁၈၃ဝ နာရီမတိုင်မီ တရုတ်နိုင်ငံ Guangdong ပြည်နယ် တောင်ပိုင်းကမ်းခြေအား Zhanjian နှင့် Maoming မြို့ ၂ မြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
ပုံ – ၁ / ပုံ – ၂

Tropical storm “Bebinca,” expected to be the first to make landfall in China this year, should arrive in the southern province of Guangdong on Saturday, the weather bureau said on Friday.

မုန်တိုင်းဖြစ်ပေါ်နေသည့် အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လေတိုက်နှုန်းမြင့်မားလျှက်ရှိနေပါသည်။ လတ်တလောအချိန်တွင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မုတ်သုန်လေအားအလွန်ကောင်းလျှက်ရှိကြောင်းထုတ်ပြန်ကြေငြာထားပါသည်။

မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည့် အခြေအနေရှိနေပါသည်။

05W BEBINCA
21 Jun 2013 0600Z
Location: 18.7 115.5
Winds: 35 knots
Central Pressure: 996 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ သထုံမြို့တွင်(၃.၈၂)လက်မ၊ မအူပင်မြို့တွင်(၂.၉၅)လက်မ၊ ကျိုက်မရောမြို့တွင်(၂.၈၃)လက်မ၊ မြစ်ကြီးနားမြို့တွင်(၂.၆၄)လက်မ၊ ဘီးလင်းမြို့တွင်(၂.၅၆)လက်မနှင့် မချမ်းဘောမြို့တွင်(၂.၄၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

MMweather Page

Friday, June 21, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း05W(FIVE)သည်ပိုမိုအားကောင်း
လာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာကာ အပြည်ပြည်ဆိုင်ရာအမည် BEBINCA ဟု ပေးထားပြီ
 ဖြစ်ပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ မုန်တိုင်း BEBINCA သည် ဟောင်ကောင်၏ တောင်ဘက် မိုင် ၄၂ဝ ခန့်၊ဟိုင်နန်ကျွန်း Haikou မြို့အရှေ့-အရှေ့တောင်ဘက် ၅၆၅ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်
ပြင် မြောက်ပိုင်းတွင် တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇွန်လ ၂၂ ရက်(စနေနေ့
) မြန်မာစံတော်ချိန် ၁၈၃ဝ နာရီမတိုင်မီတရုတ်နိုင်ငံGuangdong ပြည်နယ် တောင်ပိုင်းကမ်းခြေအား Zhanjian
 နှင့် Maoming မြို့ ၂ မြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

Tropical storm “Bebinca,” expected to be the first to make landfall in China this year, should arrive in the southern province of Guangdong on Saturday, the weather bureau said on Friday.

မုန်တိုင်းဖြစ်ပေါ်နေသည့် အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လေတိုက်နှုန်းမြင့်မားလျှက်ရှိနေပါသည်။ လတ်တလောအချိန်တွင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မုတ်သုန်လေအားအ
လွန်ကောင်းလျှက်ရှိကြောင်းထုတ်ပြန်ကြေငြာထားပါသည်။

မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည့် အခြေအနေရှိနေပါ
သည်။

05W BEBINCA
21 Jun 2013 0600Z
Location: 18.7 115.5
Winds: 35 knots
Central Pressure: 996 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်း
ဒေသကြီးတို့တွင် နေရာကွက်ကျား၊မကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်း
ဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးခဲ့ပါသည်။ 
 
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ သထုံမြို့တွင်(၃.၈၂)လက်မ၊ မအူပင်မြို့တွင်(၂.၉၅)လက်မ၊ ကျိုက်မရော
မြို့တွင်(၂.၈၃)လက်မ၊ မြစ်ကြီးနားမြို့တွင်(၂.၆၄)လက်မ၊ ဘီးလင်းမြို့တွင်(၂.၅၆)လက်မနှင့် မချမ်းဘောမြို့
တွင်(၂.၄၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်
သုံလေအားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း
ဒေသကြီးနှင့်ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်
စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသ
ကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေ
ပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်
(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

MMweather Page , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment