Pages

Friday, June 21, 2013

ဟွန်းသံကင်းမဲ့ဇုန်အတွင်း ဟွန်းတီး မောင်းနှင်သောယာဉ်များအား လိုင်စင် ရာသက်ပန် ပိတ်သိမ်းမည်

Photo: ဟွန်းသံကင်းမဲ့ဇုန်အတွင်း ဟွန်းတီး မောင်းနှင်သောယာဉ်များအား လိုင်စင် ရာသက်ပန် ပိတ်သိမ်းမည်
Friday, June 21, 2013

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဟွန်းသံ ကင်းမဲ့ဇုန်အတွင်း ဟွန်းတီးမောင်းနှင်သော ဘတ်စ်ကားများ၊ တက္ကစီများနှင့် မော်တော်ယာဉ်များကို လိုင်စင်ရာ သက်ပန် ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဟွန်းသံကင်းမဲ့ဇုန်၌ ဟွန်းမတီးရဆိုသော်လည်း စည်းကမ်းမဲ့ယာဉ်အချို့သည် လိုက်နာမှုမရှိသဖြင့် သက်ဆိုင်ရာအနေဖြင့် စည်းကမ်း တင်းကြပ်စွာ ချမှတ်ခဲ့ ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဟွန်းသံ ကင်းမဲ့ဇုန်အတွင်း ယာဉ်များကို စည်းကမ်း လိုက်နာစေရန်အတွက် မော်တော်ယာဉ်နှင့် သက်ဆိုင်သော ဌာနဆိုင်ရာများ၊ ဟွန်းသံကင်းမဲ့ ဇုန်အတွင်းရှိ မှတ်တိုင်များ၊ မီးပွိုင့်များ၌ သတိပေးစာများ ကပ်၍ ကြိုတင်အသိပေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယာဉ်စည်းကမ်း ထိန်းသိမ်းကြီး ကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက “အရင်ကလည်း ဟွန်းသံကင်းမဲ့ဇုန်တွေမှာ မော်တော်ယာဉ်တွေ ဟွန်းတီးမောင်းနှင်တာတွေ မလုပ်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်၊ မော်တော်ယာဉ် မောင်းနှင်သူတွေဘက်က စည်းကမ်းလိုက်နာမှု အားနည်းတဲ့အတွက် အခုလို တင်းကြပ်တဲ့ စည်းကမ်းချက်ကို ထပ်မံထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်မှု ကော်မတီအနေဖြင့် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာစေရေးအတွက် နေ့စဉ်နှင့်အမျှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး စည်းကမ်း လိုက်နာမှုမရှိသော ယာဉ်မောင်းများကိုလည်း ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ် ကြောင်း၊ နောက်ထပ်လည်း စည်းကမ်းချက်များ ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။

Automobile Journal

Friday, June 21, 2013

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဟွန်းသံ ကင်းမဲ့ဇုန်အတွင်း ဟွန်းတီး
မောင်းနှင်သော ဘတ်စ်ကားများ၊ တက္ကစီများနှင့် မော်တော်ယာဉ်များကို လိုင်စင်ရာ သက်ပန်ပိတ်သိမ်းသွား
မည်ဖြစ်ကြောင်းသိရသည်။ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက်ဟွန်းသံကင်းမဲ့ဇုန်၌ဟွန်းမတီးရဆိုသော်လည်းစည်းကမ်းမဲ့ယာဉ်
အချို့သည် လိုက်နာမှုမရှိသဖြင့် သက်ဆိုင်ရာအနေဖြင့် စည်းကမ်း တင်းကြပ်စွာ ချမှတ်ခဲ့ ခြင်း ဖြစ်သည်။ 
 
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဟွန်းသံ ကင်းမဲ့ဇုန်အတွင်း ယာဉ်များ
ကို စည်းကမ်း လိုက်နာစေရန်အတွက် မော်တော်ယာဉ်နှင့် သက်ဆိုင်သော ဌာနဆိုင်ရာများ၊ ဟွန်းသံကင်းမဲ့ ဇုန်အတွင်းရှိ မှတ်တိုင်များ၊ မီးပွိုင့်များ၌ သတိပေးစာများ ကပ်၍ ကြိုတင်အသိပေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ယာဉ်စည်းကမ်း ထိန်းသိမ်းကြီး ကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက “အရင်
ကလည်းဟွန်းသံကင်းမဲ့ဇုန်တွေမှာ မော်တော်ယာဉ်တွေဟွန်းတီးမောင်းနှင်တာတွေမလုပ်ဖို့စည်းကမ်းချက်
တွေ ထုတ်ပြန်ထားပါတယ်၊ မော်တော်ယာဉ် မောင်းနှင်သူတွေဘက်က စည်းကမ်းလိုက်နာမှု အားနည်းတဲ့
အတွက် အခုလို တင်းကြပ်တဲ့ စည်းကမ်းချက်ကို ထပ်မံထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်မှု ကော်မတီအနေဖြင့် မော်တော်ယာဉ် မောင်းနှင်သူများအားယာဉ်စည်း
ကမ်း၊ လမ်းစည်း ကမ်းလိုက်နာစေရေးအတွက် နေ့စဉ်နှင့်အမျှ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး စည်း
ကမ်း လိုက်နာမှုမရှိသော ယာဉ်မောင်းများကိုလည်း ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖြစ် ကြောင်း
၊ နောက်ထပ်လည်း စည်းကမ်းချက်များ ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။

Automobile Journal , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment