Pages

Friday, June 21, 2013

ရန်ကုန်အတွက် မန္တလေးမှ ၀ယ်ယူနေရသော တက္ကစီစလစ်များ

Friday, June 21, 2013

တက္ကစီကားစလစ်များကိုရန်ကုန်မြို့အတွက်အဓိက၀ယ်ယူရောင်းချနေရကြောင်း မန္တလေးကားဝယ် ရောင်း

ဈေးကွက်မှသိရသည်။ယခုလတ်တလောတွင်အ ရောင်းအ၀ယ်ဖြစ်နေသည့်တက္ကစီ စလစ်များမှာရန်ကုန်မြို့
မှ ၀ယ်သူ များကို အဓိကထား၍ ရောင်းချနေ ရပြီး တက္ကစီကုမ္ပဏီတချို့ကား တင် သွင်းခွင့် ပိတ်လိုက်သည့်
နောက်ပိုင်း တွင် တက္ကစီစလစ်များမှာ အရောင်းအ၀ယ်ပိုမိုဖြစ်လာသောကြောင့် ဈေးအနည်းငယ် တက်လာ
ကြောင်း ကားစလစ် ၀ယ်ရောင်းလုပ်ကိုင်သူ များက ပြောသည်။
“တက္ကစီစလစ်တွေကို အဓိက ၀ယ်လက်က ရန်ကုန်က လူတွေများ တယ်။ မန္တလေးမှာတော့ တစ်စီးစ နှစ် စီး
စလောက် ရောင်းရပေမယ့် အရမ်း ကြီးတော့ မဟုတ်ဘူး။ မန္တလေးမှာ တက္ကစီ စလစ်ရောင်းမယ့်သူကပေါ တယ်။ ၀ယ်တဲ့သူရှားတယ်” လို့ ၀ယ် ရောင်း ဦးဝင်းမြင့်ဦးကပြောသည်။

ယခင် “ကက” များကို အပ်နှံ၍ ရရှိသော တက္ကစီစလစ်ဈေးနှုန်းမှာ (၆၈) သိန်းဝန်းကျင်တွင်ရှိပြီး (R-) ကား

များကိုအပ်နှံ၍ရရှိသောစလစ် ဈေးနှုန်းမှာသိန်း (၆၀) နှင့် (၆၄)သိန်းကြားတွင် ရှိကြောင်းသိရသည်။”(ကက) 
စလစ်တွေက အသုံး ပြုလို့ရတဲ့အတွက် ရောင်းတဲ့သူလည်း ရှားတော့ ဈေးပိုတယ်}} လို့ ၎င်းင်းက ပြောပြခဲ့
ပါတယ်။ 

လက်ရှိအချိန်တွင် အပ်နှံခွင့်ရထားသော အက္ခရာများမှာ ဈေးမြင့်တက်လျက်ရှိကြောင်း၊ အပ် ကားဈေးနှုန်း
မှာ သိန်း (၁၀၀) ၀န်း ကျင်တွင်ရှိပြီး စလစ်ဈေးနှုန်းမှာ (၁၀၅) သိန်းဝန်းကျင်တွင်ရှိကြောင်း၊ ထပ်မံအပ်နှံခွင့်
ရထားသော (သ) အက္ခရာမှာမူ (၈၄) သိန်းမှ (၈၆) သိန်းကြားတွင်ရှိကြောင်းလည်းသိရ သည်။

“(လ) အပ်နှံခွင့် ပေးထားတာ ကကြာနေပြီဆိုတော့ ကားရှားလာပြီ။ အဲ့ဒီအတွက် ဈေးတက်လာတယ်။ (သ) အပ်ခွင့်ပေးလိုက်ရင်တော့ ဈေး ကျသွားမှာပါ”လို့ ကားဟောင်းရောင်း ၀ယ်ရေးလုပ်ကိုင်သူ ကိုအောင်ဇော်

က ပြောသည်။

Auto World Journal , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment