Pages

Friday, June 21, 2013

မြေနီတူးစဉ် မြေပြိုကျသဖြင့် လူ(၂)ဦး သေဆုံး

Friday, June 21, 2013

ယနေ့ နံနက် ၁၀ နာရီခွဲက သရက်ခရိုင် ကံမမြို့ သားသတ် ကုန်း မြေနီ ကျင်း၌ မြေနီတူးယူစဉ်မြေပြိုကျသဖြင့်လူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ မြေတူးသမားများဖြစ်ကြသောဦးကျော်ဝင်းနှင့် ဦးခင်ဆွေတို့ဖြစ်ပြီး အသက်(၅၀)၀န်းကျင်းခန့် ရှိ ပြီးဒဏ်ရာရသူ(၂)ဦးကိုဆေးရုံသို့ပို့ဆောင် ၍ဆေးကူသမှုပေးထားကြောင်းနှင့်အမည်နာမမသိရ သေးဟုဒေသခံ ဦးတင်ဝင်းမှပြောသည်။

ကံမမြို့အမှတ်(၁)ရန်အောင်မြင်ရပ်ကွက်တွင်ရှိပြီး(၀က်/ကြက်/နွား)များသတ်ရာကုန်းဖြစ်သဖြင့် သားသတ်ကုန်းဟုအမည်တွင်သည့် နေရာတွင်
မြေနီတူးဖော်ပြီး ဆောက်လုပ်ရေးဌာနမှ SAEတစ်ဦးထံရောင်းချထားခြင်းဖြစ်ကြောင်းသိရသည်။

မြေနီတူးရာတွင်ယာဉ်မောင်းနှင်မြေတူးသူ(၅)ဦးပါရှိရာ ယာဉ်မောင်းနှင့်ကျန်(၁)ဦးသာထွက်ပြေးလွတ် မြောက် ခဲ့ ကြောင်းသိရသည်။

ယခုနှစ် မတ်လ ၁၅ ရက်တွင် တစ်ကြီမ်ပြိုကျ၍လူတစ်ဦး သေဆုံးထားသဖြင့် အထွေထွေအုပ်ချုပ်ရေမှူးဌာနမှ မြေနီတူးခွင့်ပိတ်ထားသည်ဟုလည်းသတင်းရရှိသည်။

ဦးမင်း
Popular Myanmar News , RangonNewsDaily
kolatt(PBDN): 21.6.2013

0 comments:

Post a Comment