Pages

Saturday, June 22, 2013

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်

ဇွန်လ ၂၂ ရက် ၂၀၁၃

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အကြို အစည်းအဝေးကို ဇွန် ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေး ကျင်းပနေချိန်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့မှ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့အတူ သတင်းထောက်များကိုလည်း ၀င်ရောက် သတင်းရယူခွင့် မပြုခဲ့ဘဲ ဇွန် ၂၂ ရက် နှင့် ၂၃ ရက်များတွင် ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးများကိုလည်း သတင်းရယူခွင့်ပြုရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဗဟိုကော်မတီ အကြိုအစည်းအဝေးကို နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက ''ကျွန်တော်တို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကို ကျွန်တော်တို့ အနေနဲ့ ပြောခွင့်မရှိပါဘူး။ ပါတီပြန်ကြားရေး တာဝန်ခံ ရှိပါတယ်။ သူတို့ကနေ ထုတ်ပြန်ဖို့ လိုတာရှိရင် ထုတ်ပြန်ပါလိမ့်မယ်။ နောက်ရက်တွေမှာ ဆက်လက် ကျင်းပမယ့် ပါတီအစည်းအဝေး တွေကိုလည်း သတင်းရယူခွင့် ပြုဖို့မရှိပါဘူး။ အစည်းအဝေးတွေ အားလုံးပြီးတဲ့နောက်မှာ လိုအပ်ရင် သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိပါတယ်'' ဟု ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုဆိုင်ရာ သဘောထားများ၊ လာမည့် လွှတ်ေ
တ်ာတွင် ဆွေးနွေး အတည်ပြုမည့် ဥပဒေကြမ်း ၁၃ ခုနှင့် ပတ်သက်သည့် သဘောထားများ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်မည့် သူများကို အဆိုပြုမည့် အစီအစဉ်များ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် တစ်ဦးက ဆွေးနွေးပွဲ မတိုင်မီ ပြောကြားသည်။
Eleven Media , RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment