Pages

Saturday, June 22, 2013

မျက်နှာပြင် ၆.၃ လက်မ ရှိသည့် Samsung Galaxy Mega ပြည်တွင်းသို့ ဝင်ရောက်

Photo: မျက်နှာပြင် ၆.၃ လက်မ ရှိသည့် Samsung Galaxy Mega ပြည်တွင်းသို့ ဝင်ရောက် 
Saturday, June 22, 2013

အမြင့်တွေကို လူအများ စိတ်ဝင်တစား ဝယ်ယူလာကြသည်နှင့်အမျှ အရည်အသွေးမြင့် ဖုန်းများ ပြည်တွင်းဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြောင်း သိရှိရသည်။

ယခုအခါ ပြည်တွင်းဈေးကွက် အတွင်းသို့ 4G LTE ကွန်ယက် အသုံးပြု၍ ရသော Samsung Galaxy Mega 6.3 ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Samsung Galaxy Mega 6.3 မှာ ၂၀၁၃ ခုနှစ် ဧပြီလက စတင် ကြော်ငြာခဲ့သော ဖုန်းတစ်လုံးဖြစ်ပြီး ယခုအချိန်၌ ပြည်တွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ အဆိုပါဖုန်း၏ Screen မှာ ၆.၃ လက်မ ကျယ်ပြန့်ပြီး အင်တာနက် အသုံးပြုလိုသူများနှင့် Screen Size ကြီးကြီး ကြိုက်သူများအတွက် အဆင်ပြေစေသည့် လူများ ကြိုက်နှစ်သက်မည့် ဖုန်းဖြစ်သည်။ Screen ၏ မှန်အမျိုးအစားကတော့ TFT Capacitive Touchscreen အသုံးပြုထားကြောင်း သိရှိရသည်။

အဆိုပါဖုန်း တင်သွင်းလာသည့် Win Mobile မှ တာဝန်ရှိသူ တစ်ဦးမှ "ဒီဖုန်းကို အရင်တုန်းက ဖုန်းဆက်ပြီး မေးထားတဲ့ သူတွေကော၊ ကြိုမှာထားတဲ့သူတွေ ရှိပါတယ်။ ဈေးကွက်ထဲကို ဝင်ရောက်လာတော့ S4 လိုမျိုး အရောင်းသွက်မည့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ငါးသိန်းသုံးထောင်ဆိုတော့ မော် ဒယ်မြင့် ဟန်းဆက်တွေထဲမှာ ဈေးနှုန်းသက်သာတယ်လို့ ပြောလို့ရမယ့်ဖုန်း ဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။ 

အဆိုပါဖုန်းသည် 1.7GHz ရှိသည့် Dual Core Processor ကို အသုံးပြု ထားပြီး RAM 1.5GB ပါဝင်သည့် ဖုန်းတစ်လုံးဖြစ်သည်။ ထိုဖုန်းကို အသုံးပြုမည် ဆိုပါက Mini Sim Card ဖြင့် အသုံးပြုရမည် ဖြစ်သည်။ ထို့အပြင် Storage ပိုင်းမှာလည်း 8GB နှင့် 16GB နှစ်မျိုး ရရှိမည် ဖြစ်သည်။ အဆိုပါဖုန်းနှင့် ပတ်သက်၍ ဖုန်းဝယ်ယူသူ ကိုင်ဝင်းအောင်မှ "အသစ်ထွက်တဲ့ ဖုန်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းပါ။ 4G ရတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ 4G သုံးလို့ မရသေးတော့ သိပ်အသုံးမဝင်ပါဘူး။ ဒါပေမယ့် Screen က အရမ်းကြီးတော့ အသုံးပြုသူတွေ စိတ်ကြိုက် ဖြစ်စေပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ၂၀၁၃ ထုတ် ဖုန်းတွေနဲ့ သိပ်ကွာခြားမ သွားပါ ဘူး" ဟု ပြောကြားသွားခဲ့သည်။ အဆိုပါ Samsung Galaxy Mega 6.3 ၏ ဈေးနှုန်းမှာ ၅၀၃၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ယူလိုပါက Win Mobile အမှတ် (၄၆-၄၈) အေ၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်၊ ဖုန်း- ၀၁ ၅၁၂၆၈၉ တွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။

အောင်ပြည့်အောင်

Yatanarpon

Saturday, June 22, 2013

အမြင့်တွေကို လူအများ စိတ်ဝင်တစား ဝယ်ယူလာကြသည်နှင့်အမျှ အရည်အသွေးမြင့် ဖုန်းများ ပြည်တွင်း
ဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြောင်း သိရှိရသည်။ ယခုအခါ ပြည်တွင်းဈေးကွက် အတွင်းသို့ 4G LTE ကွန်ယက် အသုံးပြု၍ ရသော Samsung Galaxy Mega 6.3 ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Samsung Galaxy Mega 6.3 မှာ ၂၀၁၃ ခုနှစ် ဧပြီလက စ
တင် ကြော်ငြာခဲ့သော ဖုန်းတစ်လုံးဖြစ်ပြီး ယခုအချိန်၌ ပြည်တွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ 
 
အဆိုပါဖုန်း၏ Screen မှာ ၆.၃ လက်မ ကျယ်ပြန့်ပြီး အင်တာနက် အသုံးပြုလိုသူများနှင့် Screen Size ကြီးကြီး ကြိုက်သူများအတွက် အဆင်ပြေစေသည့် လူများ ကြိုက်နှစ်သက်မည့် ဖုန်းဖြစ်သည်။ Screen ၏ မှန်အမျိုး
အစားကတော့ TFT Capacitive Touchscreen အသုံးပြုထားကြောင်း သိရှိရသည်။

အဆိုပါဖုန်း တင်သွင်းလာသည့် Win Mobile မှ တာဝန်ရှိသူ တစ်ဦးမှ "ဒီဖုန်းကို အရင်တုန်းက ဖုန်းဆက်ပြီး
 မေးထားတဲ့ သူတွေကော၊ ကြိုမှာထားတဲ့သူတွေ ရှိပါတယ်။ ဈေးကွက်ထဲကို ဝင်ရောက်လာတော့ S4 လိုမျိုး အရောင်းသွက်မည့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ငါးသိန်းသုံးထောင်ဆိုတော့ မော် ဒယ်မြင့် ဟန်းဆက်တွေထဲမှာ ဈေးနှုန်းသက်သာတယ်လို့ ပြောလို့ရမယ့်ဖုန်း ဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။

အဆိုပါဖုန်းသည် 1.7GHz ရှိသည့် Dual Core Processor ကို အသုံးပြု ထားပြီး RAM 1.5GB ပါဝင်သည့် ဖုန်း
တစ်လုံးဖြစ်သည်။ ထိုဖုန်းကို အသုံးပြုမည် ဆိုပါက Mini Sim Card ဖြင့် အသုံးပြုရမည် ဖြစ်သည်။ ထို့အပြင် Storage ပိုင်းမှာလည်း 8GB နှင့် 16GB နှစ်မျိုး ရရှိမည် ဖြစ်သည်။ အဆိုပါဖုန်းနှင့် ပတ်သက်၍ ဖုန်းဝယ်ယူသူ ကိုင်ဝင်းအောင်မှ "အသစ်ထွက်တဲ့ ဖုန်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းပါ။ 4G ရတယ် ဆိုပေမယ့်
 မြန်မာနိုင်ငံမှာ 4G သုံးလို့ မရသေးတော့ သိပ်အသုံးမဝင်ပါဘူး။ 
 
ဒါပေမယ့် Screen က အရမ်းကြီးတော့ အသုံးပြုသူတွေ စိတ်ကြိုက် ဖြစ်စေပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ၂၀၁၃ ထုတ် ဖုန်းတွေနဲ့ သိပ်ကွာခြားမ သွားပါ ဘူး" ဟု ပြောကြားသွားခဲ့သည်။ အဆိုပါ Samsung Galaxy Mega 6.3 ၏ ဈေးနှုန်းမှာ ၅၀၃၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ယူလိုပါက Win Mobile အမှတ် (၄၆-၄၈) အေ၊ ရှမ်းကုန်း
လမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်၊ ဖုန်း- ၀၁ ၅၁၂၆၈၉ တွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။

အောင်ပြည့်အောင်

Yatanarpon , RangonNewsDaily
kolatt(PBDN): 22.6.2013

0 comments:

Post a Comment